ဆန်စပါးကဏ္ဍ ဘေးအန္တရာယ် ကင်းရှင်းရေး အားထုတ်သင့်ဟု ဒု သမ္မတ ပြော

...

ဆန်စပါးကဏ္ဍ ဘေးအန္တရာယ် ကင်းရှင်းရေး အားထုတ်သင့်ဟု ဒု သမ္မတ ပြော

Myanmar Times, 11 Feb 2019

URL: https://www.mmtimes.com/news/vice-president-calls-more-competitive-rice-production.html
မြန်မာ့ ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးလာရန်အတွက် အရည်အသွေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး အပိုင်းကို အဓိက အားထုတ်သင့် ကြောင်း ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူက လုပ်ငန်းရှင်များကို တိုက်တွန်းသည်။

မြန်မာ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် အထွေထွေ ညီလာခံကို ဖေဖော်ဝါရီ ၉ ရက်၊ ၁၀ ရက်တို့၌ မန္တလေး ကွန်ဗင်းရှင်း စင်တာတွင် ကျင်းပခဲ့ရာ အဖွင့် အမှာစကား၌ ယင်းသို့ ပြော ကြားခြင်း ဖြစ်သည်။

မြန်မာ့ ဆန်စပါးသည် အရည်အသွေးပိုင်း အားနည်းချက် ရှိသဖြင့် ပြည်ပ ဈေးကွက်ချဲ့ထွင်ရန် အခက်အခဲရှိခြင်း၊ အခြားနိုင်ငံ ဆန်များ ထက် ဈေးနည်းပါးခြင်း၊ သတ်မှတ် စံချိန်စံညွှန်း မပြည့်မီခြင်း စသည့် အခက် အခဲများကို ရင်ဆိုင်နေရဆဲဖြစ်သည်ဟု မန္တလေးတိုင်း ဝန်ကြီး ချုပ် ဒေါက်တာ ဇော်မြင့်မောင်ကလည်း ပြောဆိုသည်။

အလားတူ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး (Food Safety) ကဏ္ဍတွင် ဆန်စပါး လုပ်ငန်းရှင်များ သာမက တောင်သူများ အထိပါ အသိပညာပေးမှု တွင်တွင်ကျယ်ကျယ်ရှိရန် လိုအပ်ပြီး စိုက်ပျိုး ရေးတွင် သုံးစွဲရမည့် မြေသြဇာနှင့် ဓာတုဆေးဝါးများကို အညွှန်း အတိုင်းသာ အသုံးပြုနိုင်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် သုံးစွဲရန် တားမြစ်ထားသည့် ပိုးသတ်ဆေး ၃၈ မျိုး ရှိပြီး ၎င်းတို့ကို မသုံးစွဲရန်နှင့် တောင်သူများ အနေ ဖြင့် မိမိ အသုံးပြုသည့် စိုက်ပျိုးရေး ဆေးဝါးများနှင့် ပတ်သက်၍ သုံးစွဲရမည့် နည်းစနစ်၊ အ ညွှန်းများကို သေချာသိရှိ နားလည်ပြီး သုံးစွဲမှ သာ ဓာတုဓာတ်ကြွင်း ကျန်ရှိခြင်း ကိစ္စကို ဖြေရှင်းနိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ စိုက်ပျိုးရေးကဏ္ဍ အကြံပေး တဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ခုနှစ်က မြန်မာ့ဆန်သည် ပြည်ပသို့ တန်ချိန် ၃ ဒသမ ၅သန်း တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် အမေရိကန် ဒေါ်လာ သန်း ၁၁၀၀ ကျော် ရရှိခဲ့ကြောင်း မြန်မာ့ ဆန်စပါး အသင်းချုပ်၏ စာရင်း များ အရ သိရသည်။