အပစ်ခတ်ရပ်စဲရေးနောက်ဆက်တွဲအဖြစ်(တွင်)နိုင်ငံရေးဆွေးနွေးမှုဆက်လက်ဆောင်ရွက်မည်ဟုအစိုးရကကဓိပေး

...

အပစ်ခတ်ရပ်စဲရေးနောက်ဆက်တွဲအဖြစ်(တွင်)နိုင်ငံရေးဆွေးနွေးမှုဆက်လက်ဆောင်ရွက်မည်ဟုအစိုးရကကဓိပေး

Radio Free Asia, 01 Nov 2013

URL: http://www.rfa.org/english/news/myanmar/pledge-11012013164729.html
လူမျိုးစုများ၏နိုင်ငံရေးအရစိုးရိမ်ပူပန်မှုများကိုတနိုင်ငံလုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေးပြုလုပ်ပြီးနောက်ပိုင်းတွင်ဆက်လက်ဆောင်ရွက်မည်ဟုသမ္မတဦးသိန်းစိန်ကလူမျိုးစုလက်နက်ကိုင်အဖွဲ့များနှင့်အတည်ပြုပြောဆိုလာခဲ့ပါသည်။ကချင်ပြည်နယ်၌ကျင်းပသောဆွေးနွေးမှုအတွင်းတွင်၎င်းသဘောတူညီချက်ကိုအတည်ပြုရန်အတွက်မေမျှာ်လင့်ပါသည်။
ရေဒီယိုမှသမ္မတဦးသိန်းစိန်မိန့်ခွန်းထဲတွင်ကချင်ပြည်နယ်လိုင်ဇာ၌ကျင်းပသောလက်နက်ကိုင်လူမျိုးစုများ(၃)ရက်အစီးအဝေးကြီးသည်အစိုးရနှင့်လူမျိုးစုအဖွဲ့အကြားဖြစ်နိုင်ချေဆွေးနွေးမှုလမ်းကိုခင်းထားပေးသည်ဟုဆိုပါသည်။
မြစ်ကြီးနားဆွေးနွေးမှုအစီးအဝေးတွင်လေ့လာသူများအဖြစ်တက်ရောက်လာသူများမှာကမ္ဘာ့ကုလသမဂ္ဂအထူးသံတမန်(Vijay Nambiar)နှင့်တရူတ်အထူးသံတမန်(Wang Ying Fan)တို့ပါဝင်သည်ဟုအစီရင်ခံစာထဲတွင်ဖော်ပြထားပါသည်။
တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးခြင်း၏ရည်ရွယ်ချက်သည်လက်နက်ကိုင်လူမျိုးစုများမှတောင်းဆိုလာသည့်ထပ်မံသဘောတူညီချက်အရလိုက်နာအတည်ပြုဆောင်ရွက်ရန်နှင့်တပြိုင်နက်ဆက်လက်ဆောင်ရွက်ရမည့်ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုစတင်သွားမည်ဟုဦးသိန်းစိန်ကဆိုပါသည်။
အစိုးကမ်းလှန်းသောငြိမ်းချမ်းရေးသည်အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုလက်မှတ်ရေးထိုးခြင်း၌သာအဆုံးသတ်သွားမည်မဟုတ်ပါ။နိုင်ငံရေးဆွေးနွေးမှုခြေလမ်းသို့ရောက်ရှိနိုင်အပစ်ခတ်ရပ်စဲရေးသေဘာတူညီမှုကိုအခြေခံပြီးကြိုးစားနေခြင်းဖြစ်သည်။
ဒီလအတွင်းကျင်းပမည့်တနိုင်ငံလုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးခြင်းအခမ်းအနားကိုလက်နက်ကိုင်လူမျိုးစုများအားလုံးအစိုးရကဖိတ်ခေါ်သည်ဟုဦးသိန်းစိန်ကဆိုပါသည်။
ဗုဒ္ဓဟူးနေ့၌ကျင်းပသောအစီးအဝေးကြီး(၃)ရက်စတင်ပြုလုပ်ရန်တွင်တော်လှန်ရေးလူမျိုးစုများမှတင်ပြတောင်းဆိုလာသောအပစ်ခတ်ရပ်စဲရေးအဆိုတင်သွင်းလာမှုအစီစဥ်များတွင်သတိထားမှုရှိရန််၊ပြီးခဲ့သည့်အချိန်ကာလ၌အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုလက်မှတ်ချိုးဖောက်ခဲ့ခြင်းသည်နိုင်ငံရေးပြဿနာဖြေရှင်းမရှိသောကြောင့်ဖြစ်သည်။
တနိုင်ငံလုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေးသဘောတူညီမှုအစီအစဥ်ဖြစ်မြောက်လာနိုင်ရန်အတွက်အစိုးရကစစ်မှန်သောနိုင်ငံရေးဆွေးနွေးမှုနှင့်လူမျိုးစုများ၏အခွင့်အရေးကိုလေးစားရမည်ဟုကိုယ်စားလှယ်များကပြောပါသည်။