လက်နက်ကိုင်အဖွဲ့များကိုပံ့ပိုးပေးခြင်းသည် ဖက်ဒရယ်စနစ်ဖြစ်ပေါ်စေရန် ကူညီရာရောက်သည်ဟု သုတေသီများက ပြော

...

လက်နက်ကိုင်အဖွဲ့များကိုပံ့ပိုးပေးခြင်းသည် ဖက်ဒရယ်စနစ်ဖြစ်ပေါ်စေရန် ကူညီရာရောက်သည်ဟု သုတေသီများက ပြော

FRONTIER Myanmar, 31 Oct 2018

URL: https://frontiermyanmar.net/en/support-for-ethnic-armed-group-service-provision-will-aid-federalism-say-researchers
အနောက်တိုင်းအလှူရှင်များ အများဆုံးပါဝင်သည့် ပူးတွဲငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့မှ တည်ထောင်ထားသည့်သုတေသနပြုသူများက မြန်မာအစိုးရနှင့် ပံ့ပိုးကူညီပေးသူများသည် တိုင်းရင်းသားအဖွဲ့များမှ လုပ်ကိုင်နေသည့် စာသင်ကျောင်းမှအစ မြေယာပြဿနာများအထိ လုပ်ဆောင်နေသည့် လုပ်ကိုင်ဆောင်ရွက်မှုများကို ပံ့ပိုးကူညီပေးခြင်းသည် အောက်တွင်ဖော်ပြထားသောဖက်ဒရယ်စနစ်တည်ထောင်ခြင်းကို တဖက်တလမ်းကနေပံ့ပိုးပေးခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ရန်ကုန်အခြေစိုက် ပဋိညာဉ်တိုင်ပင်ဆွေးနွေးရေးအဖွဲ့မှ အစီရင်ခံစာတမ်းကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ဝေခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ဒေသများကို ပစ်မှတ်ထားသည်။ အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် ကျန်နေရစ်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရောနှောအုပ်ချုပ်နေသည့် ဒေသများ၏ အုပ်ချုပ်မှုအတွက် ကြားဖြတ်အစိုးရအစီအစဉ်များ စသည်တို့ကို ဖော်ပြထားသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ဖက်ဒရယ်စနစ်အတွင်း အစီရင်ခံစာတွင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း ထင်ရှားသောသူများဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရာ၌ ထပ်တလဲလဲ ဆုတ်ယုတ်မှုများနှင့် တိုးတက်မှုနှေးနေခြင်းသည် နိုင်ငံရေးမပြေလည်မှုအလားအလာများကို ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်တည်ထောင်နိုင်သည့် အထက်ချုပ်ကိုင်မှုမရှိသောစနစ်ကို အသိအမှတ်ပြုရန်အတွက် အာရုံစိုက်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ရာစုနှစ်ဝက်ကြာ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန်အတွက် နိုင်ငံရေးတွင် ကာလကြာရှည်စွာ ကြိုးပမ်းအားထုတ်ခဲ့ကြောင်း စာရေးဆရာများက ပြောခဲ့ပြီး အားလုံး နှင့်ဆိုင်သည့် ကျောင်းအပ်နှံရေးနှင့် ကျန်းမာရေးပြသနာများစသည်တို့အပါအဝင် အစိုးရ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ဆီသို့ ရောက်ရှိအောင်ကူညီနိုင်ကြောင်း ဖော်ပြထားသည်၊ အဘယ့် ကြောင့်ဆိုသော် မြန်မာနိုင်ငံရှိ အဆင်းရဲဆုံးသောသူများသည် အစိုးရထိန်းချုပ်မှုအောက်တွင် မရှိသည့် ဒေသများတွင် နေထိုင်နေကြသောကြောင့်ဖြစ်သည်။

ထို့ပြင် ထိုသို့သောချဉ်းကပ်ဆောင်ရွက်မှုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားပြည်သူလူထုအတွင်း စိုးရိမ်မှုများကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ပြီး ယခင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ များသို့ဝင်ရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပြည်နယ်အတွက် ယာဉ်တစင်းကဲ့သို့ဖြစ်ပြီး ဒေသခံအဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးမှုမရှိခြင်းသည် (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့)အာဏာ ပိုင်များနှင့် တပ်များ နေရာရွှေ့ပြောင်းနေရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဆိုထားသည်။

၂၀၁၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့သည် NCA ရေးထိုးခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် နောက်ထပ် အဖွဲ့နှစ်ဖွဲ့မှ လာရောက်လက်မှတ်ရေးထိုးခဲ့ကာ လက်မှတ်ရေးထိုးထားသည့် ဒေသခံ အဖွဲ့များအတွက် ပညာရေးမှ တရားဥပဒေအထိ နေရာဒေသတလျှောက် တရားဝင် အနှံ့အပြားသွားလာနိုင်သည်။ အဆင့်မြင့်-နိုင်ငံရေးဆွေးနွေးပွဲများနှင့် ဒေသခံစစ်ကြောင်းလှုပ်ရှားမှုများကိုကျော်လွန်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် သိသိသာသာရွေ့ဖို့ မရှိသေးပေ။

