ငြိမ်းချမ်းရေးလုပ်ဆောင်မှုများတွင်အမျိုးသမီးများမှတစိတ်တပိုင်းပါဝင်လာရန်တိုက်တွန်းလိုက်ခြင်း

...

ငြိမ်းချမ်းရေးလုပ်ဆောင်မှုများတွင်အမျိုးသမီးများမှတစိတ်တပိုင်းပါဝင်လာရန်တိုက်တွန်းလိုက်ခြင်း

Democratic Voice of Burma, 12 Feb 2014

URL: http://english.dvb.no/news/women-urged-to-take-part-in-peace-process-burma-myanmar/37141
မြန်မာအစိုးရ၏ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းသူခေါင်းဆောင်ဖြစ်သောဦးအောင်မင်းမှရှေ့ဆက်ငြိမ်းချမ်းရေးလုပ်ဆောင်မှုများတွင်အမျိုးသမီးများပါဝင်လာရန်အတွက်စေစပ်ညှိနှိုင်းမှု
များအတွင်းတွင်အစီအစဥများထည့်သွင်းသွားရန်အကြုံပြုခဲ့သည်။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့်ရေရှည်နိုင်ငံရေးပြေငြိမ်းမှုများအရှိန်ရရှိလာသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်နောင်လာမည့်အစည်းအဝေးများ၌သမိုင်းတွင်ဆွေး
နွေးမှုများ၌အမျိုးသမီးအသံများသည်ပျက်ကွက်သလောက်နီးနီးဖြစ်နေသောကြောင့်အာရုံစိုက်ခံရမှုတချို့ရခဲ့မည်ဟုပြီးခဲ့သောအပတ်တနင်္ဂ​နွေ​နေ့တွင်ရန်ကုန်မြို့ ၌ပြုလုပ်သည့်အနု
ပညာပြပွဲတွင်ဒီဗွီဘီသို့ပြောခဲ့သောဝန်ကြီးမှပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့၁၃ဖွဲ့ပါဝင်သောအမျိုးသမီးအခွင့်အရေးအစည်းအရုံးမြန်မာအမျိုးသမီးရေးရာအဖွဲ့ချုပ်(WLB)မှဝန်ကြီး၏မှတ်ချက်ချခြင်းအပေါ်ကြိုဆိုလိုက်သည်။သို့သော်
လည်းWLBမှငြိမ်းချမ်းရေးလုပ်ဆောင်မှုများတွင်တစိတ်တပိုင်းပါဝင်မည့်အမျိုးသမီးများသည်နိုင်ငံကိုစစ်မှန်စွာကိုယ်စားပြုမည့်ပုဂ္ဂိုလ်များဖြစ်သင့်ကြောင်းကိုအခိုင်အမာပြောဆိုလိုက်
သည်။
“ဒါဟာကျွန်မတို့အတွက်သတင်းကောင်းပါပဲ။သို့သော်လည်းပူးပေါင်းပါဝင်ရခြင်းမရှိဘဲသူတို့ရှေ့မှောက်စားပွဲတွင်သာထိုင်နေ​ဖို့သက်သက်ပဲရှိနေမယ်ဆိုရင်အမျိုးသမီးများကိုဖိတ်
ကြားတာဟာဟန်ပြတခုသာဖြစ်မှာကိုကျွန်မတို့စိုးရိမ်ပူူပန်ခဲ့ပါတယ်”ဟုWLBမှအထက်အရာရှိမိဆူးပွင့်မှပြောဆိုလိုက်သည်။
WLBအဖွဲ့ဝင်အုပ်စုများသည်အမျိုးသမီးများကိုနိုင်ငံရေးနှင့်ဆိုင်သောဗဟုသုတများပိုပြီးကောင်းမွန်လာစေရန်အတွက်ပညာပေးနေသောအဖွဲ့အစည်းဖြစ်သည်။
NCCTကော်မတီအဖွဲ့ဝင်ခွန်ဥက္ကာမှစေ့စပ်ဆွေးနွေးမှုများတွင်အမျိုးသမီးများပူးပေါင်းပါဝင်ခြင်းသည်အောင်မြင်မှုပိုမိုရရှိလာစေရန်ရှေ့ဆောင်လမ်းပြဖြစ်လိမ့်မည်ဟုယုံကြည်ကြောင်း
ပြောဆိုလိုက်သည်။သို့သော်လည်းအမျိုးသမီးများ၏နောင်လာမည့်အစည်းအဝေးများတွင်တက်ရောက်ပါရှိမည့်သူသည်အစည်းအဝေးတက်ရောက်ရန်ခန့်ထားသောသူများအားအုပ်စု
တအုပ်စုစီဆွေးနွေးမှုများပြုလုပ်ရာ၌အားထားနိုင်သူဖြစ်ရမည်ဟုအကြံပြုခဲ့သည်။