မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်မှအကျဥ်းသားများအားလွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

...

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်မှအကျဥ်းသားများအားလွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

Aljazeera, 31 Dec 2013

URL: http://www.aljazeera.com/news/asia-pacific/2013/12/myanmar-president-grants-prisoners-amnesty-201312314465251868.html
လွတ်ငြိမ်းချမ်းသာခွင့်ဘယ်နှစ်ဦးရရှိခဲ့သည်ဆိုသည်ကိုရှင်းလင်းမှုမရှိဖြစ်နေပြီးလွတ်မြောက်ခွင့်ရသူများအတွက်တာဝန်ရှိသူများတွင်အချိန်ဇယားမရှိဖြစ်နေသည်။ မြန်မာ နိုင်ငံတွင်အကျဥ်းသား ၅ ယောက်အားလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး၂၀၁၃ခုနှစ်ကုန်တွင်နိုင်ငံရေးအကျဥ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟုပြောကြားခဲ့ သောနိုင်ငံသမ္မတ၏ကတိစကားထဲမှတစိတ်တပိုင်းအရနောက် တပတ်တွင်လည်းပိုပြီးလွှတ်ပေးရန်မျှော်လင့်ခဲ့ကြသည်။
တရားဥပဒေနှင့်မညီသောအသင်းအဖွဲ့ခြင်း၊နိုင်ငံတော်သစ္စာဖောက်မှုနှင့်ငြိမ်းချမ်းစွာစုဝေးရသည့်ဥပဒေကိုချိုးဖောက်ခြင်းစသည့်အမျိုးမျိုးသောနိုင်ငံရေးအမှုများဖြင့်စွဲချက်တင်ခံ ရပြီးစီရင်ချက်ချခံရသည့်သူများကိုနိုင်ငံတော်သမ္မတ၏တနလာၤနေ့တွင်ခွင့်ပြုခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်အတိုင်းအဂၤါနေ့တွင်လွှတ်ပေးခဲ့သည်။ ဦးသိန်းစိန်၏ဇူလိုင်လတွင် ပြောကြားခဲ့သောနိုင်ငံရေးအကျဥ်းသားအားလုံးကိုနှစ်အကုန်တွင်လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟူသောကတိစကားအရလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်သည်။စွဲချက်တင် ခံရသူများနှင့်ဆက်စပ်လျက်ရှိသည့်အမှုများနှင့်စုံစမး်စစ်ဆေးခြင်းများကိုရပ်ဆိုင်းဖို့ညွှန်ကြားခဲ့သည်။
လွတ်ငြိမ်းချမ်းသာခွင့်ရသူများ၏အမည်သည်စာရင်းထဲတွင်ရှိကြောင်းနိုင်ငံရေးအကျဥ််းသားကြည့်ရှုရေးအဖွဲ့ကော်မတီဝင်ဘိုကြည်မှပြောဆိုခဲ့သည်။“ဇန်နဝါရီလပထမတပတ် ထဲတွင်နောက်တသုတ်လွှတ်ပေးဖို့လူအများမျှော်လင့်နေပါတယ်” ထပ်မံပြောဆိုလိုက်သည်။
“သမၿတအမိန့်လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကိုကျွန်တော်တို့ကကြိုဆိုပါတယ်ဒါပေမယ့်လည်းအချို့အချက်တွေကိုတော့သုညအဆင့်သတ်မှတ်ထားတဲ့နိုင်ငံရေးအကျဥ််းသားတွေ အတွက်ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်၊ဒီအချက်တွေကိုတရားဥပဒေစည်းကမ်းနဲ့အညီဖြစ်နေရပါမယ်၊နိုင်ငံရေးလွတ်လပ်မှုတွေပိုရရှိဖို့ဒီအခြေအနေကိုထိန်းသိမ်းထားရပါမယ်” ဟုဘိုကြည်မှပြောကြားခဲ့သည်။
