လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့မှ တိုက်ပွဲရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဝင်ရောက်ရန် ကမ်းလှမ်း

...

လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့မှ တိုက်ပွဲရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဝင်ရောက်ရန် ကမ်းလှမ်း

The Irrawaddy, 13 Dec 2018

URL: https://www.irrawaddy.com/news/burma/three-armed-groups-offer-stop-fighting-enter-peace-talks.html
ထိုင်းနိုင်ငံ၊ချင်းမိုင် - မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ခရိုင်တွင်ဗုဒ္ဓဟူးနေ့၌ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များနှင့် အစည်းအ ဝေးပြီးနောက် ၎င်းတို့သည် တိုက်ပွဲများရပ်ရန်နှင့် တရားဝင်ညှိနှိုင်းဆွေးနွေးမှုများတွင် ဝင်ရောက်ရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။

တပ်မတော်သည် ထိုသုံးဖွဲ့နှင့်အတူ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ဝင်ရောက်ရန် ဆန္ဒမရှိခဲ့ပေ- ထို(၃)ဖွဲ့မှ ရက္ခိုင်တပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်နှင့် တအန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ ဖြစ်ကြသည်။

တရုတ်မှ ငြိမ်းချမ်းရေးကော်မရှင်နှင့် အဖွဲ့(၃)ဖွဲ့အတွင်း အလွတ်သဘောတွေ့ဆုံနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။ မြန်မာမြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ဖွဲ့မှ အဖွဲ့ဝင်များသည် ယမန်နှစ်မှစ၍ လတိုင်းတွေ့ဆုံခဲ့ကြသည်။

“ရှေ့ဆက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ နိုင်ငံရေးပြဿနာတွေကို ညှိနှိုးဆွေးနွေးမှုတွေကတဆင့် ကျွန်တော်တို့ အဖြေရှာချင်ပါတယ်၊ စစ်ရေးအစား နိုင်ငံရေးနဲ့ဆောင်ရွက်ဖို့ ကျွန်တော်တို့ဆန္ဒရှိ ပါတယ်၊ အောင်မြင်တဲ့ငြိမ်းချမ်းရေးရရှိဖို့ အရင်ဆုံးစစ်ရေးလှုပ်ရှားမှုတွေကိုရပ်ထားရပါမယ်” ဟု အဖွဲ့(၃)ဖွဲ့မှ ဗုဒ္ဓဟူးနေ့အစည်အဝေးပြီးနောက် ပူးတွဲကြေငြာချက်တွင် ဖော်ပြခဲ့သည်။

တပ်မတော်အနေနဲ့လည်း တိုက်ပွဲတွေ ရပ်တန့်ဖို့ ကြိုးစားအားထုတ်မယ်လို့ မျှော်လင့်ကြောင်း ၎င်းတို့က ပြောခဲ့သည်။

ငြိမ်းချမ်းရေးကော်မရှင်က ထိုသတင်းကို ကြိုဆိုခဲ့သည်။

“TNLA ၊ AA နှင့် MNDAA တို့နှင့်အတူ နှစ်ဦးနှစ်ဖက်အပစ်ရပ်သဘောတူညီမှုရရှိဖို့အတွက် ညှိနှိုင်းမှုတွေဆက်လက်လုပ်ဆောင်သွားမှာပါ၊” နိုင်ငံရေးဆွေးနွေးမှုတွေလည်း သူတို့နဲ့အတူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်သည် မကြာသေးမီက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း TNLA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း လက်နက်ကိုင်အဖွဲ့(၂)ဖွဲ့၏ ပြောကြားချက်အရ သိရသည်။