တနင်္သာရီဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးရန် ချထားပေးသောမြေများအနက် အမှန်တကယ် စိုက်ပျိုးခြင်းမရှိသည့် မြေဧကတစ်သိန်းကျော်ကို ပြည်လည်သိမ်းယူမည်

Eleven Myanmar, 31 Aug 2018
URL: http://www.elevenmyanmar.com/business/14840
တနင်္သာရီဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးရန် ချထားပေးသည့် မြေများအနက် အမှန်တကယ်စိုက်ပျိုးခြင်းမရှိသောမြေဧက တစ်သိန်းကျော်ကို ပြည်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၉ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ခန့်မှန်းခြေကတော့ ဧက တစ်သိန်းကျော်လောက်ရှိတယ်။ ညှိနှိုင်းမှုတွေက မပြီးပြတ်သေးတော့ ပိုရင်လည်း ပိုသွားမယ်။ ဒီထက်လျော့ရင်လည်း လျော့ကျသွားနိုင်တယ်။ တနင်္သာရီတိုင်းကနေ အားလုံးပြီးပြီဆိုရင် တော့ ဒါကို တိုက်ရိုက်ပြောလို့ရပြီ။ ဟိုဘက်မှာလည်း ညှိနှိုင်းမှုတွေက မပြီးပြတ်သေးဘူးဖြစ်နေတော့ လက်ရှိအနေအထားကတော့၍ ဧကတစ်သိန်းကျော်လောက်ရှိတယ် ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းတင်က ပြောကြားသည်။
ယခင်အစိုးရလက်ထက်က တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားကုမ္ပဏီ ၄ခု၊ နိုင်ငံသားကုမ္ပဏီ ၁ ခု စုစုပေါင်း ကုမ္ပဏီ ၅ ခုကို ခွင့်ပြုပေးထား ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ခွင့်ပြုရာတင် မလေးရှားအခြေစိုက်ကုမ္ပဏီက ၂ ခု၊ ထိုင်းအခြေစိုက် ကုမ္ပဏီက ၁ ခု၊ ကိုရီးယား ကုမ္ပဏီ ၁ခုနှင့် ပြည်တွင်းကုမ္ပဏီ ၁ ခု စုစုပေါင်း ကုမ္ပဏီက ၅ ခုကို ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ဆီအုန်းစိုက်ပျိုးရန် ချထားပေးသည့် မြေဧကမှာ များလွန်းနေသည့်အတွက် အစိုးရသစ်လက်ထက် ၂၀၁၇ ခုနှစ် ၊အောက်တိုဘာလအတွင်းက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြေဧက ၄ သောင်းခန့်သာ အမှန်တကယ် စိုက်ပျိုးထားသည်ကို တွေ့ရှိရပြီး စိုက်ပျိုးခြင်းမရှိသည့် မြေဧကများကို ပြည်လည်သိမ်းယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အမှန်တကယ် မစိုက်ပျိုးသည့် ဆီအုန်းစိုက်ခင်းများအတွက် လျော့ချရမည့်စိုက်ပျိုးဧကများကို MIC က သတ်မှတ်ကာ တင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိစစ်မှုများ ဆောင်ရွက်ကာ တရားဝင်ထုတ်ပြန်သွားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုများအရ လက်ရှိအချိန်အထိ အမှန်တကယ် မစိုက်ပျိုးထားသည့် မြေဧက တစ်သိန်းကျော်အထိတွေ့ရှိခဲ့ပြီး တချို့နေရာတွင် မစိုက်ပျိုးနိုင်သည့် အခက်အခဲများရှိနေသည့်အတွက် ဆက်လက်ညှိနှိုင်းမှုများ ဆောင်ရွက်လျှက်ရှိသည်။ ထိုင်းဒေသကြီးအစိုးရ၏ စစ်ဆေးမှုများ အလုံးစုံပြီးစီးပါက အမှန်တကယ် မစိုက်ပျိုးသည့် မြေဧကများကို ပြည်လည်သိမ်းယူသွားမည်ဖြစ်သည်။