နိုင်ငံတကာအဆင့်မီ သန်းခေါင်စာရင်းဝက်ဘ်ဆိုက် လွှင့်တင်

...

နိုင်ငံတကာအဆင့်မီ သန်းခေါင်စာရင်းဝက်ဘ်ဆိုက် လွှင့်တင်

Eleven Myanmar, 24 Aug 2018

URL: http://www.elevenmyanmar.com/local/14710
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအောက်ရှိ ပြည်သူ့အင်အားဦးစီးဌာနက ၄င်းတို့အသစ်ပြန် လည်ပြင်ဆင်ထားသည့် နိုင်ငံတကာအဆင့်မီသန်းခေါင်စာရင်း ဝက်ဘ်ဆိုက်ကို ပြည်တွင်းပြည်ပမှ လွယ်ကူစွာအသုံးချနိုင်ရန် အတွက် စတင်လွှင့်တင်လိုက်ကြောင်း အဆိုပါဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်ကပြောသည်။

"ပြည်သူ့အင်အားဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်ကို နိုင်ငံတကာအဆင့်မီစေရန်နဲ့ အချက်အလက်အသုံးပြုသူများမှ လူဦးရေဆိုင်ရာသ တင်းအချက်အလက်များကို အလွယ်တကူရယူနိုင်ဖို့အတွက် OneMap Myanmar ရဲ့ အကူအညီဖြင့် အသစ်ပြန်လည်ပြင် ဆင်ခဲ့ပါတယ်" ဟု နေပြည်တော်တွင် သြဂုတ်၂၃ရက်နေ့ကကျင်းပသော ဝက်ဘ်ဆိုက်မိတ်ဆက်ခြင်းအခမ်းအနားတွင် ပြောကြား ခဲ့သည်။

နောက်ဆုံးရသန်းခေါင်းစာရင်းဆိုင်ရာအချက်အလက်များကို www.dop.gov.mm တွင် လေ့လာအသုံးပြုနိုင်သည်။

အဆိုပါဝက်ဘ်ဆိုက်တွင် လွှင့်တင်မည့်အချက်အလက်များ စနစ်တကျရှိစေရန်၊ အချက်အလက်အ သုံးပြုမည့်ပြည်သူများအတွက် ပိုမိုလွယ်ကူစွာရယူအသုံးပြုနိုင်ရန်၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ရန်၊ သ တင်းအချက်အလက်များ လုံခြုံစိတ်ချမှုရှိရန်အတွက် OneMap Myanmar မှတာဝန်ရှိသူများနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နည်းပညာများရယူကာ အသစ်ပြင်ဆင် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သည်။

ပြည်သူ့အင်အားဦးစီးဌာနသည် ၂၀၁၅ခုနှစ်ကတည်းက အွန်လိုင်းတွင် သန်းခေါင်စာရင်းဝက်ဘ်ဆိုက်ကို လွှင့်တင်ခဲ့ပြီးဖြစ်သော် လည်း အသုံးပြုသူများ၏ အကြံပြုချက်များ၊ ဌာန၏လေ့လာတွေ့ရှိချက်များ နှင့်ပေါင်းစပ်ကာ တစ်နှစ်ခန့်အကြာတွင် ထပ်မံမွမ်းမံ လွှင့်တင်နိုင်သည်။

ယခုအကြိမ်သည် တတိယအကြိမ်အဆင့်မြှင့်တင် လွှင့်တင်ခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက် တာညီညီကပြောကြားခဲ့သည်။

ယခုလွှင့်တင်လိုက်သည့်ဝက်ဘ်ဆိုက်တွင် ထိခိုက်လွယ်သော တိုင်းရင်းသားအုပ်စုအချက်အလက် များမှလွဲ၍ ကျန်သည့်အသေး စိတ်အချက်အလက်များ၊ နောက်ဆုံးရှိနေသည့်လူဦးရေစာရင်းများ စသည် ဖြင့်ကြည့်ရှုလေ့လာနိုင်မည်ဟုဆိုသည်။ အထက်ပါအ ချက်များအပြင် သုတေသနသမားများအတွက်လည်း အဆင်ပြေစေရန်အတွက် ၂၀၁၄ သန်းခေါင်စာရင်းအချက်အလက်များ ကိုသာမက ၁၉၇၃ခုနှစ် သန်းခေါင်စာရင်း၊ ၁၉၈၃ခုနှစ်သန်းခေါင်စာရင်း ပါအချက်အလက်များကိုလည်း ထည့်သွင်းထားကြောင်း ၄င်းကပြောသည်။

"ယခင်က ဒီလိုအချက်အလက်တွေ ရရှိဖို့အခွင့်အရေးမရှိတဲ့အတွက် အခြားနိုင်ငံရဲ့အချက်အလက်တွေကို အသုံးပြုခဲ့ရတဲ့အခြေအ နေတွေကို ကျော်လွှားနိုင်စေဖို့ဖြစ်ပါတယ်" ဟု ဦးအေးလွင်ကပြောကြား ခဲ့သည်။