ပြည်ပတင်ပို့မှု ထိပ်ဆုံးမှ ရပ်တည်နေသည့် ကဏ္ဍ ၅ရပ်အတွက် မျှော်လင့်ချက်အလားအလာ

...

ပြည်ပတင်ပို့မှု ထိပ်ဆုံးမှ ရပ်တည်နေသည့် ကဏ္ဍ ၅ရပ်အတွက် မျှော်လင့်ချက်အလားအလာ

Myanmar Times, 13 Nov 2018

URL: https://www.mmtimes.com/news/what-expect-myanmars-top-five-export-sectors.html
မကြာသေးမီက အစိုးရအရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား သီးသန့်တွေ့ဆုံမေးမြန်းထားသည့်အပေါ် အခြေခံ၍ လာမည့်နှစ်၌ မြန်မာနိုင်ငံ၏ပြည်ပတင်ပို့မှုထပ်သီးကဏ္ဍ ၅ရပ်အတွက် ဖွံ့ဖြိုးမှုများနှင့် မျှော်မှန်းထားသည်များကို အောက်ပါအတိုင်းဖော်ပြထားသည်။

ကုန်ထုတ်လုပ်မှုစွမ်းအင်

မကြာသေးမီနှစ်များအတွင်း၌ ထုတ်လုပ်မှုလုပ်ငန်းသည် ပို့ကုန်၊သွင်းကုန်အတွင်း ကွာဟမှုနည်းပါးအောင် ကူညီပေးနေခဲ့သည်။ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းသည် ယူရိုနှင့် ဂျပန်ရှိ အဝတ်အထည်ပြုလုပ်သူ များနှင့် အဝတ်အစားထုတ်လုပ်မှုတွင် ဝယ်လိုအား မြင့်တက်နေသည်။

မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၂.၇ ဘီလီယံတန်ဖိုးရှိ အထည်ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မြန်မာအထည်ချုပ်လုပ်ငန်းအသင်း၏ အဆိုအရသိရသည်။ ယခုနှစ်အတွက် အထည်တင်ပို့မှုသည် နှစ်ဆနီးပါးရှိလာသည်။ ၂၀၁၈ ခုနှစ်၌ အထည်တင်ပို့မှုဝင်ငွေမှာ ဒေါ်လာ ၂.၇ ဘီလီယံဝန်းကျင်ရှိကြောင်း ခန်းမှန်းခဲ့ကြသည်။

သတ္တုတူးဖော်ခြင်းလုပ်ငန်း ကောင်းလာပြီလား

တွင်းထွက်သတ္တုတင်ပို့ခြင်းများသည် ဖေဖော်ဝါရီလတွင် ပြဌာန်းခဲ့သော မြန်မာ့သတ္တုဥပဒေသစ်အရ တိုးတက်ကောင်းမွန်လာရန် အလားအလာရှိနေကြောင်း သဘာဝသံယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန(MONREC)မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသန်းစိုးက Myanmar Times သို့ ပြောခဲ့သည်။

ဥပဒေသစ်သည် နိုင်ငံခြားကုမ္ပဏီများကို အကြီးစားအကွက် ဧက ၅ သိန်းနှင့် အလတ်စားအကွက် ၂၄၇.၁ ဧကအထက်တွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုပေးသည်။

(MONREC)သည် ရွှေနှင့် အခြားသောတန်ဖိုးရှိသည့်သတ္တုများအတွက် အသေးစားသတ္တုတွင်းများ၌ ၄ ဧကအထက် ရင်းနှီးမြှုပ်နှံရန်ခွင့်ပြုပေးမည်ဖြစ်ပြီး အခြားသောသတ္တုတွင်းထွက်များနှင့် စက်မှုကုန်ကြမ်းများ အတွက် ဧက ၁၀ အထက် အကွက်များနှင့် အဖိုးတန်သောကျောက်တုန်းများအတွက် ဧကအကွက် ၂၀ ကိုလည်း ခွင့်ပြုပေးမည်ဖြစ်သည်။

မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းအား ပစ်ပယ်ထားပြီးလား

မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းကဏ္ဍသည် ပြည်ပတင်ပို့မှုအလားအလာအကောင်းဆုံးဖြစ်သည်။ သို့သော်လည်း ယင်းကဏ္ဍသည် မြန်မာနိုင်ငံ၍ အများဆုံးလစ်လျူရှုမှုခံနေရသောကဏ္ဍများထဲတွင် တစ်ခုအပါ အ ဝင်ဖြစ်သည်။

တိုးတက်ရန်အတွက် အဓိက အခက်အခဲများထဲမှတစ်ခုမှာ တိုးချဲ့ရန်နေရာ မရှိသေး၍ဖြစ်သည်။ "တိရစ္ဆာန်မွေးမြူရေးအတွက် မြေနဲ့ပတ်သက်ပြီး လုပ်ငန်းက စည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ လိုအပ်ပါတယ်၊ လျှောက်ထားရာမှာ လွယ်ကူစေဖို့အတွက် ပြည့်စုံတဲ့မူတွေ နှစ်ဖက်စလုံးအတွက်လိုပါတယ်။ အခုအချိန်မှာ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပါပြီ "ဟု Myanmar Feed Industry Association မှ ဒုတိယဥက္ကဌဖြစ်သူ ဒေါ်လှလှသိန်းက ပြောခဲ့သည်။

