ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပြင်ဆင်ရေး ပူပေါင်းကော်မတီအစည်းအဝေးကျင်းပ

...

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပြင်ဆင်ရေး ပူပေါင်းကော်မတီအစည်းအဝေးကျင်းပ

The Global New Light of Myanmar, 21 Feb 2019

URL: http://www.globalnewlightofmyanmar.com/joint-committee-to-amend-constitution-2008-holds-first-meeting/
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ပထမဆုံးအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဌ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ဒုတိယ ဥက္ကဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ၊ ပူးပေါင်းကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။