မြန်မာနိုင်ငံတွင်တိုင်းရင်းသားခေါင်းဆောင်များမှအပစ်အခပ်ရပ်စဲခြင်းအတွက်မြန်မာအစိုးရနှင့်ထပ်မံတွေ့ဆုံရန်

...

မြန်မာနိုင်ငံတွင်တိုင်းရင်းသားခေါင်းဆောင်များမှအပစ်အခပ်ရပ်စဲခြင်းအတွက်မြန်မာအစိုးရနှင့်ထပ်မံတွေ့ဆုံရန်

Mizzima News, 09 Dec 2013

URL: http://www.mizzima.com/mizzima-news/politics/item/10716-ethnic-leaders-in-myanmar-to-meet-again-for-ceasefire-deal-with-gov-t
မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှခေါင်းဆောင်(၁၇)ဦးသည်ဒီဇင်ဘာလ(၁၈)ရက်နေ့တွင်အစိုးရနှင့်အပတ်အခတ်ရပ်စဲရေးဆိုင်ရာဆက်ဆံမှုများဆက်လက်ဆောင်ရွက်မည့်(၃)ရက်တာညီလာခံအတွက် ကရင်ပြည်နယ်အရှေ့တောင်ဘက်တွင်တည်ရှိသောလှိုင်းဘွဲ့မြို့၌ထပ်မံစုစည်းကြမည်ပြည်တွင်းအဆင့်တိုင်းစ်နေ့စဥသတင်းစာမှတနလာၤနေ့အစီရင်ခံစာတွင်ဖော်ပြခဲ့ပြီးကရင်အမျိုးသားအစည်းအရုံးအထက်ပိုင်းခေါင်းဆောင် များ၏ကိုးကားချက်များလည်းပါဝင်သည်။ လှိုင်းဘွဲ့သည် KNU ၏ဌာနချုပ်စခန်းလည်းဖြစ်သည်။
လှိုင်းဘွဲ့ညီလာခံသည်အောက်တိုဘာလနှင့်နိုဝင်ဘာလတွင်ကချင်ပြည်နယ်လိုင်ဇာမြို့၌ကျင်းပခဲ့သောတိုင်းရင်းသားခေါင်းဆောင်များ၏ဘောင်အတွင်းမှသဘောတူညီမှု(၁၁)ချက်ကိုလက်မှတ်ရေးထိုးခဲ့သည့်အစောပိုင်းညီလာခံ၏ နောက်ဆက်တွဲဖြစ်သည်။နိုဝင်ဘာလ၌ကချင်ပြည်နယ်၏မြို့တော်ဖြစ်သောမြစ်ကြီးနားမြို့တွင်နိုင်ငံတဝှမ်းအပစ်အခတ်ရပ်ဆဲရေးအတွက်အစိုးရနှင့်ပထမအကြိမ်ပြောဆိုမှုများသည်ဘောင်အတွင်းလုပ်ဆောင်မှုများအနေဖြင့်တည်ရှိခဲ့သည်။
ကရင်ပြည်နယ်၊ဘားအံမြို့တွင်နောက်လဇန်နဝါရီ၌ကျင်းပမည်ဖြစ်သောသုံးရက်တာညီလာခံသည်ဗဟိုအစိုးရငြိမ်းချမ်းရေးလုပ်ဆောင်မှုကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏နိုင်ငံတဝှမ်းအပစ် အခတ်ရပ်စဲရေးပူးပေါင်းဆောင်ရွက်မှုအသင်းတို့အတွင်းဒုတိယအကြိမ်ပြောဆိုမှုများပြုလုပ်သွားမည့်ညီလာခံဖြစ်သည်။
မြစ်ကြီးနားတွင်ပြောဆိုမှုများပြုလုပ်သည့်အချိန်အတွင်းတွင်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှအချက်(၁၁)ချက်ပါဝင်သောတင်ပြချက်များကိုထည့်သွင်းခဲ့ကြပြီးဗဟိုအစိုးရငြိမ်းချမ်းရေးလုပ်ဆောင်မှုကော်မတီမှလည်းအနာဂတ် တွင်လက်မှတ်ရေးထိုးရန်အတွက်နိုင်ငံတဝှမ်းအပစ်အခတ်ရပ်စဲရေးဆိုင်ရာမူကြမ်းကိုရှေ့ဦးစွာထည့်သွင်းခဲ့သည်။
ဤပြောဆိုမှုများမှအကျိုးရရှိခဲ့သော်လည်းတဖက်ချင်းဆီ၏သီးခြားအဆိုပြုချက်များသည်ချက်ချင်းတုံ့ပြန်မှုများမရရှိခဲ့ပေ။