ပြည်နယ်နှင့်တိုင်းများအတွက် ဘဏ္ဍာငွေ ကျပ် ၇၉ ဘီလီယံ ချထားပေးမည်

...

ပြည်နယ်နှင့်တိုင်းများအတွက် ဘဏ္ဍာငွေ ကျပ် ၇၉ ဘီလီယံ ချထားပေးမည်

Myanmar Times, 26 Apr 2019

URL: https://www.mmtimes.com/news/k79b-more-budgeted-regions-states.html
ပြည်ထောင်စုအစိုးရသည် စက်တင်ဘာလတွင် ကုန်ဆုံးမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ကျန်ရှိသည့်လများအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် ရန်ပုံငွေကျပ် ၇၉ ဘီလီယံ ချထားပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင်က ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေး၌ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

သမ္မတကြီးဦးဝင်းမြင့်က ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများအနေဖြင့် ပေးအပ်လာသည့်ရန်ပုံငွေများကို ထိရောက်စွာအသုံးပြုရန်လိုကြောင်း ညွှန်ကြားခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသည် စီမံကိန်းများအရည်အသွေးများကို ကောင်းမွန်မှုရှိစေရန် သေချာဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေကြီးအစိုးရများသည် နောက်ထပ်ရန်ပုံငွေကျပ် ၂၂၄.၇ ဘီလီယံကို တောင်းခံခဲ့သော်လည်း ပြည်ထောင်စုအစိုးရက ကျပ် ၁၂၁.၅၉၇ ဘီလီယံသာချထားပေးရန် သဘောတူခဲ့ကြောင်း ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဌဖြစ်သူ ဒုတိယသမ္မတ ဦး ဟင်နရီဗန်ထီးယူက ဧပြီလ ၉ ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

ဗဟိုအစိုးရက ကနဦးတွင် နောက်ထပ် ကျပ်ငွေ ၃၉ ဘီလီယံချထားပေးရန် ဆုံးဖြတ်ခဲ့သော်လည်း ပိုငွေကျပ် ၄၀ ဘီလီယံကို ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ထပ်ပေါင်းပေးခဲ့သည်။ ပြည်ထောင်စုအစိုးရသည် ယခုနှစ် ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် ၁.၇ ထရီလီယံကို အတည်ပြုပေးခဲ့သည်။

ရှမ်းပြည်နယ်မှ ကျပ် ၂၂၄ ဘီလီယံလက်ခံရရှိပြီး စကိုင်းက ကျပ် ၁၈၂.၄ ဘီလီယံ ရရှိသည်။ ကချင်ပြည်နယ်က ကျပ် ၁၅၈.၃ ဘီလီယံလက်ခံရရှိပြီး ကယားပြည်နယ်က ကျပ် ၅၅ ဘီလီယံ၊ ရန်ကုန်တိုင်းက ကျပ် ၆၂.၆ ဘီလီယံနှင့် ကရင်ပြည်နယ်က ကျပ် ၇၉.၁ ဘီလီယံလက်ခံရရှိသည်။

ပြည်ထောင်စုအစိုးရသည် ယခုနှစ်ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်အောက်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် ငွေကျပ် ၁.၈ ထရီလီယံ ခွဲဝေ ချထားပေးခဲ့သည်။