ဂျပန်မှ ကရင်တိုင်းရင်းသားလက်နက်ကိုင်များရှိသည့်ဒေသများတွင် လယ်ယာလုပ်ငန်းသင်တန်းပေးမည်

...

ဂျပန်မှ ကရင်တိုင်းရင်းသားလက်နက်ကိုင်များရှိသည့်ဒေသများတွင် လယ်ယာလုပ်ငန်းသင်တန်းပေးမည်

Myanmar Times, 11 Jan 2019

URL: https://www.mmtimes.com/news/japan-conduct-farm-training-kayin-armed-ethnic-areas.html
ဂျပန်နိပွန်ဖောင်ဒေးရှင်းလက်အောက်ရှိ Peace Win Japan အဖွဲ့သည် ကရင်ပြည်နယ် မြဝတီနှင့် ကော့ကရိတ်မြို့နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လယ်ယာလုပ်ငန်းမှ ဝင်ငွေပိုမိုရရှိစေဖို့ ကူညီပေး ရန်အတွက် စိုက်ပျိုးရေးသင်တန်းပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဌာနဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

“ အဆင့်မြင့်လယ်ယာသုံးပစ္စည်းတွေနဲ့ တန်ဖိုးရှိထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လေ့ကျင့်သင်တန်းပေးမှာပဲဖြစ်ပါတယ်” ဟု သူက တနင်္ဂနွေနေ့က ပြောခဲ့သည်။ ဂျပန်သည် လူထုအခြေစိုက် စိုက်ပျိုးရေးအသက်မွေးမှုတိုးတက်ကောင်းမွန်ရေးစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ယခင်အပတ်၌ ဌာနနှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုဒေသများရှိ ရွာသားများသည် ရာဘာ၊ ဒူးရင်း၊ ပလောပီနမ်နှင့် အသီးအရွက်များကို ထုတ်လုပ်ကြသော်လည်း ယင်းတို့အား ကုန်းကြမ်းများအဖြစ် အနီးဆုံးစျေးတွင် ရောင်းချခဲ့ကြပြီး ဝင်ငွေအနည်းငယ်သာ ရရှိခဲ့ ကြသည်။ သင်တန်းတွင် ၎င်းတို့ဝင်ငွေတိုးလာစေတန်အတွက် စိုက်ပျိုးရေးနည်းပညာအသုံးပြုပုံများကို အလေးပေး သင်တန်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောပြခဲ့သည်။

“ဒီသင်တန်းဟာသူတို့အတွက် တရားမဝင်လမ်းကြောင်းကနေ ရောင်းချနေမယ့်အစား တရားဝင်စိုက်ပျိုးစီးပွားရေးမှာ ဝင်ရောက်ရင်းနှီးနိုင်စေဖို့အတွက် သူတို့ကို စည်းရုံးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်”ဟု သူကပြောခဲ့သည်။ ဒေသသည် တိုက်ပွဲများကြောင်း စိုက်ပျိုးရေးတွင် နောက်ကျကျန်နေခဲ့သော်လည်း ယခုအခါစိုက်ပျိုးရေးတွင် ပြန်လည် အာရုံစိုက်နိုင်ပြီဖြစ်သည်။

“ဒါဟာ ဒီနှစ်မှာ စလုပ်မယ့် နှစ်နှစ်တာစီမံကိန်းပဲဖြစ်ပါတယ် ” ဟု သူကပြောခဲ့သည်။ အောင်မြင်ပါက စီမံကိန်းအား တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်သည်။