ဂျပန်နိုင်ငံရှိ ADB ဘဏ်မှကျေးလက်အသက်မွေးဝမ်းကျောင်းမှုများ၊ HIV ကာကွယ်တားဆီးခြင်းများအတွက်မြန်မာမှယူအက်စ်ဒေါ်​လာ၂၂မီလီယမ်ထောက်ပံ့ကြေးရရှိ

...

ဂျပန်နိုင်ငံရှိ ADB ဘဏ်မှကျေးလက်အသက်မွေးဝမ်းကျောင်းမှုများ၊ HIV ကာကွယ်တားဆီးခြင်းများအတွက်မြန်မာမှယူအက်စ်ဒေါ်​လာ၂၂မီလီယမ်ထောက်ပံ့ကြေးရရှိ

Eleven Newsmedia, 17 Feb 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=5085:myanmar-gets-us-22-million-adb-grant-from-japan-for-rural-livelihoods-h
ဂျပန်အစိုးရ၏ငွေကြေးထောက်ပံ့မှုဖြင့်ခုခံနိုင်စွမ်းမရှိသောအုပ်စုများနှင့်ဝေးလံခေါင်ဖျားသောဒေသများတွင်ကျေးလက်ဆင်းရဲမွဲတေမှုလျော့ချရေးနှင့်HIV/ IDSကျယ်
ကျယ်ပြန့်ပြန့်လုပ်ဆောင်မှုများကိုကူညီရန်အတွက်မြန်မာအစိုးရနှင့်အာဆီယံဖွံဖြိုးရေးဘဏ်တို့သည်ယူအက်စ်ဒေါ်​လာ​၂၂မီလီယမ်တန်သည့်ထောက်ပံ့ကြေးနှစ်ခုပါသ
ဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။

အစီအစဉ်များကိုဆင်းရဲမွဲတေမှုလျှော့ချရေးအတွက်တည်ထောင်ထားသောဂျပန်ရန်ပုံငွေ(JFPR)မှတဆင့်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟုဘဏ်မှပြောကြားခဲ့သည်။
ADBဘဏ်လုပ်ဆောင်မှုအရဒေါ်လာ၁၂မီလီယမ်ထောက်ပံ့ကြေးသည်ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ခြောက်သွေ့သောလယ်ပိုင်းဒေသ၊တနသၤာရီဒေသနှင့်ရှမ်းပြည်နယ်
စသည်တို့ရှိရွာများတွင်အနည်းဆုံးလူပေါင်း၇၀၀,၀၀၀ကိုအကျိုးရရှိစေမှာဖြစ်ပြီးထိုနေရာများရှိအချို့သောကျေးလက်လူထုများသည်မြို့ပေါ်အဆင့်ထက်နှစ်ဆဆင်းရဲမှု
နှုန်းကိုရင်ဆိုင်နေရသည်။

HIV/AIDSအတွက်ယူအက်စ်ဒေါ်လာ ၁၀မီလီယမ်ထောက်ပံ့ကြေးသည်HIV/AIDSနှင့်ကျန်းမာရေးလုပ်ငန်းများဆီသို့ ခွင့်အလမ်းနှင့်အရည်အသွေးတိုးတက်လာစေလိမ့်
မည်ဖြစ်ကာရွှေ့ပြောင်းအလုပ်သမားများနှင့်ရွေ့လျားလူဦးရေကိုဆွဲဆောင်နေသောအခွင်းအလမ်းအသစ်များရရှိမည့်မွန်၊ကရင်နှင့်ကယားပြည်နယ်တို့တွင်စီးပွားရေးလမ်း
ကြောင်းများလျှင်မြန်စွာတပြိုင်နက်တည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။လူမှုရေးနှင့်ကျန်းမာရေးအထူးလုပ်ဆောင်ရမည့်ဒေသများတွင်ဤရွေ့လျားလူဦးရေသည်နယ်ခံ
လူထုအသိုင်းအဝိုင်းများနည်းတူHIV/AIDSရောဂါအပါအဝင်ရောဂါကူးစက်ပျံ့နှံ့မှုများတိုးမြှင့်မှုများမြင့်တက်လို့နေသည်။

