ပြည်ပလေကြောင်းလိုင်းများ ဝင်မလာနိုင်သေးသည့် ပြည်တွင်းဈေးကွက်

...

ပြည်ပလေကြောင်းလိုင်းများ ဝင်မလာနိုင်သေးသည့် ပြည်တွင်းဈေးကွက်

Myanmar Times, 07 Mar 2019

URL: https://www.mmtimes.com/news/domestic-airlines-need-mergers-partnerships-sustain.html
ပြည်တွင်းလေကြောင်း ပြေးဆွဲမှုတွင် နိုင်ငံခြားလေကြောင်းလိုင်းကုမ္ပဏီများကို ဝင်ရောက်ခွင့်မပေးခြင်းသည် တရားမျှတသော ယှဉ်ပြိုင်မှုမဟုတ်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအုန်းမောင်က မီဒီယာများကို ယခုရက်ပိုင်း အတွင်း ပြောကြားခဲ့သည်။

"တိုးတက်ချင်ရင်တော့ တရားသော ယှဉ်ပြိုင်မှုနည်းနဲ့ဆို ဘာမဆို ယှဉ်ပြိုင် ရဲရမယ်။ နိုင်ငံသားပဲ ပျံရမယ်၊ နိုင်ငံခြားသားတွေ ဝင်မပျံဘူး ဆိုတော့ နိုင်ငံသားပိုင် လေယာဉ်ပျံတွေ သင့်တင်မျှတတဲ့ ဈေးဖြစ်ရဲ့ လား"ဟု ၎င်းက ပြောသည်။

ပြည်တွင်းလေကြောင်းလိုင်းများတွင် လက်မှတ်ခကြီးမြင့်ခြင်းကြောင့် ခရီး သွားလုပ်ငန်းအပေါ် သက်ရောက်မှုရှိနေသည့်အပေါ် ဝန်ကြီးက ယခုကဲ့သို့ မှတ်ချက်ပေးခြင်းဖြစ်ပြီး တရားမျှတသော ယှဉ်ပြိုင်မှုမရှိသဖြင့် လက်မှတ် ခများ ဈေးကြီးနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

လေယာဉ်ကုမ္ပဏီတစ်ခုအတွက် မြေပြင်လုပ်သားဦးရေ ၅၀ဝ ခန့်လို အပ်ပြီး နိုင်ငံတကာတွင် လေကြောင်းလိုင်းများ ပူးပေါင်းပျံသန်း ပြေးဆွဲနေချိန်တွင် မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များက ကိုယ်ပိုင်သီးသန့် လုပ် ကိုင်နေခြင်းကြောင့် မလိုအပ်သည့် ကုန်ကျစရိတ်များ မြင့်တက်စေသည်ဟု လည်းခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ထောက်ပြပြောဆိုကြသည်။

ထိုကုန်ကျစရိတ်များ လျှော့ချရန်နှင့် ပြည်တွင်းလေကြောင်ကဏ္ဍတွင် ရေရှည်ရပ်တည်ရန် လေကြောင်းလိုင်းများ အကျိုးတူ ပူးပေါင်းပြေးဆွဲသင့်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးက ပြောဆိုထားဖူး သည်။

ဖက်စပ်လုပ်ကိုင်မှုနှင့် ပတ်သက်၍မူ ပြည်ပလေကြောင်းလိုင်းများကို ပြည်တွင်းကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်း၍ ပြေးဆွဲခွင့်ပြု ထားသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဘက်က ပြောဆိုသည်။

အကျိုးတူ ဖက်စပ်ပူးပေါင်းရန် နိုင်ငံတကာ လေကြောင်းလိုင်းများမှ ကြိုးစားမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ပူးပေါင်းပြေး ဆွဲမှုများ ရှိမလာသေးပေ။ ဂျပန်အခြေစိုက် ANA လေကြောင်းလိုင်းက ရွှေသံ လွင် ကုမ္ပဏီအုပ်စုပိုင်Goden Sky World ကုမ္ပဏီနှင့် ပူးပေါင်း၍ ပြည်တွင်းပြေးဆွဲရန် ၂၀၁၆ ခုနှစ်က ကြိုးစားခဲ့သကဲ့သို့ မလေးရှားအခြေစိုက်Air Asiaလေကြောင်း လိုင်းကလည်း အမည်မဖော်လိုသော မြန်မာ ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းပြေးဆွဲရန် ကြိုးစားမှုများရှိခဲ့သည်။ သို့သော် လက်ရှိအချိန် ထိ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။