ကဏ္ဍပေါင်းစုံပါဝင်သည့် အမျိုးသားအာဟာရဖွံ ့ ဖြိုးမှု ငါးနှစ်စီမံကိန်း အမေရိကန်ဒေါ်လာ သန်း ၆၆၀ ကျော် အသုံးပြုဖော်ဆောင်မည်

...

ကဏ္ဍပေါင်းစုံပါဝင်သည့် အမျိုးသားအာဟာရဖွံ ့ ဖြိုးမှု ငါးနှစ်စီမံကိန်း အမေရိကန်ဒေါ်လာ သန်း ၆၆၀ ကျော် အသုံးပြုဖော်ဆောင်မည်

Myanmar Times, 28 Nov 2018

URL: https://www.mmtimes.com/news/ministries-civil-society-groups-back-new-nutrition-plan.html
ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်းကို ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၆၆၀ ကျော် အသုံးပြု၍ အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း ယင်းစီမံ ကိန်း အနှစ်ချုပ်တင်ပြချက်အရ သိရသည်။

အဆိုပါ စီမံကိန်းကို ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ဦးဆောင်ပြီး ဝန်ကြီးဌာနသုံးခု ပါဝင်လုပ်ဆောင် မည်ဖြစ်ကာ စီမံကိန်း နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အာဟာရ ဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုး သားအ ဆင့် ဦးဆောင်ကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ Novotel ဟိုတယ်၌ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သည်။

"ကျန်းမာရေးဌာနတစ်ခုတည်းက လုပ်လို့မရဘူး။ လူကယ် ပြန်၊ စိုက်မွေးဆည်၊ ပညာရေးဝန်ကြီးဌာနတွေနဲ့ပေါင်း လုပ်ရမယ်။ လူသားတွေအတွက် အစာအာဟာရက အရေး ကြီးတယ်။ အခုစီမံကိန်းလုပ် ဆောင်ဖို့ ကော်မတီကို လည်းဖွဲ့ ပြီးပြီ။ ၂၀၁၈ ကနေ ၂၀၂၃ အထိ လုပ်မယ်"ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုသည်။

စီမံကိန်းဖော်ဆောင်ရန် မြန်မာနိုင်ငံအာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဦးဆောင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ငါးနှစ်စီမံကိန်း အတွင်း နှစ်အလိုက် စောင့် ကြည့်မည့်အဖွဲ့များလည်း ထားရှိမည်ဖြစ်သည်။

"အာဟာရချို့တဲ့မှုကို ဗျူဟာမြောက် အားကောင်းကောင်းနဲ့လုပ် ဆောင်ရမယ်။ စီမံကိန်းအရ လုပ်ဆောင်နေတာတွေနဲ့လည်း ချိတ် ဆက်နေတာတွေရှိတယ်။ အာဟာရနဲ့ပတ်သက်ပြီး ကျောင်းနေအရွယ်တွေ ပညာရေးသင်ကြားမှုအပိုင်းမှာ ထည့်သွင်းမယ်။ ကျောင်းကနေပဲ အာဟာရရှိတဲ့နို့တွေ တိုက်ကျွေးတာတွေ လုပ်ဆောင်နေတယ်"ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။

မြန်မာနိုင်ငံ၌ အာဟာရချို့တဲ့မှုကြောင့် ၂၀၁၆ ခုနှစ်တွင် ငါးနှစ် အောက်အရွယ် ကလေး ၁၄ သိန်းကျော် အသက်အရွယ်လိုက်ရှိသင့် သည့် အရပ်အမောင်းမရှိဘဲ ပုညှက်နေဆဲဖြစ်ကာ မူကြိုအရွယ် ကလေးငယ် များတွင်လည်း အာဟာရချို့တဲ့မှုကြောင့် ပိန်လှီမှုနှုန်း ခုနစ်ရာခိုင်နှုန်းအထိ မြင့်မားနေကြောင်း ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း အနှစ်ချုပ် တင်ပြချက်၌ ဖော်ပြထား သည်။

စီမံကိန်းအရ မြန်မာနိုင်ငံရှိ မိခင်နှင့်ကလေးသူငယ်များ၊ အပျိုဖော်ဝင်အရွယ် မိန်းကလေးများတွင်ဖြစ်တတ်သော အာဟာရ ပြဿနာများ လျော့နည်းအောင် ဝန်ကြီးဌာနလေးခုအလိုက် ဖြေရှင်းလုပ်ဆောင် မည်ဖြစ်ပြီး သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အ လိုက် လည်း အာဟာရ ချို့တဲ့မှုလိုအပ်သည်များအား လုပ်ဆောင်မည်ဖြစ်သည်။