ငြိမ်းချမ်းရေး ကော်မရှင်နှင့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိုင်းနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံ

...

ငြိမ်းချမ်းရေး ကော်မရှင်နှင့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိုင်းနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံ

Eleven Myanmar, 10 Mar 2019

URL: https://elevenmyanmar.com/news/upc-meets-ten-eaos-in-thailand
ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ဦးဆောင်သော ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ ထိုင်း နိုင်ငံ၊ ချင်းမိုင်တွင် မတ် ၉ ရက်၌ အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး အဆိုပါ အလွတ်သဘော ဆွေးနွေးပွဲတွင် တစ်ဆို့ နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက် နိုင်ရေးအတွက် နည်းလမ်း ရှာဖွေ တွေ့ရှိခဲ့သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

လက်ရှိရင်ဆိုင်နေရသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့နေမှုအား မည်သို့အဆင်ပြေအောင် ဆောင် ရွက်ကြမည်ဆိုသည်ကို ယခု အလွတ်သဘော တွေ့ ဆုံဆွေးနွေးပွဲတွင် အဓိကနည်းလမ်း ရှားခဲ့ကြသည့် အနေအထားဖြစ်ပြီး အလွတ်သဘော ဖြစ်သည့်အတွက် နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည်ဟု ဗိုလ်မှူး ကြီး စိုင်းငင်းက ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုနည်းလမ်း အသေးစိတ်ကို ပြောမရသော်လည်း နှစ်ဖက်လက်ခံနိုင်သည့် နည်းလမ်းကို ဆွေးနွေးနေသည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။ ငြိမ်းချမ်းရေး ကော်မရှင်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် NCA ပါ ပြဋ္ဌာန်းချက်များကို အောင်မြင်အောင် အကောင်အထည် ဖော်လိုကြောင်း တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တင်ပြခဲ့ ကြပြီး အဆိုပါအချက်သည် NCA အတိုင်း ဆောင်ရွက် မှသာ ရမည်ကို ဆွေးနွေးခဲ့ကြကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ဘက်မှ ဦးလှမောင်ရွှေက ပြောကြားသည်။