တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကိုဒုတိယအကြိမ်ရက်ရွှေ့ဆိုင်း

...

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကိုဒုတိယအကြိမ်ရက်ရွှေ့ဆိုင်း

Irrawaddy News, 15 Jan 2014

URL: http://www.irrawaddy.org/burma/latest-nationwide-ceasefire-talks-delayed.html
ကရင်ပြည်နယ်ဖားအံမြို့တွင်ပြုလုပ်မည့်နိုင်ငံတော်အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားတစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲကိုဒုတိယအကြိမ်ရွှေ့ဆိုင်းလိုက်ကြောင်းတိုင်းရင်းသားတာဝန်ရှိသူတဦးကပြောသည်။

ဤဖားအံဆွေးနွေးပွဲသည်နောက်ထပ်ပြုလုပ်မည့်အစိုးရ၏ရည်ရွယ်ချက်ဖြစ်သောတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုလက်မှတ်ထိုးရန်အတွက်ဖြစ်သည်။

တိုင်းရင်းသားအဖွဲ့များ၎င်းတို့၏ကိစ္စများကိုအတည်ပြုရန်ရှိသေးသည့်အတွက်ကြောင့်ယင်းဆွေးနွေးပွဲကိုဖေဖေါ်ဝါရီလသို့ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု NCCT ခေါင်းဆောင်နိုင်ဟောင်းဆာကဧရာဝတီသတင်းဌာနကိုပြောသည်။

နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်ရန်အချိန်ပို၍လိုအပ်သောကြောင့်၎င်းဆွေးနွေးပွဲကိုဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင်အစမ်းသဘောပြုလုပ်ရန်ရွှေ့ဆိုင်းလိုက်သည်ဟုနိုင်ဟောင်းဆာကဆိုသည်။

ဤရက်ရွှေ့ဆိုင်းခြင်းဆုံးဖြတ်ချက်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် NCCT ခေါင်းဆောင်နှင့်ဒုတိယပြည်ထောင်စုဝန်ကြီးဦးအောင်သိန်းတို့အကြားဆွေးနွေးပွဲပြီးသည့်နောက်ပိုင်းတွင်ပြုလုပ်ခဲ့သည်။

ကျွန်တော်တို့ယခုညှိနှိုင်းဆွေးနွေးပွဲအဆင့်တွင်သာရှိနေသေးပြီးဇန်နဝါရီလ ၁၆ နှင့် ၁၇ ရက်နေ့တွင်၎င်းညှိနှိုင်းဆွေးနွေးပွဲကိုအဆုံးသတ်လိုက်မည်ဖြစ်သည်။ ထို့နောက်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းကိုထိုင်း-မြန်မာနယ်စရှိ ကေအန်ယူနယ်မြေဖြစ်သောလေးဝါး(လောခီးလာဒေသ)တွင်ပြုလုပ်မည့်တိုင်းရင်းသားအစည်းအဝေးတွင်တင်ပြသွားမည်ဟုနိုင်ဟောင်းဆာကဆိုသည်။ တိုင်းရင်းသားအဖွဲ့များအကြားအစည်းအဝေးသည်ဇန်နဝါရီလ ၂၀ ရက်နေ့တွင်ပြုလုပ်မည်ဟု၎င်းကဆက်လက်ပြောဆိုခဲ့သည်။