ထိုင်းနှင့်မြန်မာဗီဇာမလိုဘဲအပြန်အလှန်သွားနိုင်ရန်လာမည့်လအတွင်းသဘောတူညီမှုလက်မှတ်ထိုး

...

ထိုင်းနှင့်မြန်မာဗီဇာမလိုဘဲအပြန်အလှန်သွားနိုင်ရန်လာမည့်လအတွင်းသဘောတူညီမှုလက်မှတ်ထိုး

Bangkok Post, 25 Oct 2013

URL: http://www.bangkokpost.com/business/tourism/376360/thailand-myanmar-visa-free-agreement-expected-to-sign-next-month
ထိုင်းနှင့်မြန်မာလာမည့်လအတွင်းဗီဇာလွတ်ငြိမ်းခွင့်လက်မှတ်ထိုးနိုင်မည်ဟုဝန်ကြီးချုပ်(Yingluck Shinawatra)မြန်မာနိုင်ငံသွားရောက်ခဲ့တုံးကသဘေသာတူညီ ခဲ့သည်ဟုမြန်မာနိုင်ငံခြားရေးဝနကြီးကတရားဝင်ပြောကြားခဲ့ပသည်။
ကျွန်ုပ်တို့ပထမတွင်လက်မှတ်ထိုးပြီးထိုင်းအစိုးရကအတည်ပြုရမည်ဖြစ်သည်။ မည်သည့်အချိန်တွင်လက်မှတ်ထိုးမည်ကိုအတိအကျမသိရသေးပါ။ သို့သော်လာမည့် လအတွင်းထိုင်းဝန်ကြီးချုပ်မြန်မာနိုင်ငံကိုလာသောအချိန်ဖြစ်နိုင်မည်ဟုကျွန်ုပ်တို့မျှော်လင့်ပါသည်။ မြန်မာနိုင်ငံအာရှရေးရာဌ္ဌာနဒုတိယညွန်ကြားရေးမှူးအောင်ထူး ကမြန်မာတိုင်း(မ်)သတင်းကိုပြောခဲ့ပါသည်။
၎င်းသဘောတူညီချက်သည်ထိုင်းဝန်ကြီးအဖွဲ့ကလွန်ခဲ့သည့်အင်္ဂါနေ့တွင်အတည်ပြုခဲ့ပြီးထိုင်းနှင့်မြန်မာခရီးသည်အပြန်အလှန်ဗီဇာမလိုဘဲ(၁၄)ရက်အတွင်းလေကြောင်းဖြင့်သွားလာပါကထိုင်းနိုင်ငံအတွင်းလေဆိတတ်(၂၃)ခုတွင်သွားလာနိုင်သည်။ ကုန်းဖြင့်နယ်စပ်ဖြတ်သန်းလာခြင်းအတွက်မပါဝင်ပါ။
မြန်မာသည်အရှေ့တောင်အာရှနိုင်ငံများအသင်းအဖွဲ့ထဲမှပထမဆုံး နိုင်ငံဖြစ်သည့်ထိုင်းခရီးသည်များအတွက်တိုတောင်းသောအချိန်ကာလသွားလည်ရန်တွင် ဗီဇာမလိုဘဲသွားလာနိုင်သောနိုင်ငံတနိုင်ငံဖြစ်သည်။
ထိုင်နိုင်ငံခြားရေးဝန်ကြီးကအစိုးရကိုစားပြုသဘောတူညီချက်ဖြင့်မြန်မာနိုင်ငံနှင့်လက်မှတ်ထိုးရန်အလားအလာရှိသည်။
အောက်တိုဘာလ ၂၆ ရက်နေ့သဘောတူညီချက်သက်ရောက်မှုအရမြန်မာနိုင်ငံသားများနှင့်ဘီယက်နန်နိုင်ငံသားများတနိုင်ငံနှင့်တနိုင်ငံအကြားဗီဇာမလိုဘဲအပြန် အလှန် သွားလာနိုင်မည်ဖြစ်သည်။
ကျွနု်ပ်တို့သည်ဖီလီပိုင်နိုင်ငံနှင့်လည်းညှိနှိုင်းတိုင်ပေနေဆဲဖြစ်ပြီးမကြာသောအချိန်ကာလအတွင်းသဘောတူညီမှုတစုံတရာရှိနိုင်မည်မျှော်လင့်ပါသည်။
ဗီဇာမလိုဘဲအပြန်အလှန်သွားလာနိုင်မည့်အစီအစဥ္သည်ထိုင်းနှင့်မြန်မာနိုင်ငံနှစ်နိုင်ငံသာဖြစ်ပြီးထိုင်းလေဆိတ်(၂၃)ခုဖြစ်သောဆူဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်၊ ဟာဒ်ယိုင်၊ ဖူးခက်၊နန်း၊ ဖိစနုလွတ်(ခ်)၊ နခွန်ရာဒ်ချစီမာ၊ အွန်ဒွန်ဌာနီ၊ အူဘွန်ရာဒ်ချဌ္ဌာနီ၊ ကရဘီ၊ တရန်(င်)၊ နာရာသီဝါဒ်၊ ရနောင်း၊ ဆူရာဒ်ဌ္ဌာနီ၊ ဟွေဟင်၊ ဆမွီ၊ ဆူဂိုထိုင်းနှင့်ဥတဖောင်(ဝ်)လေဆိတ်တို့ဖြစ်သည်။
ဗီဇာမလိုဘဲအပြန်အလှန်သွားလာနိုင်ခွင့်သည်ထိုင်း(သို့)မြန်မာနှစ်နိုင်ငံစလုံးစိမ်ခေါ်မှုတရပ်ဖြစ်ခဲ့သည်။ သို့သော်သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဌ္ဌာနသို့ ၆၀ ရက်ကြိုတင်အသိပေးထားရသည်မှာဖြစ်သည်။
ကျန်းမာရေး(သို့)လုံခြုံရေးအရတွင်လည်းစိန်ခေါ်မှုတစုံတရာဖြစ်လာနိုင်သည်။ ထိုင်းအစိုးရဘက်ကထွက်ဆိုချက်အရ ၁၅ ရက်အတွင်းအကြောင်းကြားခဲ့ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည်ထိုင်းခရီးသည်များအတွက်ကေယာ်ကြားသောဦးတည်သွားရေမက်သည့်နေရာအဖြစ်ဝင်ရန်အတွက်လတ်တလောဗီဇာတင်ထားသောသူများဖြစ်သည်။
ထိုင်းအပြည်ပြည်ဆိုင်ရာလေဆိတ်၊ ရန်ကုန်သု့သွားရန်ထိုင်းအဲအာရှနှင့်ဘန်ကောက်လေဆိတ်၊ ဘန်ကောက်မှနေပြည်တော်နှင့်မန္တလေးလေဆိတ်တို့ဖြစ်သည်။ နို့(ခ်)အဲ(Nok Air)လည်းမဲဆောက်မှရန်ကုန်မှ နှင့်မော်လမြိုင်သို့ပုံမှန်သွားလာနေပါသည်။ လာမည့်နိုဝင်ဘာလ ၁ ရက်နေ့တွင်ရန်ကုန်သို့စတင်သွားမည်ဖြစ်သည်။