အစိုးရနှင့်(KIO)တို့အကြားလာမည့်နိုဝင်ဘာလဆွေးနွေးခြင်းပြန်လည်စတင်မည်

...

အစိုးရနှင့်(KIO)တို့အကြားလာမည့်နိုဝင်ဘာလဆွေးနွေးခြင်းပြန်လည်စတင်မည်

Mizzima News, 22 Oct 2013

URL: http://www.mizzima.com/mizzima-news/politics/item/10393-government-and-kio-talks-to-reopen-in-november
လွန်ခဲ့သောအောက်တိုဘာလ ၂၁ ရက်နေ့တွင်နှစ်ဘက်ကိုယ်စားလှယ်များဖြစ်သောအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်ကချင်လွတ်လပ်ရေးပါတီတို့လာမည့်နိုဝင်ဘာလ ၃ ရက်နေ့တွင်ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်လည်စတင်မည်ဟုမဇ္စျိမကိုပြောပါသည်။
လူမျိုးစုခေါင်းဆောင်အထက်အရာရှိများက( Laizaconcludes)တွင်ဆွေးနွေးပြီးနောက်ပိုင်း( KIO)နှင့်အစိုးရအကြားမြစ်ကြီးနားမြို့၌ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်လည်စတင်မည်ဟုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးရုံး( MPC) ရှိပြောရေးဆိုခွင့်ရှိသူလှရွှေမောင်ကဆိုပါသည်။
တချိန်တည်းမှာပင်နှစ်ဘက်ရှိနည်းပညာအထောက်အကူပြုအဖွဲ့ကအပစ်ခတ်ရပ်ပဲရေးမူကြမ်းရေးဆွဲရန်နှင့်လာမည့်ဆွေးနွေးပွဲတွင်တင်ပြသွားရန်အတွက်ဖြစ်သည်။
ကျွန်ုပ်တို့ဆောင်ရွက်ရခြင်း၏အဓိကရည်ရွယ်ချက်သည်အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်နှင့်အခြားလူမျိုးစုမှ၎င်းအစီးအဝေးတွင်တက်ရောက်ရန်အတွက်ဖြစ်သည်။ သူတို့ဘက်မှအပစ်ခတ်ရပ်စဲရေးမူကြမ်းကိုလည်းရေးဆွဲမည်ဟုမျှော်လင့်သည်ဟုလှမောင်ရွှေကထည့်ပြောပါသည်။ နိုဝင်ဘာလအတွင်းအပစ်ခတ်ရပ်စဲရေးနှစ်ဖွဲ့ဆွေးနွေးနိုင်မည်ဟုမျှော်လင့်ပါသည်။
အစိုးရနှင့်(KIO)တို့ခိုင်မာသောအချက်(၅)ချက်ဖြင့်အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်အရအသေးစိတ်မဟာဗျူဟာများအပါအဝင်ဒေသအတွင်းအကြမ်းဖက်မှုများလျှော့နည်းရန်နှင့်ဒုက္ခသည်များနှင့်ပြည်တွင်း အိုးမဲ့အိမ်မဲ့စွန့်ပစ်ပြောင်းရွှေ့ရသူများအတွက်ကူညီရန်ဖြစ်သည်။
ကရင်နီတိုးတက်ရေးပါတီ(KNPP)နှင့်အစိုးကိုယ်စားလှယ်များလည်းလာမည့်အေက်တိုဘာလ ၂၂ ရက်နေ့တွင်၎င်းတို့၏စစ်ရေးအရမပြီးဆုံးသေးသောဆွေးနွေးမှုနှင့်တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကိုကယားပြည်နယ်လွိုင်ကော်မြို့တွင်ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
အစိုးရနှင့်ရင်နီတိုးတက်ရေးပါတီ(KNPP)တို့သည် ၁) ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးခြင်းနှင့် ၂) ပြည်ထောင်စုအဆင့်ဆွေးနွေးခြင်းများကိုလက်ရှိတရားဝင်လက်မှတ်ထိုးခြင်းမရှိသေးပါ။