မြန်မာ့ပညာရေးကဏ္ဍအတွက် ယူရိုငွေ ၂၂၁ သန်းကို ဥရောပသမဂ္ဂမှ ထောက်ပံ့မည်

...

မြန်မာ့ပညာရေးကဏ္ဍအတွက် ယူရိုငွေ ၂၂၁ သန်းကို ဥရောပသမဂ္ဂမှ ထောက်ပံ့မည်

Mizzima, 04 Apr 2019

URL: http://www.mizzima.com/article/european-union-support-education-myanmar-eur-221-million?fbclid=IwAR3rdnniUlNEpcnqeeej1u9vCozS3luxu_abhzBnkBg2RpVECJVtv
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲနိုင်ရေးနှင့် မြန်မာကျောင်းသားများ အဆင်မြင့်ပညာရေး သင်ကြားနိုင်ရန် ရည်ရွယ်ပြီး လာမည့် ၄ နှစ်အတွင်း ယူရိုငွေ ၂၂၁ သန်း (မြန်မာကျပ်ငွေ ၃၈၂ဘီ လီယံကျော်)ကို ဥရောပသမဂ္ဂ မှ ထောက်ပံ့ကူညီသွားမည်ဟု သိရသည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အလယ်တန်း၊ အထက် တန်းပညာရေးနှင့် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး(TVET)တို့ တိုးတက် ကောင်းမွန်လာ ရေး၊ ပြည် သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုတို့အတွက် ပညာရေးဝန်ကြီးဌာန၏ ဘ ဏ္ဍာငွေသို့ ယူရိုငွေ ၁၇၅ သန်း( မြန်မာကျပ်ငွေ ၃၀၀ ဘီလီ ယံကျော်)ကို တိုက်ရိုက်ဘဏ္ဍာအဖြစ် ဥရောပသမဂ္ဂမှ လွှဲပြောင်း ထောက်ပံ့မည်ဖြစ် သည်။

ကျန်ငွေ ယူရို ၄၆ သန်း(မြန်မာကျပ်ငွေ ၈ဝဘီလီယံ)ကို အစိုးရအ နေဖြင့် ဖော်ပြပါကဏ္ဍများ တိုးတက်ကောင်းမွန် လာစေရေး ဆောင်ရွက်နိုင်ရန် နည်းပညာဆိုင်ရာကျွမ်းကျင်ပညာရှင် ပံ့ပိုးနိုင် ရေးအတွက် ခွဲဝေသတ်မှတ်ထားသည်။

ယနေ့ မတ်လ ၂၁ ရက်နေ့က ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍအတွက် ဘဏ္ဍာငွေထောက်ပ့ံမှု အစီအစဉ် တစ်ရပ်ကို တရားဝင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသ မဂ္ဂသံရုံးမှ သံအမတ်ကြီး Mr. Kristian Schmidt ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းတို့ တက်ရောက်ခဲ့ကြသည်။

ကောင်းမွန်သော ပညာရေးစနစ်မှ အဆင့်မီလုပ်သားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အတန်းပြီးမြောက်မှု ရာခိုင်နှုန်း များ တိုးတက်လာစေရေးတို့အတွက် ပညာရေးဝန်ကြီးဌာန၏ အလယ်တန်း၊ အထက်တန်းပညာရေးနှင့် TVET ကဏ္ဍများ၏ သင်ရိုးညွှန်း တမ်းများ၊ သင်ကြားရေး နည်းစနစ်များနှင့် ပညာရည် စစ်ဆေးအကဲဖြတ်စနစ် စသည်တို့ကိုအဆင့်မြှင့်တင်ရေး လုပ်ငန်းများ တွင် ထောက် ပ့ံကူညီသွားမည် ဖြစ်သည်။

ပိုမိုထိရောက်သော ပညာရေး ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးပြည့်မီမှု၊ ပွင့်လင်းမြင် သာမှုနှင့် တာဝန်ခံတာဝန်ယူမှုများ၊ ဘဏ္ဍာငွေ စိစစ်ကြပ်မတ်နည်း စနစ်များ အဆင့်မြှင့်တင်နိုင်ရန်အတွက် လည်း ရည် မှန်းထား သည်ဟု ဥရောပသမဂ္ဂမှ သိရသည်။

အဆိုပါထောက်ပံ့မှုအပြင် တိုင်းရင်းသားနယ်မြေဒေသများ၏ ပညာရေးအတွက် ယူရိုငွေ ၂၀ သန်း(မြန်မာကျပ်ငွေ ၃၅ ဘီလီယံ)ကို ထပ်မံ ပံ့ပိုးမည် ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဒေသအတွက် သင့်လျော်သောပညာရေးဆိုင်ရာ မူဝါဒ ဆွေးနွေးနိုင် ရန်အတွက် ရည်ရွယ်သည်ဟု သိရသည်။