ရန်ကုန်အတွက် ချေးငွေယူရိုသန်း၇၀ကိစ္စ လွှတ်တော်က ထပ်မံစိစစ်လေ့လာမည်

...

ရန်ကုန်အတွက် ချေးငွေယူရိုသန်း၇၀ကိစ္စ လွှတ်တော်က ထပ်မံစိစစ်လေ့လာမည်

Myanmar Times, 27 Nov 2018

URL: https://www.mmtimes.com/news/hluttaw-reviews-eu70m-loan-better-yangon.html
ရန်ကုန်တိုင်းဒေသကြီးအတွင်းဆောင်ရွက်မည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင် စီထံမှချေးငွေယူရိုသန်း၇၀ချေးယူရန်နှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ထပ်မံလေ့လာစိစစ်မည်ဖြစ်သောကြောင့် အတည်ပြု ခြင်းအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်သည်။

အဆိုပါချေးငွေဖြင့်အကောင်အထည်ဖော်မည့် စီမံကိန်းများနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော်ကို ယ်စားလှယ်အချို့က ကန့်ကွက်မှုများရှိနေသည့်အပြင် အချက်အလက်များပိိုမိုသိရှိလိုသော ကြောင့် ထပ်မံစိစစ်လေ့လာမည်ဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က နိုဝင်ဘာ၂၆ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

''မိမိတို့လွှတ်တော်အပိုင်းအနေနဲ့ ထပ်မံစိစစ်လေ့လာသုံးသပ်ဖို့လိုမယ်လို့ သုံးသပ်ရရှိပါတယ်''ဟုပြော ကြားသွားသည်။

သို့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရကဆောင်ရွက်ထားသော ဖြစ်နိုင်ခြေလေ့ လာမှုအစီရင်ခံစာပါ အချက်အလက်များကို ပြည်သူများပိုမိုသိရှိနိုင်ရန်အတွက် အချိန်ပေးပြီးထပ်မံလေ့လာသုံးသပ် သွားမည် ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်စည်ပင်ကိုယ်စား လွှတ်တော်သို့လာရောက်ရှင်းလင်းတင်ပြရသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းကမူ ရန်ကုန်စည်ပင် သည် စီမံကိန်းများဆောင်ရွက်ရာတွင် စီမံကိန် းမှပြန်လည်ရရှိလာမည့်ဝင်ငွေများဖြင့် ပြန်လည်ပေးဆပ်ရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

''ဒီစီမံကိန်းမှာလည်း ပေါ်ထွက် လာမည့်မြေနေရာသစ်များ၊ ယာဉ်ရပ်နားစခန်းများ၊ စီးပွားရေးအဆောက်အအုံများ၊ ဆိုင်ခန်းများကိုရောင်းချခြင်း၊ ငှားရမ်းခြင်း တို့မှ တိုးတက်ရရှိလာသည့်ဝင်ငွေများဖြင့် ပြန်လည် ပေးဆပ်ရန် စီမံဆောင်ရွက်သွား မှာဖြစ်ပါတယ်''ဟုပြောကြားခဲ့သည်။