ဒုံရင်းရှိ ကျေးရွာအုပ်စု (၁၀)ခုတွင် “မိမိကိုယ်ကို ဦးဆောင်နိုင်မှု သင်တန်း” ပြုလုပ်ပေးနေ

...

ဒုံရင်းရှိ ကျေးရွာအုပ်စု (၁၀)ခုတွင် “မိမိကိုယ်ကို ဦးဆောင်နိုင်မှု သင်တန်း” ပြုလုပ်ပေးနေ

Karen Information Center, 04 Oct 2018

URL: https://www.bnionline.net/en/news/personal-leadership-training-provided-ten-village-tracts-under-don-yin-township
ကရင်လူငယ်အစည်းအရုံး-KYO မှ ဦးဆောင်ပြုလုပ်သည့် ̏ မိမိကိုယ်ကို ဦးဆောင်နိုင်မှု သင်တန်း (Personal Leadership Training) " တစ်ရပ်ကို အောက်တိုဘာ ၃ ရက်မှ ၅ ရက်နေ့အထိ ကေအဲန်ယူ-ကရင်အ မျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ ဒုံရင်းမြို့နယ်၊ ကော့မူးနုတ်ကျေးရွာတွင် ဖွင့်လှစ်နေကြောင်း သိရသည်။

KYO နှင့် ဆွေသဟာအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် ၃ ရက်တာ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ သင်တန်း ဆရာတစ်ဦးဖြစ်သူ ဆွေသဟာအဖွဲ့၏ ဦးဆောင်နာယက အတွင်းရေးမှူး စောရေမွန်က ယခု လို ပြောသည်။

၎င်းက “လူငယ်တွေဟာ သူများတွေကို ဦးမဆောင်ခင်မှာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်အောင် အရင်ဆုံး ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို ကိုယ်သိပြီး အောင်မြင်ဖို့အတွက် ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်ရဲ့ ရည် မှန်းချက်အောင်မြင်ဖို့ ဘယ်နည်းလမ်းနဲ့သွားမလဲဆိုတာကို သိရှိနိုင်ဖို့အဓိက ဒီသင်တန်းမှာ ရည်ရွယ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသင်တန်းတွင် မိမိကိုယ်ကို ဦးဆောင်မှု၊ တာဝန်ယူ တာဝန်ခံစိတ်၊ Win-Win solution (သူနိုင်ကိုယ်နိုင်)၊ အပြန်အလှန်နားလည်မှု စသည့် ခေါင်းစဉ်များကို ပို့ချသွားမည်ဖြစ်ကာ ဒုံရင်းမြို့နယ်ရှိ ကျေးရွာ အုပ်စု(၁၀)ခုမှ KYO လူငယ်များနှင့် ကျေးရွာလူငယ်များ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၃၅) ဦး တက်ရောက်နေ ကြောင်း သင်တန်းတာဝန်ရှိသူများက ပြောသည်။

ဒုံရင်းမြို့နယ်၊ ကော့မူးနုတ်ကျေးရွာမှ သင်တန်းသား စောအောင်ဇော်ဦးက “ကျနော်တို့ ဒုံရင်းမြို့နယ်က လူငယ် တွေရဲ့ စိတ်ဓာတ်ကောင်းကောင်းနဲ့ အသိပညာ၊ အတတ်ပညာတိုးတက်မှုတွေရှိဖို့၊ ပေါက် မြောက်အောင်မြင် ဖို့အတွက် ဝိုင်းဝန်းကူညီပေးတဲ့ အနေနဲ့ရော၊ ကျနော်ကိုယ်တိုင်ကလည်း မသိသေးတဲ့ ပညာဗဟုသုတတွေ သိလာဖို့အတွက် ဒီသင်တန်းကို တက်နေတာပါ ” ဟု ပြောသည်။

KYO နှင့် ဆွေသဟာအဖွဲ့ တို့ပူးပေါင်း၍ ယခုလို ̏ မိမိကိုယ်ကို ဦးဆောင်နိုင်မှု သင်တန်း (Personal Leadership Training) "ကို ကရင်ပြည်နယ်ရှိ သံတောင်၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့တွင် ပြုလုပ်ပြီးစီးခဲ့ ပြီးဖြစ်သလို ရှေ့ဆက်၍ ပိုင်ကျုံမြို့နယ်တွင်လည်း ပြုလုပ်သွားဖို့ရှိကြောင်း ဆွေသဟာအဖွဲ့မှ ပြောသည်။