ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်တိုင်ရင်းသားရေးရာဝန်ကြီးများပါဝင်လာမည်

...

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်တိုင်ရင်းသားရေးရာဝန်ကြီးများပါဝင်လာမည်

Mizzima News, 21 Oct 2013

URL: http://www.mizzima.com/mizzima-news/ethnic-issues/item/10379-ethnic-affairs-ministers-to-join-peace-making-work-committee
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီအကောင်အထည်ဖေါ်ဆောင်ရွက်နေသောငြိမ်းချမ်းရေးလုပ်ငန်းများတွင်တိုင်းရင်းသားဝန်ကြီးများပါဝင်ဆောင်ရွက်ခွင့်ရရှိနိုင်မည်ဟုကော်မတီဥက္ကဌ္ဌပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကကတိပေးခဲ့ကြောင်းတိုင်းရင်းသားဝန်ကြီးများကပြောပါသည်။
ပြည်ထောင်စုဝန်ကြီးဦးေအာင်မင်းကယင်းသို့ပြောကြားခြင်းမှာတိုင်းရင်းသားရေးရာဝန်ကြီးများနှင့်အောက်တိုဘာလ ၁၈ ရက်တွင်နေပြည်တော်ရှိသမ္မတရုံးစီးအဝေးခန်းမတွင်တွေ့စုံကျိန်ကဖြစ်သည်။
အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတနိုင်ငံလုံးအတိုင်းအတာဖြင့်ငြိမ်းချမ်းရေးဖေါ်ဆောင်ခြင်းနှင့်အပစ်ခတ်ရပ်စဲရေးတွင်တိုင်းရငသားရေးရာဝန်ကြီးများ၏ပါဝင်မှုအခန္းက႑မှေးမှိန်လျက်ရှိသည့်အတွက်တိုင်းရင်းသားဝန်ကြီးများကဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ဆွေးနွေးခြင်းနှင့်ပတ်သက်ပြီးကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကျော်သိန်းက“ပြည်နယ်တစ်ခုလုံးကတိုင်းရင်းသားတွေကိုယ်စားပြုထားတဲ့တိုင်းရင်းသားဝန်ကြီးတွေကိုတာဝန်ခွဲဝေပေးထားမယ်ဆိုရင်ငြိမ်းချမ်းရေးရလဒ်တွေပိုပြီးအောင်မြင်မှုရလာမှာပါ” ဟုပြောသည်။
ယင်းအပြင်တိုင်းရင်းသားများပါဝင်သောညီလာခံကိုကျင်းပရန်လည်းစီစဥ္နေရာအဆိုပါညီလာခံတွင်အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကောင်မတီ၏အခန်း က႑၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အခန်း က႑၊ တိုင်းရင်းသားပါတီများ၏အခန်းက႑များအတွက်ဆွေးနွေးသွားမည်ဖြစ်သည်ဟုလည်းတိုင်းရင်းသားရေးရာဝန်ကြီးများကလည်းပြောပါသည်။
ယင်းညီလာခံတွင်ပါဝင်မူဘောင်များကိုဧပြီလအတွင်းပြုလုပ်ရေးဆွဲရန်တိုင်းနှင့်ပြည်နယ်အသီးသီးရှိတိုင်းရင်းသားရေးရာဝန်ကြီးများကိုတာဝန်ခွဲဝေပေးသွားမည်ဟုလည်းဦးအောင်မင်းကပြောကြားခဲ့သည်ဟုဆွေးနွေးပွဲတက်ရောက်သူမွန်တိုင်းရင်းသားရေးရာဝန်ကြီးနိုင်ချစ်ဦးကပြောပါသည်။
၎င်းက“အပစ်ခတ်ရပ်စဲရေးအကောင်အထည်ဖော်တဲ့အခန်းက႑မှာတိုင်းရင်းသားရေးရာဝန်ကြီးတွေကိုပါဝင်ခွင့်ပြုမယ်လို့ဦးအောင်မင်းဘက်ကကတိပေးခဲ့တယ်။ ဒုတိယပင်လုံညီလာခံမှာဆွေးနွေးသွားဖို့အတွက်မူဘောင်တွေကိုတိုင်းရင်းသားရေးရာဝန်ကြီးများဆီကအကြံပေးချက်တွေကိုရယူသွားမယ်လို့ပြောထားထယ်” ဟုပြောပါသည်။
အဆိုပါဆွေးနွေးပွဲသို့သမ္မရုံးဝန်ကြီးဦးလှထွန်း၊ ဦးအောင်မင်းနှင့်အခြားတာဝန်ရှိသူများနှင့်တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးတက်ရောက်ခဲ့ပါသည်။