ထိုင်းနိုင်အတွင်းရှိမြန်မာဒုက္ခသည်များတွက်အမေရိကန်နိုင်ငံပြန်လည်နေရာချထားရေးရပ်နားလိုက်ပြီး

...

ထိုင်းနိုင်အတွင်းရှိမြန်မာဒုက္ခသည်များတွက်အမေရိကန်နိုင်ငံပြန်လည်နေရာချထားရေးရပ်နားလိုက်ပြီး

KIC, 29 Jan 2014

URL: http://www.bangkokpost.com/breakingnews/392158/us-winds-up-myanmar-refugee-programme-in-thailand
ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်ရှိမယ်လအူးဒုက္ခသည်စခန်းမှဒုက္ခသည်များအတွက်အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခွင့်ကိုခေါ်ယူမှုအစီအစဥကို၂၀၁၃ခုနှစ်၊
အောက်တိုဘာလနောက်အဆုံးထား၍ရပ်နားသွားမည်ဟုကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)ကတရားဝင်ပြောဆိုထားသော်လည်းယခု
ဇန်နဝါရီ၂၃ရက်နေ့ကရပ်နားလိုက်ပြီဟုသိရသည်။
ကရင်ဒုက္ခသည်ကော်မတီ(KIC)၏မြောက်ပိုင်းဒေသခံစောတူးတူးက“တကယ်ဆိုလျှင်မယ်လအူးစခန်းမှာအောက်တိုဘာလကတည်းကအမေရိကန်လျှောက်ခွင့်ပိတ်
ဖို့UNHCRကပြောထားတယ်။ဒါပေမယ့်လျှောက်ထားတဲ့သူရှိဦးမယ်ဆိုပြီးအချိန်ထပ်တိုးလိုက်တာ။အခုဇန်နဝါရီမှာတော့တကယ်ပိတ်လိုက်ပါပြီ”ဟုကေအိုင်စီသို့အ
တည်ပြုပြောဆိုလိုက်သည်။
ထို့အပြင်မယ်လအူးစခန်းနှင့်နီးသည့်မယ်ရာမိုဒုက္ခသည်စခန်း၌လည်းအမေရိကန်နိုင်ငံသို့သွားရောက်ပြောင်းရွှေ့အခြေချသည့်လျှောက်တင်ခွင့်ကိုမယ်လအူးစခန်း
နည်းတူတပြိုင်နက်တည်းရပ်နားလိုက်ကြောင်းစောတူးတူးကဆိုသည်။
အမေရိကန်နိုင်ငံလျှောက်ခွင့်အတွက်နောက်ဆုံးသတ်မှတ်ချိန်ထိလျှောက်တင်ခွင့်ရရှိသူများမှာUNHCRမှတရားဝင်အသိအမှတ်ပြုခံထားရသည့်စခန်းအတွင်းရှိလူ
ဟောင်းစာရင်းဝင်သူများနှင့်အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့အခြချနှင့်ပြီးသူများ၏ဆွေမျိုးတော်စပ်သူများကိုသာခေါ်ယူခြင်းဖြစ်ကြောင်းသိရသည်။
မယ်လဦးဒုက္ခသည်သည်စောတီးဖိုးက“အမေရိကန်နိုင်ငံလျှောက်ခွင့်ပိတ်တော့မယ်ဆိုတော့ဒီလ၂၃ရက်နေ့ကUNHCRနောက်ဆုံးလာသွားတဲ့အချိန်ကျွန်တော်တို့
မိသားစုတွေသွားလျှေက်လိုက်တယ်။ဘာလို့လဲဆိုတော့အခြားနိုင်ငံတွေခေါ်ဖို့လည်းမသေချာတော့ဘူးလေ။အဲ့ဒီ့နေ့ကသွားလျှေက်တဲ့သူနှစ်ဆယ်လောက်ပဲရှိမယ်”
ဟုကေအိုင်စီသို့ပြောဆိုသည်။
မယ်လဦးစခန်းတွင်အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့အခြေချရေးအတွက်ပုံမှန်အားဖြင့်အပတ်စဥကြာသာပတေးနေ့၌မယ်လအူးစခန်းရှိဖွေးဘောလူ UNHCR ရုံးသို့
သွားရောက်လျှောက်တင်နိုင်သော်လည်းထိုနေ့ကရပ်ကွက်(၈)သို့သွားရောက်လျှောက်တင်ရသည်ဟုစောတီးဖိုးကဆိုသည်။
ပြီးခဲ့သည့်၂၀၁၃ခုနှစ်၊ဇန်နဝါရီ၂၅ရက်နေ့ကဒုက္ခသည်များဆိုင်ရာအမေရိကန်အကြီးအကဲမစ္စတာဒေးဗစ်ရော်ဘင်ဆန်ကမယ်လဒုက္ခသည်စခန်းသို့သွားရောက်ခဲ့ရာ​
အမေရိကန်သို့ပြောင်းရွှေ့အခြေချသည့်အစီအစဥကို၂၀၁၃ခုနှစ်ဇွန်လ၅ရက်၌ရပ်နားသွားမည်ဟုကြိုတင်သတိပေးပြောဆိုသွားခဲ့ပြီးဖြစ်သည်။
ထိုင်းမြန်မာနယ်စပ်ရှိမယ်လ၊အုန်းဖြန့်၊နို့ဖိုး၊မယ်ရာမို၊မယ်လအူး၊ထမ်းဟင်နှင့်ဘန့်ဒိုယမ်းစခန်းများမှဒုက္ခသည်များသည်UNHCR၏တတိယနိုင်ငံသို့ပို့ဆောင်သည့်
အစီအစဥဖြင့်၂၀၀၆ခုနှစ်ကတည်းအမေရိကန်၊ကနေဒါ၊သြစတြီးလျား၊နော်ဝေး၊ဆွတ်ဇာလန်၊ဖင်လန်၊ဂျပန်နိုင်ငံများသို့ပြောင်းရွှေ့နေထိုင်ကြပြီဖြစ်သော်လည်း၎င်း
စခန်းများ၌လက်ရှိဒုက္ခသည်ဦးရေပေါင်း၁၃၂,၀၀၀ကျော်ရှိသည်ဟု၂၀၁၃ခုနှစ်၊နိုဝင်ဘာလထုတ်KIC၏မှတ်တမ်းအရသိရသည်။