ပဲခူးမြို့ရှိစာသင်ကျောင်းများတွင်ကရင်ဘာသာစကားကိုသင်ကြားရန်အစိုးရမှအတည်ပြုလိုက်ခြင်း

...

ပဲခူးမြို့ရှိစာသင်ကျောင်းများတွင်ကရင်ဘာသာစကားကိုသင်ကြားရန်အစိုးရမှအတည်ပြုလိုက်ခြင်း

Karen News, 15 Dec 2013

URL: http://karennews.org/2013/12/govt-confirms-karen-language-will-be-taught-in-pago-schools.html/
ပဲခူးမြို့ရှိဒေသဆိုင်ရာအရာရှိများမှဒေသတိုင်းရှိအစိုးရမူလတန်းစာသင်ကျောင်းများတွင်ကရင်ဘာသာသင်ကြားခွင့်ကိုအတည်ပြုလိုက်ပြီဖြစ်သည်။
ပဲခူးတိုင်း၊ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးစောဂျူဗလီစန်းလှမှတိုင်းရင်းသားဘာသာစကားသင်ကြားမှုကို၂၀၁၄၊၂၀၁၅တွင်စတင်လိမ့်ဖြစ်ကြောင်းကရင်သတင်းစဥသို့ပြောကြားခဲ့သည်။
ဒီဇင်ဘာ(၉)ရက်နေ့၌ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊တိုင်းပညာရေးဌာနဦးဆောင်သူများနှင့်ကရင်စာပေနှင့်ရိုးရာမှုကော်မတီတို့အတွင်းအစည်းအဝေးပြုလုပ်ပြီးနောက်ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဂျူဘလီစန်းလှမှကရင်သတင်းစဥသို့ယခုလိုပြောကြားလိုက်သည်။
သက်ဆိုင်ရာအစိုးရရဲ့တရားဝင်ခွင့်ပြုမိန့်နဲ့ကရင်ဘာသာစကားကိုသင်ကြားခွင့်ရခဲ့ပါတယ်၊အခုကျွန်တော်တို့ကရင်ကျောင်းသားများ၊ဆရာ၊ဆရာမအသစ်များအတွက်ဖတ်စာအုပ်များပုံနှိပ်ဖို့စီစဥနေပါတယ်၊အခြားလိုအပ်ချက်များအတွက်လည်းကြိုတင်ပြင်ဆင်နေပါတယ်၊နောင်လာမယ့်စာသင်နှစ်မှာစတင်ဖို့အတွက်ကော်မတီမှဆုံးဖြတ်ခဲ့ပါတယ်၊
ကျောင်းတွင်ကရင်ဘာသာသင်ကြားပေးမယ့်ဆရာ၊ဆရာများရရှိလာဖို့ဦးစားပေးရပါမယ်ဟုစောဂျူဗလီစန်းလှမှပြောကြားခဲ့သည်။
ညောင်လေးပင်မြို့နယ်အတွင်းရှိပြည်ထောင်စုကြံ့ခိုင်စည်းလုံးရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(USDP)နံပါတ်တစ်မဲဆန္ဒနယ်ရှိလွှတ်တော်၏ဒေသဆိုင်ရာအသင်းဝင်ဦးအောင်လင်းမှကရင်ဆရာဆရာမများအတွက်အစိုးရမှလက်တွဲကူညီမှုများပေးလိမ့်မည်ဟုပြောဆိုလိုက်သည်။
“သူတို့မှကရင်ဆရာဆရာများကိုတလသုံးသောင်းကျပ်ထောက်ပံ့ပေးပါမယ်၊ကျွန်တော်တို့ကလည်းကရင်ဘာသာသင်ကြားမယ့်ဆရာဆရာမများကိုရှာဖို့အကူအညီပေးပါမယ်”
ပဲခူးတိုင်းအနောက်ပိုင်းဒေသရှိကရင်စာပေနှင့်ယဥကျေးမှုကော်မတီ၏ကြီးကြပ်သူတဦးဖြစ်သောစောညီညီမှ“အရင်တုန်းကတော့ကရင်ဘာသာကိုနွေရာသီအားလပ်ရက်များမှာပဲသင်ကြားခဲ့ရတယ်၊ကလေးတွေဘာသာစကားကျွမ်းကျင်အောင်သင်ကြားပေးဖို့အချိန်အလုံအလောက်မရခဲ့ဘူး”ဟုပြောဆိုခဲ့သည်။
၂၀၁၂ခုနှစ်တွင်အစိုးရမှမူလတန်းကျောင်းများတွင်တိုင်းရင်းသားဘာသာစကားများကိုသင်ကြားခွင့်ပြုလိုက်သည်။