၂၁ရာစု ပင်လုံညီလာခံအား ဇူလိုင်လနှောင်းပိုင်းတွင် ကျင်းပရန် လျာထား

...

၂၁ရာစု ပင်လုံညီလာခံအား ဇူလိုင်လနှောင်းပိုင်းတွင် ကျင်းပရန် လျာထား

The Irrawaddy, 20 May 2016

URL: http://www.irrawaddy.com/burma/21st-century-panglong-conference-set-late-july.html
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးအတွက် ပင်လုံညီလာခံအား ဇူလိုင်လနှောင်းပိုင်းတွင်
ကျင်းပနိုင်ရန် မျှော်မှန်းထားသည်ဟု နီးစပ်သည့် သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

၂၁ရာစု ပင်လုံညီလာခံ ခေါ်ဆိုနိုင်ရေး ကြိုတင်ပြင်ဆင်မှုပြုလုပ်ရန်အတွက် အစိုးရကော်မတီသည် မြန်မာနိုင်ငံ၏ ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး
ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ဖြစ်သည့် ငြိမ်းချမ်းရေးစာချုပ်ကို ၂၀၁၅ခုနှစ်၌ လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်
ကိုင်အဖွဲ့(၈)ဖွဲ့နှင့်အတူ ကြာသာပတေးနေ့၌ မြန်မာ့ငြိမ်းချမ်းရေးစင်တာရုံးတွင် တွေ့ဆုံခဲ့သည်။

“ကော်မတီက သူတို့အနေနဲ့ ဇူလိုင်လကုန်ပိုင်းလောက်မှာ ညီလာခံ ကျင်းပချင်တယ်လို့ ရှင်းပြပါတယ်” ဟု ပအို့အမျိုးသား လွတ်မြောက်ရေးအ
စည်းအရုံးမှ ဥက္ကဌဖြစ်သူ ခွန်ထွန်းဦးက ဧရာဝတီသို့ ပြောပြခဲ့သည်။

ညီလာခံအတွက် မူဘောင်ကို ယခင်အစိုးရမှ ရေးဆွဲခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှုများအပေါ် မူတည်၍ တည်ဆောက်ရန် မျှော်မှန်းထားသည်ဟု
NCA လက်မှတ်ရေးထိုးသူများက ဆိုလိုက်သည်။ သို့သော်လည်း ကော်မတီသည် NCA လက်မှတ်မထိုးသည့် အဖွဲ့(၁၃)ဖွဲ့ကိုလည်း ညီလာခံအ
တွက် အစီအစဉ်ရေးဆွဲရာတွင် အတူတကွပါဝင် ရေးဆွဲနိုင်ရန်အတွက် ဖိတ်ကြားသွားမည်ဟု NCA လက်မှတ်ရေးထိုးသူများက ပြောကြားခဲ့သည်။