တရုတ်နှင့် မြန်မာမှ စီးပွားရေးစင်္ကြန်လမ်းအတွက် အချက်(၁၅)ချက်ကို သဘောတူလက်မှတ်ရေးထိုး

...

တရုတ်နှင့် မြန်မာမှ စီးပွားရေးစင်္ကြန်လမ်းအတွက် အချက်(၁၅)ချက်ကို သဘောတူလက်မှတ်ရေးထိုး

The Irrawaddy, 06 Jul 2018

URL: https://www.irrawaddy.com/news/burma/china-myanmar-agree-15-point-mou-economic-corridor.html
တရုတ်နှင့် မြန်မာနိုင်ငံမှအရာရှိများသည် တရုတ်ပိုးလမ်းမကြီး၏တစိတ်တပိုင်းအဖြစ် တရုတ်-မြန်မာစီးပွားရေးစင်္ကြန်လမ်းကို တည်ဆောက်ရန်အတွက် အချက်(၁၅)ချက်ပါ နားလည်မှုစာချွန်လွှာကို သဘော တူညီခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးမင်းဇော်ဦးက ပြောသည်။

စင်္ကြန်လမ်းကို တရုတ်ပြည် ယူနန်ပြည်နယ်မှ မန္တလေးသို့ ဖောက်လုပ်မည်ဖြစ်ပြီး အရှေ့ရန်ကုန်မှ အနောက်ကျောက်ဖြူစီးပွားရေးဇုန်အထိ ဖြစ်သည်။

နားလည်မှုစာချွန်လွှာအောက်၌ အစိုးရသည် အခြေခံအဆောက်အအုံများ၊ ထုတ်လုပ်မှုများ၊ စိုက်ပျိုးရေး ၊ သယ်ယူပို့ဆောင်ရေး၊ ပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေး၊ သုတေသနနှင့် နည်းပညာ စသည်တို့ အပါအဝင် ကဏ္ဍအများအပြားတွင် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ ယခုနှစ် မေလအတွင်း နိုင်ငံအတွင်းတွင် ယူအက်စ်ဒေါ်လာ ၂၀.၀၁ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။