မိဘမဲ့ မြန်မာ ကလေးငယ် ၄၆ ဦးကို ထိုင်းက မှတ်ပုံတင်ပေး

...

မိဘမဲ့ မြန်မာ ကလေးငယ် ၄၆ ဦးကို ထိုင်းက မှတ်ပုံတင်ပေး

The Irrawaddy, 05 Feb 2019

URL: https://www.irrawaddy.com/news/scores-orphaned-migrant-children-granted-thai-id-cards.html
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း နေထိုင်သူများက မွေးဖွားလာပြီး ယခုအခါ မိဘမဲ့ကလေးဂေဟာတွင် နေထိုင်လျှက် ကျောင်း တက်နေကြသူ ကလေးသူငယ် ၄၆ ဦးကို ထိုင်းမှတ်ပုံတင် ကတ်ပြားများ ထုတ်ပေး ခဲ့ကြောင်း Social Action for Children and Women (SAW) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ ကျောင်းသား ၄၆ ဦးစလုံးကို ဖေဖော်ဝါရီလ ၄ ရက်၌ မှတ်ပုံတင် ကတ်ပြား များ ထုတ်ပေးခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာ ပိုင်များက ပြောသည်။

အဆိုပါကလေးသူငယ် ၄၆ ဦးသည် မယ်တော်ဆေးခန်း (သို့မဟုတ်) မဲဆောက်ရှိ ထိုင်းပြည်သူ့ဆေးရုံမှ မွေးစာရင်း ထုတ်ပေးထားသူ ဖြစ်ကြောင်း ပြသနိုင်ခဲ့ကြသည်။ ၎င်းတို့ အဖွဲ့သည် ယင်းကလေးငယ်များ၏ စာရွက်စာတမ်းများ အားလုံးကို ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရန်အတွက် သိမ်းဆည်းထားပေးခဲ့ကြောင်း ဒေါ်အေးအေးမာက ပြောသည်။ ယခင်က ထိုင်းသက်သေခံ ကတ်ပြားမရှိသည့် ရွှေ့ပြောင်း ကလေးသူငယ်များမှာ ထိုင်းနိုင်ငံရှိ စာသင်ကျောင်းများသို့ တက်ရောက်ခွင့် မရှိခဲ့ပေ။ သို့သော် ၂၀၀၈ ခုနှစ်က ထိုင်းအစိုးရက ရွှေ့ပြောင်း ကလေးသူငယ်များအတွက် ယင်းကန့်သတ်ချက်ကို ဖြေ လျှော့ပေးခဲ့သည်။ထိုင်းကျောင်းများတွင် ၅ နှစ်တက်ပြီးသည့် ကလေးများကို ကျောင်းအာဏာပိုင်များက ဒေသခံ ထိုင်း မှတ်ပုံတင် ကတ်ပြား (၁၀ နှစ်သက်တမ်းရှိ ကတ်ပြား) များကို ထုတ်ပေးကြောင်း သူက ရှင်းပြသည်။ အဆိုပါ ကတ်ပြား ရရှိထားသူများသည် နာမကျန်းဖြစ်သည့်အခါ ထိုင်းနိုင်ငံတွင် အခမဲ့ ဆေးဝါးကုသခွင့်ရှိသလို ပညာရေးအတွက်လည်း အခမဲ့သင်ကြားပေးသည်။ ယင်းကလေးငယ်များသည် ချင်းမိုင်မြို့သို့လည်း လေ့လာရေး ခရီးကို လွတ်လပ်စွာ သွားလာနိုင်ကြောင်း ၎င်းက ဆိုသည်။

မှတ်ပုံတင်ရသော အဆိုပါ ကလေးသူငယ် ၄၆ ဦးမှာ အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြားရှိကြပြီး စတုတ္ထတန်းမှ ဒဿမတန်းအထိ တက်နေကြသည်။

နောက်ထပ် ကျောင်းသား ၆ ဦးလည်း မကြာမီ ထိုင်း မှတ်ပုံတင် ကတ်ပြားများ ရရန် မျှော်လင့်ထားကြောင်း သူက ပြောပြသည်။ ကတ်လျှောက်နိုင်သည့် အငယ်ဆုံး အသက်အရွယ်မှာ ၁၀ နှစ်ဖြစ်သည်။