ငါးဖမ်းခြင်းအတွက် မြေကိစ္စများလည်းရှိနေသေးသည်။ ဥပမာအားဖြင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၌ ငါးမွေးမြူရေးအတွက် ဧက ၁၀၀၀၀ ရှိ ငါးဖမ်းလုပ်ငန်းဇုန်တည်ထောင်ရန် အစီအစဉ်များထားရှိသော် လည်း စိုက်ပျိုးရေးအတွက်မြေကို ငါးမွေးမြူရေးအတွက်ပြောင်းလဲရန်အတွက် ခွင့်ပြုမိန့်ရရှိရန် နှောင့်နှေးနေသည်။ဧရာဝတီတိုင်း၊ မွန်နှင့် တနင်္သာရီတို့တွင် ထိုသို့ ခွင့်ပြုမိန့်နှင့်ဆိုင်သည့်ပြဿနာများကို ရင်ဆိုင် နေရသည်။

စိုက်ပျိုးရေးအား ပံ့ပိုးပေးခြင်း- GAP

စိုက်ပျိုးရေးကဏ္ဍသည် ပို့ကုန်ငွေရရှိမှု သုံးပုံတစ်ပုံမှ လေးပုံတစ်ပုံထိရှိလာသော်လည်း ယူအမ်၏ အစားအစာနှင့်စိုက်ပျိုးရေးအဖွဲ့အစည်း၏ ပြောကြားချက်အရ ဘဏ္ဍာရေးဝန်ကြီးဌာနအချက်အလက်များအပေါ် အခြေခံ၍ ၂၀၁၇-၁၈တွင် ၂၀ရာခိုင်နှုန်းကျော်မျှ ကျဆင်းရန်ရှိကြောင်းသိရသည်။

အကြောင်းမှာ သီးနှံအရည်အသွေးကျဆင်းခြင်းကြောင့်ဖြစ်သည်ဟု မြန်မာ့ဆန်စပါးအသင်း ဒုတိယဥက္ကဌ ဦးစိုးထွန်းကပြောခဲ့သည်။

" တိုင်းပြည်က စိုက်ပျိုးရေးကိုအခြေခံထားတဲ့နိုင်ငံဖြစ်ပြီး ဒါကို ဦးစားပေးလုပ်ဆောင်မယ်ဆိုပြီး အစိုးရက ပြောပေမယ့် သီးနှံဖြန့်ဖြူးပေးတာနဲ့ သီးနှံဖွံ့ဖြိုးမှုစနစ်တွေတိုးတက်ဖို့ အားနည်းချက်တွေရှိနေပါတယ်။ စိုက်ပျိုးထုတ်ကုန်တွေ တိုးတက်ကောင်းမွန်ဖို့အတွက် အစီအစဉ်အကောင်အထည်ဖော်တာတွေ မရှိပါဘူး။ အစိုးရနဲ့ပုဂ္ဂလိကပိုင်းတွေက ဒါကို လုပ်ဆောင်ဖို့အားနည်းနေပါသေးတယ် " ဟု ဦးစိုးထွန်းက ပြောခဲ့ သည်။

လယ်သမားများအတွက် ငွေကြေးပံ့ပိုးမှု ရရှိရန်မှာလည်း အကြီးမားဆုံးပြဿနာတစ်ခုဖြစ်သည်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အောက်တိုဘာလတွင် ထုတ်ပြန်သည့်ကြေငြာချက်ထဲ၌ နိုင်ငံပိုင်မြန်မာ့ စိုက်ပျိုးရေးဖွံ့ဖြိုးရေးဘဏ်သည် လယ်သမားများ၏ထုတ်လုပ်မှုကုန်ကျစရိတ်ကို လွှမ်းခြုံမှုပြုနိုင်ရန်အတွက် တစ်ဧကလျှင် ငွေကျပ် ၅ သောင်းမှ ၁သိန်းအထိ ချေးငွေ ချေးပေးမည်ဖြစ်ပြီး ယမန်နှစ်က တစ်ဧ ကလျှင် ကျပ် ၂ သောင်းမှ ၅သောင်းအထိ ချေးပေးခဲ့သည်။

ကမ်းလွန်ထွက်ကုန်အလားအလာ

ယမန်နှစ်က မြန်မာနိုင်ငံသည် ဓာတ်ငွေ့တင်ပို့မှုတွင် ယူအက်စ်ဒေါ်လာ ၃ ဘီလီယမ်ကျော် ရရှိကြောင်း ဘဏ္ဍရေးဝန်ကြီးဌာန၏ အဆိုအရသိရပြီး မကြာမီ ထပ်မံတိုးလာဖွယ်ရာရှိသည်။

သြဂုတ်လတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ နောင်နှစ်ဝက်ကာလအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ ၃၁ နေရာ-ကုန်းတွင်း ၁၈ နေရာနှင့် ကမ်းလွန်နေရာ ၁၃ နေရာအတွက် မကြာမီ တင်ဒါသစ်ခေါ်ယူမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရည်ရွယ်ချက်မှ ဓာတ်ငွေ့သစ်ထုတ်လုပ်နိုင်ရန်နှင့် ပြည်ပသို့ တင်ပို့နိုင်ရန်ဖြစ်ပြီး ပြည်ပတင်ပို့မှာ ရင်းနှီးမြှုပ်နှံမှု နည်းပါးသည့်အပေါ် ကျဆင်းနေသည်။

မြန်မာနိုင်ငံသည် ယနေ့မှစ၍ ၂၀၁၈-၁၉ တွင် တည်ရှိနေသည့် ဓာတ်ငွေ့ထုတ်လုပ်သည့်နေရာ(ရွှေ၊ ဇောတိက၊ရဲတံခွန်နှင့် ရတနာ) ၄ ခုမှ ဓာတ်ငွေ့ ၆၅၃၃၀၀ သန်း ကုဗပေကို ထုတ်လုပ်နိုင်ရန်မျှော်မှန်းထား ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရသိရသည်။ ဓာတ်ငွေ့အများစုကို အိမ်နီးချင်းနိုင်ငံသို့ တင်ပို့သည်။