ရွေ့လျားဆေးဘက်ဆိုင်ရာအဖွဲ့များမှ ကျေးလက်နေပြည်သူများအား ကျန်းမာရေးဆိုင်ရာပံ့ပိုးမှု ပေးမည်

...

ရွေ့လျားဆေးဘက်ဆိုင်ရာအဖွဲ့များမှ ကျေးလက်နေပြည်သူများအား ကျန်းမာရေးဆိုင်ရာပံ့ပိုးမှု ပေးမည်

Eleven Myanmar, 13 Aug 2018

URL: http://www.elevenmyanmar.com/local/14542
ကျေးလက်နေပြည်သူများ ပိုမိုကောင်းမွန်သော ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုရရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရွေ့လျားဆေးဘက်ဆိုင်ရာအဖွဲ့များ ဖြစ်ပေါ်လာစေရန် စီစဉ်နေသည်။

၂၀၁၄ ခုနှစ် နိုင်ငံတဝန်းသန်းကောင်စာရင်းအရ ပျမ်းမျှသက်တမ်းမှာ ၆၆.၈၈ နှစ်ဖြစ်သည်။ ရေရှည်အကျိုးအတွက် ဝန်ကြီးဌာနသည် အခြားသော ကျန်းမာရေးဆိုင်ရာညွှန်းကိန်းများအကြား နိုင်ငံသားများ၏ ပျမ်းမျှ သက်တမ်း တိုးမြင့်လာစေရန် ရည်ရွယ်သည်။

ဝန်ကြီးဌာနသည် ရွေ့လျားဆေးဘက်ဆိုင်ရာအဖွဲ့တွင် ပါဝင်မည့် ကျန်းမာရေးဝန်ထံများနှင့်အမျိုးအစားများကို အသေးစိတ်ဆွေးနွေးနေပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအမျိုးအစားများ၊ ဆေးဝါးနှင့် ဆေးဘက် ဆိုင်ရာပစ္စည်းများ၊ ကွင်းဆင်းမှုအကြိမ်ရေနှင့် ပစ်မှတ်ထားသည့်နေရာဒေသတို့ပါဝင်သည်။ကျေးလက်ဒေသများကို ပိုမိုလွှမ်းခြုံသမှုပြုနိုင်ရန်အတွက် ဝန်ကြီးဌာနသည် ဝန်ထမ်းများရှိသော ကျေးလက်ကျန်းမာရေး ဌာနများနှင့် ဌာနခွဲများအကြောင်းကို ပြန်လည်သုံးသပ်ပြီးနောက် လိုအပ်သော အကူအညီများကို ပံ့ပိုးပေးမည်ဖြစ်သည်။

ဝန်ကြီးဌာနသည် ကုတင်ငါးရာဆန့်ပြည်သူ့ဆေးရုံတွင် ဆေးဝါးအမျိုးအစားနှင့် သိမ်းဆည့်မှုများအတွက် ကွန်ပျူတာစနစ်ကို မိတ်ဆက်ပေးခဲ့သည်။