ရန်ကုန်၌ အစီရင်ခံစာဖြန့်ချီသည့်နေ့တွင် စာရေးဆရာတစ်ဦးဖြစ်သည့် Mr Tim Schroeder က ရောနှောအုပ်ချုပ်သည့်ဒေသများ၌ အုပ်ချုပ်ရေးကိစ္စရပ်များ - ဥပမာအားဖြင့် မြေယာ၊ အိမ်ခြံမြေနှင့် မူးယစ်ဆေးဝါးစသည်တို့နှင့် ဆက်စပ်နေသောသူများကို ပြည်နယ်အဆင့်လှည့်လည်ကြည့်ရှု့စစ်ဆေးသည့်ကော်မတီများထံ ပုံမှန်လွှဲပြောင်းပေးခဲ့သည်။ စစ်တပ်လွှမ်းမိုးမှုရှိသည့်အဖွဲ့များသည် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့်တိုက်ရိုက်ဆက်စပ်မှုမရှိသည့်ကိစ္စများကို ကိုင်တွယ်ရာတွင် ညံ့ဖျင်းမှုရှိကြောင်း ၎င်းက ပြောခဲ့သည်။

အစီရင်ခံစာထဲတွင် အားလုံးပါဝင်နိုင်သော ပူးတွဲကြားဖြတ်အစီအစဉ်ကော်မတီများကို ဖွဲ့စည်းနိုင်ရန် မျှော်မှန်းထားပြီး ယင်းအား နိုင်ငံတော်အဆင့်၊ ဒေသကြီးအဆင့်များတွင် ဖွဲ့စည်းနိုင်ကြောင်း ဖော်ပြ ထားသည်၊

သို့သော်လည်း စာရေးသူသည် မြန်မာအစိုးရနှင့်တပ်မတော်အတွင်း နိုင်ငံရေးအားနည်းမှုသည် အတားအဆီးတစ်ခုပင်ဖြစ်ကြောင်း ဖော်ပြထားသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကူအညီ ပေးသည့်အဖွဲ့အစည်းများအတွင်း ဆက်ဆံရေးသည် NCA အောက်တွင်သာခွင့်ပြုထားပြီး ယခုအခါ အစိုးရသစ်ကို အကြောင်းမဲ့ကန့်သတ်ထားခြင်းဖြစ်သည်။

သီးသန့်တွေ့ဆုံမေးမြန်းချိန်အတွင်း NCA အရ တိုင်းရင်းသားများပါဝင်သောအုပ်ချုပ်မှုဖွဲ့စည်းပုံများနှင့်ပတ်သတ်၍ နေပြည်တော်၏ တိုက်ရိုက်ညွှန်ကြားမှု မရှိကြောင်း ဒေသကြီးအစိုးရအရာရှိများက ပြောခဲ့သည်။

Schroeder ပြောကြားချက်အရ ပိုမို အခက်အခဲဖြစ်ဖွယ်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများသည် ရောနှောထိန်းချုပ်သည့် ဒေသများတွင် ရှိနေကြသော်လည်း မည်သည့်စင်ပြိုင် အုပ် ချုပ်ရေးဖွဲ့စည်းမှုအသိအမှတ်ပြုမျိုးကိုမဆို တပ်မတော်၏ထိန်းချုပ်မှုအောက်တွင် ချိတ်ဆက်နေမည်သာဖြစ်ကြောင်း တပ်မတော်ဘက်မှညှိနှိုင်းဆွေးနွေးသူများက အခိုင်အမာပြောကြားသည်ဟု Schroeder ကပြောခဲ့သည်။

အုပ်ချုပ်ရေးနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများအပေါ် တပ်မတော်၏ ဆွေးနွေးမှုသည် အမှားအယွင်းများပင်ဖြစ်ကြောင်း Schroeder က ပြောခဲ့သည်။

စာရေးဆရာနောက်တစ်ယောက်ဖြစ်သူ Mr Ashley South က အလှူရှင်များနှင့် အကူအညီပေးရေးအဖွဲ့များသည် NCA လက်မှတ်ရေးထိုးထားသည့်ဒေသများဖြစ်သည့် ကရင်၊ ရှမ်းနှင့် မွန်ပြည်နယ်နှင့် တနင်္သာရီဒေသကြီးတို့တွင် တခါတရံတိုက်ပွဲများဖြစ်သော်လည်း တိုက်ရိုက် ဂရုပြုစောင့်ကြည့်သင့်ပြီး ထိုဒေသများသည် ယခင်များသည်တိုက်ပွဲများဖြစ်ပွားထားပြီးဒေသများဖြစ်ကြောင်း ၎င်းကပြော ခဲ့သည်။

South က မြန်မာနိုင်ငံတောင်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုကူညီလိုသောသူတို့သည် ဖက်ဒရယ်ပြည်ထောင်စုအတွင်း ဒေသ ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်များအတွက် တိုင်းရင်းသားတောင်းဆို ချက်များအား လျစ်လျူရှုခြင်းကို ရှောင်ရှားရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

အဆင့်မြင့်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးရရှိရန် ပြုလုပ်နေသော်လည်း လက်နက်ဖျက်သိမ်းရေးနှင့် ခွဲမထွက်ရေးကိစ္စရပ်များအပေါ် မပြေမလည်ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံးသည် နိုင်ငံရေးဆွေးနွေးပွဲများတွင် ၎င်းတို့ပါဝင်မှုကို ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့ပေးခဲ့သည်။ ညီလာခံကို ယခုလအစောပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး သဘောမတူညီသည့် အချက် များကို မကျော်လွှားနိုင်ခဲ့ကြပေ။