တိုင်း​ရင်းသားအားလုံးထဲကတဖွဲ့တည်းကိုသာတနိုင်ငံလုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေးလက်​မ​မ​ထိုး​

...

တိုင်း​ရင်းသားအားလုံးထဲကတဖွဲ့တည်းကိုသာတနိုင်ငံလုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေးလက်​မ​မ​ထိုး​

Irrawaddy News, 03 Nov 2013

URL: http://www.irrawaddy.org/burma/ethnic-reach-sign-agreement-sign.html
ကချင်ပြည်နယ်လိုင်ဇာအပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲတွင်တက်ရောက်လာသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၇)ဖွဲ့တူညီမှုလက်မှတ်ကိုလွန်ခဲ့သောစနေနေ့ကရေးထိုးခဲ့ပါသည်။(RCSS)တဖွဲ့တည်းကိုသာလက်မှတ်မရေးထိုး သေးပါ။(UNFC)အတွေးရေးမှူးချုပ်နိုင်ဟောင််စန်ကဤသဘောတူညီမှုလက်မှတ်ရေးထိုးရန်တွင်လက်မှတ်မထိုးသေးသောအဖွဲ့များက၎င်းတို့၏ခေါင်းဆောင်များနှင့်ပြန်တိုင်ပင်ပြီးအကြံအဥဏ်ရယူရန်အတွက်ဖြစ်သည်။သို့သော် သူတို့သည်ယင်းသဘောတူညီမှုကိုလက်ခံနိုင်သည်ဟုဆိုပါသည်။(RCSS)မှပြောခွင့်ရှိသူဗိုလ်မှူးကြီးစိုင်လှက၎င်းသဘောတူညီမှုကိုလက်မှတ်ထိုးရန်အတွက်အဖွဲ့ကရှမ်းပြည်နယ်နိုင်ငံရေးအဖွဲ့ နှင့်လူထုအကျိုးပြုအခြေခံလူမှုအဖွဲ့ အစည်းများမှအကြံအဥဏ်ရရှိရန်နှင့်တိုင်ပင်ဆွေးနွေးရန်အတွက်အချိန်လိုနေသည်ဟုပြောပါသည်။
ချင်း(CNF)မှပြောရေးဆိုခွင့်ရှိသူဆလိုင်းလျန်မှုန်းဆားခေါင်ကအစိုးရနှင့်တနိုင်ငံလုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးရန်တွင်တိုင်းရင်းလူမျိုးစုများနှင့်ပတ်သက်သောနိုင်ငံရေးဆွေးနွေးမှုကိုအကြံအဥဏ်ရယူပြီးနိုင် ငံတော်ထံသို့တောင်းဆိုလာသောမိမိဒေသအတွင်းကိုယ်ပိုအုပ်ချုပ်မှုစနစ်ရရှိရန်အတွက်ဖြစ်သည်။
ကချင်ပြည်နယ်မြစ်ကြီးနား၌ကျင်းပသောလိုင်ဇာသဘောတူညီမှုသည်လူမျိုးစုကော်မတီမှအစိုးရငြိမ်းချမ်းရေးကော်မတီထံသို့တင်ပြသွားမည်ဟုနိုင်ဟောင်စန်ပြောပါသည်။
လိုင်ဇာသဘောတူညီမှုတွင်အစိုးရမှတင်ပြလာသောတနိုင်ငံလုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေးစီမံကိန်းသည်နှစ်မကုန်ဆုံးမှီကျင်းပသွားမည်ဖြစ်သည်။သို့သော်နေပြည်တော်မှထောက်ခံမှုပြုပါကအားလုံးပါဝင်သောနိုင်ငံရေး ဆွေးနွေးမှုအားဒီနှစ်မကုန်ခင်အတွင်းကျင်းပသွားမည်ဖြစ်သည်။