ပြည်နယ်ဘတ်ဂျက်လုပ်ငန်းစဉ်အတွက် ကယားပြည်နယ်အစိုးရချပြ

...

ပြည်နယ်ဘတ်ဂျက်လုပ်ငန်းစဉ်အတွက် ကယားပြည်နယ်အစိုးရချပြ

Myanmar Times, 23 Nov 2018

URL: https://www.mmtimes.com/news/kayah-steps-accountability-budget-process.html
အရပ်ဖက်အဖွဲ့အစည်းများ၊ မီဒီယာနှင့်အစိုးရအရာရှိများစသည်ဖြင့် ၇၁ ဦးတက်ရောက်သည့် ၂ ရက်တာ လူထုတိုင်ပင်ဆွေးနွေးပွဲကို ကယားပြည်နယ်အစိုးရမှ ဦးဆောင်ကျင်းပခဲ့သည်။ ကယားပြည်နယ် ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာနမှ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အစိုးရမှ လာမည့်ပြည်နယ်ဘတ်ဂျက်အတွက် ၎င်းတို့၏ဦးစားပေးများကို ရှင်းပြရန်အတွက် အရပ်ဖက်အဖွဲ့အစည်းများကို ပထမဆုံးအကြိမ် ဖိတ်ကြားကာ ရှင်းပြခြင်းဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲကို ကယားပြည်နယ်ဘတ်ဂျက်ညွှန်ကြားရေးမှူးမှ အစပြုဒီဇိုင်းရေးဆွဲခြင်းဖြစ်ပြီး ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုနှင့် လူထုပါဝင်စေရန် အားထုတ်သည့်အနေဖြင့်ပြုလုပ်သည့် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုတစ်ရပ်ဖြစ်သည်။ ပုံမှန်နိုင်ငံသားဆိုင်ရာဘတ်ဂျက်ထုတ်ပြန်ကြေငြာအားနှင့် ဘတ်ဂျက်တတ်မြောက်ရေးသင်တန်းများလည်း ထည့်သွင်းထားသည်။

ဘဏ္ဍာနှစ်သစ်လည်ပတ်မှုအရ အမျိုးသားဘတ်ဂျက်အတွက် အဆိုပြုလွှာများကို ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း မြို့နယ်အဆင့်တွင် စုစည်းထားသင့်ကြောင်း၊ ကယားပြည်နယ်တိုင်ပင်ဆွေးနွေးမှုများမှ အချိန်ကျလာသောအခါ နိုင်ငံသားများအတွက် ဘတ်ဂျတ်အဆိုပြုလွှာများကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းခွင့်ပြုမည်ဖြစ်သည်။

အဆိုပြုလွှာများကို ဘတ်ဂျက်မူကြမ်းတွင် ထည့်သွင်းမည်ဖြစ်ပြီး ပြည်နယ်ဘတ်ဂျက်ဌာနက မေလတွင် ပြန်လည်မွမ်းမံမည်ဖြစ်သည်။