လွတ်မြောက်လာသော ၅ ဦးသည်ခရိုင်အကျဥ််းထောင်နှင့်နာမည်ဆိုးဖြင့်ကျော်ကြားသောရန်ကုန်အင်းစိန်အကျဥ်းထောင်တို့မှဖြစ်သည်။
“ဒီနေ့ကျွန်တော်တို့လွတ်လာပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သံတိုင်နောက်တန်းရောက်ရတာကလည်းအားနည်းချက်ရှိတဲ့ဥပဒေတွေေကြာင့်ပါပဲ၊ဘာပဲဖြစ်ဖြစ်သူ့က တိအတိုင်းဒီနှစ်မကုန်ခင်မှာနိုင်ငံရေးအကျဥ််းသားအားလုံးကိုလွှတ်ပေးခဲ့တဲအတွက်သမၿတကြီးကိုလေးစားပါတယ်၊”ဟုအင်းစိန်ထောင်မှလွတ်မြောက်လာသောနိုင်ငံရေးအ ကျဥ်သားများထဲမှတဦးဖြစ်သည့်ရန်နိုင်ထွန်းမှပြောကြားခဲ့သည်။
ရန်နိုင်ထွန်းနှင့်အောင်မင်းနိုင်တို့သည်ယခုနှစ်အစောပိုင်းတွင်မြန်မာနိုင်ငံမြောက်ပိုင်းရှိကချင်လွတ်မြောက်ရေးအစည်းအရုံးဌာနချုပ်ဆီသို့ချီတက်ပွဲတခုကိုဦးဆောင်ရာ၌ငြိမ်း ချမ်းစွာစုစည်းရမည့်ဥပဒေကိုချိုးဖောက်မှုဖြင့်ပြစ်ဒဏ်(၇)လဖြင့်ထိန်းသိမ်းခံနေရသူများဖြစ်သည်။အဘယ့်ကြောင့်ဆိုသော်သူတို့သည်ချီတက်ပွဲအတွက်ခွင့်ပြုချက်မရသော ကြောင့်ဖြစ်သည်။နိုင်ငံရေးဆိုင်ရာစွဲချက်များတင်ရန်အတွက်စစ်ဆေးခြင်းကိုရင်ဆိုင်နေရသောအခြားလုပ်ရှားမှုပေါင်း၂၀၀သည်လည်းစွဲချက်တင်ခံရခြင်းများမှချက်ချင်းကျ ဆင်းသွားလိမ့်မည်ဟုယခင်ကနိုင်ငံရေးအကျဥ််းသားတယောက်ဖြစ်ပြီးအကျဥ််းသားကြည့်ရှုစောင့်ရှောက်ရေးကော်မတီမှအဖွဲ့ဝင်တဦးဖြစ်သူရဲအောင်မှပြောဆိုခဲ့သည်။
ကော်မတီမှနိုင်ငံရေးအကျဥ််းသားများကဲ့သို့လွတ်ငြိမ်းချမ်းသာခွင့်သည်လူသတ်မှုကဲ့သို့သောအခြားရာဇဝတ်မှုများဖြင့်စီရင်ချက်ချခံရသောစာရင်းထဲတွင်ရှိသည့်အကျဥ််းသား အားလုံးကိုအကာအကွယ်ပေးမည်မဟုတ်ကြောင်းပြောဆိုခဲ့သည်။
ဦးသိန်းစိန်သမၿတဖြစ်လာသည့်အချိန်ကတည်းနိုင်ငံရေးအကျဥ််းသား၁၃၀၀ခန့်ကိုလွှတ်ပေးခဲ့သည်ဟုရဲအောင်မှပြောဆိုခဲ့သည်။
စစ်တပ်စည်းကမ်းဖြင့်ဖိနှပ်ချုပ်ချယ်ခဲ့သည့်ဆယ်စုနှစ်တစုများငါးကြိမ်ကျော်ဖြတ်လာပြီးနောက်ပိုင်း၂၀၁၁ခုနှစ်မဲပေးရွေးချယ်မှုများဖြင့်သမၿတဖြစ်လာသည့်ယခင်ကဗိုလ်ချုပ်
တဦးဖြစ်သောဦးသိန်းစိန်သည်နိုင်ငံ၏စီးပွားရေးနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှုများမြှင့်တင်ရန်အတွက်အစဥ််အလာအတိုင်းလုပ်ေဆာင်လာခဲ့သည်။မြန်မာနိုင်ငံအနောက်တိုင်း နိုင်ငံများ၏အရေးယူခြင်းများကိုလည်းရင်ဆိုင်ခဲ့ရသည်။ယခုတွင်အများစုကိုမြှင့်တင်ခဲ့ပြီဖြစ်သည်။အဘယ့်ကြောင့်ဆိုသော်လူအခွင့်အရေးအားနည်းသောမှတ်တမ်းများနှင့်
ဒီမိုကရေစီမကျသောစည်းမျည်းစည်းကမ်းများကြောင့်ဖြစ်သည်။