မိုးကုတ်မြို့သို့ နိုင်ငံခြားခရီးသွားများသွားလာခွင့်ကန့်သတ်ထားမှုကို သြဂုတ်လမှစ၍ အမြဲတမ်းလာရောက်လည်ပတ်ခွင့် တရားဝင်ခွင့်ပြုဟု သိရ

...

မိုးကုတ်မြို့သို့ နိုင်ငံခြားခရီးသွားများသွားလာခွင့်ကန့်သတ်ထားမှုကို သြဂုတ်လမှစ၍ အမြဲတမ်းလာရောက်လည်ပတ်ခွင့် တရားဝင်ခွင့်ပြုဟု သိရ

Eleven Myanmar, 24 Aug 2018

URL: http://www.elevenmyanmar.com/tourism/14697
မိုးကတ်မြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ သွားလာခွင့် ကန့်သတ်ပိတ်ပင်ထားမှုကို ယခုသြဂုတ်လမှစ၍ အမြဲတမ်းလာရောက်လည်ပတ်ခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့က တရားဝင်ခွင့်ပြုပေးလိုက်ပြီဖြစ် ကြောင်း မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောကြားသည်။

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များသွားရောက်ခွင့်ကို ယခင်အစိုးရများလက်ထက်မှ လက်ရှိ NLD အစိုးရလက်ထက်အထိ တားမြစ်ကန့်သတ်ထားခဲ့ရာမှ မိုးကုတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသနေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ရည်ရွယ်ကာ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အမြဲတမ်းလာရောက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားခဲ့ခြင်းဖြစ်သည်။ ထိုသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တင်ပြချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့က သြဂုတ်လမှ စတင်ကာ မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားများ အမြဲတမ်း တရား ဝင်သွားလာခွင့်ရရှိရန် ခွင့်ပြုပေးခြင်းဖြစ်ကြောင်းသိရသည်။

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များအနေဖြင့် လာရောက်လည်ပတ်ရာတွင် မိုးကုတ်မြို့ပေါ်၌သာ သွားလာလည်ပတ်ခွင့်ပြုမည်ဖြစ်ပြီး အခြားနေရာဒေသများသို့ သွားရောက်ခွင့်ပြုမည်မဟုတ် ကြောင်း အဆိုပါထုတ်ပြန်ထားသည့်စာအရ သိရသည်။ မိုးကုတ်မြို့သို့လာရောက်ရာတွင် မန္တလေး-မတ္တရာ-မိုးကုတ်ကားလမ်းမှသာ လာရောက်လည်ပတ်ရမည်ဖြစ်ပြီး ပြင်ဦးလွင်-မိုးကုတ်လမ်းမှ လာရောက် လည်ပတ်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။