ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မကြာမီပြန်လည် ပါဝင်နိုင်တော့မည်ဟု KNU ပြော

...

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မကြာမီပြန်လည် ပါဝင်နိုင်တော့မည်ဟု KNU ပြော

Network Media Group, 05 Feb 2019

URL: https://www.bnionline.net/en/news/knu-track-resume-participation-peace-process
ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများနှင့် မကြာမီ တွေ့ဆုံဆွေးနွေးသွားရန်ရှိသည်ဟု ကရင်အမျိုးသား အစည်းအ ရုံး (KNU) က ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လုပ်ဆောင်နေသည့် KNU ကိုယ်စားလှယ်များမှ အဖွဲ့အစည်းအတွင်းရှိ အဖွ့ဲဝင်များအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းမှုများကို လုပ်ဆောင်ပြီး မြောက်သွားပြီဖြစ်သည့်အတွက် အစိုးရနှင့် နိုင်ငံ ရေး ဆွေးနွေးမှုများတွင် ပြန်လည်ပါဝင်တော့မည်ဟု KNU က ပြောသည်။

လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့် တစ်ဆို့နေသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ဖယ်ရှားရန် အတွက် အစိုးရနှင့် အလွတ်သဘော တွေ့ဆုံမှုများကို လုပ် ဆောင်လျက်ရှိပြီး တရားဝင် ဆွေးနွေးပွဲများကို ယာယီဆိုင်းငံ့ ထားသည်။

ပဒိုစောသမိန်ထွန်းက “ကျနော်တို့ မဖျတ်ဘူး NCA ကို လုံးဝမဖျတ်ဘူး ပျက်အောင်လည်း ကျနော်တို့ မလုပ်ဘူး အဲဒါ ဆက်သွား မယ်” ဟုပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် KNU အနေဖြင့် အစိုးရ၊ တပ်မတော်တို့နှင့် NCA စာချုပ်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကွဲလွဲမှုများရှိနေ သည့်အပြင် လုပ်ငန်းပိုင်းဆိုင်ရာ အကောင်အ ထည်ဖော်မှုများတွင်လည်း မတူညီသည့် အမြင်များကြောင့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ တစ်ဆို့နေသည် ဟု သိရသည်။

“ဆက်ဆွေးနွေးရမှာပဲ အဓိပ္ပယ်ဖွင့်ဆိုမှုကတစ်ချက် အကောင်အထည် ဖော်တဲ့နေရာမှာလည်း လိုအပ်တယ်လို့ ထင်တယ်။ သို့သော်လည်းပဲ ကျနော်တို့ အခြေခံ ရည်မှန်းချက်ကတော့ တူတယ်လို့ ပြောလို့ ရပါတယ်။ သို့သော်လည်းပဲ နားလည်မှုထက် အကောင်အထည်ဖော်တဲ့ နေရာမှာသွားချင်တဲ့ အဆင့်မတူတဲ့အပေါ်မှာ ဒီလိုအခက် အခဲရှိလာမယ်။ ဒီမိုကရေစီဖက်ဒရယ် သွားမယ်ဆိုတာ အတူတူ လက်ခံ ကြတာကိုး သို့သော်လည်းပဲ ဘယ်လိုသွားမလဲ ဘယ်အဆင့်လို သွားမလဲဆိုတဲ့အပေါ်မှာ ကိုယ့်ရဲ့ ရပ်တည်ချက် ကိုယ့်ရဲ့အမြင်က မတူဘူး တပ်မတော်ရဲ့ အမြင်က တစ်မျိုးဖြစ်မယ် တိုင်းရင်းသား လက်နက် ကိုင်အမြင်ကလည်း တစ်မျိုးဖြစ်မယ် အစိုးရက မြင်မယ် ပြည်သူလူထုကလည်းမြင်မယ် ဒါကြောင့်အများကြီးရှိနေတာပေါ့နော” ဟု ကရင်မျိုးသား အစည်းအရုံး KNU ဒု- ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြော သည်။