“အသက်မွေးဝမ်းကျောင်းမှုထောက်ပံ့ကြေးဟာလူထုများဖွံ့ဖြိုးတိုးတက်မှုတွင်အလားအလာကောင်းသောဝင်ငွေအခွင့်အလမ်းများရရှိလာအောင်ကူညီမှာဖြစ်ပြီးကျေးလက်
ဆင်းရဲမွဲတေမှုရုန်းမထွက်နိုင်တဲ့သံသရာကိုအဆုံးသတ်ဖို့လိုအပ်ခဲ့ပါတယ်”ဟုမြန်မာနိုင်ငံအပိုင်းတွင်ဘဏ်ကိုဦးဆောင်သူPuta Kamayanaမှပြောဆိုလိုက်ပြီးHIV/AIDS
အကူအညီအထောက်အပံ့များသည်ရောဂါများကိုကုသမှုနှင့်ကာကွယ်ရေးတွင်အားကောင်းလာကာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူးတွဲဆောင်ရွက်သွားမည်ဟု
ထပ်မံဖြည့်စွက်ပြောဆိုလိုက်သည်။

စီမံကိန်း၏ရည်ရွယ်ချက်များသည်လမ်း၊ဆိပ်ခံတံတား၊ရေနှင့်ဆည်မြောင်းသွယ်ခြင်းလုပ်ဆောင်မှုများ၊ကျောင်းနှင့်လူထုကျန်းမာရေးစင်တာများစသည်တို့ကဲ့သို့သော
ကျေးရွာအခြေခံအဆောက်အဦးများကိုတိုးတက်ကောင်းမွန်လာစေရန်ဖြစ်သည်။ငါး၊ပုစွန်နှင့်ပုလဲမွေးမြူရေး၊ခြံမွေးတိ​ရိစ္ဆာန်​မွေးမြူရေးနှင့်ကြက်သွန်ဖြူနှင့်ငရုပ်သီးများ
အပါအဝင်ဖြစ်သောစီးပွားဖြစ်စိုက်ပျိုးသောသီးနှံများထုတ်လုပ်ခြင်းကဲ့သို့သောစသည်များကိုဒေသများတွင်အလုပ်အကိုင်အခွင့်အလမ်းများပိုမိုဖန်တီးရရှိလာစေရန်လည်း
ပဲရည်ရွယ်ခဲ့သည်။စီမံကိန်းကိုအင်္ဂ​လ​ိပ်ဘာသာသင်ရိုးများဖြင့်လည်းထောက်ပံ့ပေးပြီး၎င်းသည်လူထုအသိုင်းအဝိုင်းများအားနိုင်ငံခရီးသွားလုပ်ငန်းစျေးကွက်အလျှင်အ
မြန်ကြီးထွားခြင်းတွင်တပန်းသာလာအောင်အကူအညီပေးနိုင်သည်။

“ဒီရန်ပုံငွေကိုကျေးလက်ကျန်းမာရေးစင်တာ(၄၇)ခုနှင့်ကျန်းမာရေးစင်တာအခွဲများတည်ဆောက်ရန်၊ မြို့နယ်သုံးနယ်ရှိဆေးရုံးများပြင်ဆင်မွမ်းမံခြင်း၊ဆေးဝါးပစ္စည်းနှင့်
သင်တန်းများပံ့ပိုးပေးခြင်းနှင့်နိုင်ငံ၏ခုခံနိုင်မှုစွမ်းအနဲဆုံးဖြစ်သောလူထုအချို့အတွက်ပိုမိုကောင်းမွန်သောအခြေခံကျန်းမာရေးဝန်ဆောင်မှုများရရှိလာရန်ဦးတည်နေပါ
သည်”ဟုဂျပန်၌နိုင်ငံအတွက်ADB ဦးဆောင်ညွှန်ကြားရေးမှူး Kazuhiko Koguchi မှပြောကြားခဲ့သည်။

ဤထောက်ပံ့ကြေးနှစ်ခုအပြင် ADB ဘုတ်အဖွဲ့မှလည်းတတိယစီမံကိန်းကိုမကြာမီအတည်ပြုမည်ဖြစ်ကာယခုလကုန်လောက်တွင်ဖြစ်တန်ခြေရှိသည်ဟု Koguchiမှပြော
ကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှုအတွက်ငွေကြေးချေးယူခြင်းမြန်မာနိုင်ငံတာဝန်ခံ၏အတည်ပြုပြောဆိုခြင်းအရADBသည်ပြည်တွင်းပြည်ပလူ့ဘောင်အဖွဲ့အစည်းများ၊ပုဂ္ဂလိကကိုယ်စား
လှယ်အခန်းကဏ္ဍများ၊လုပ်ဖော်ကိုင်ဖက်များ၏တိုးတက်မှုများကိုအကြံညဏ်ပေးခြင်းပေးေနေ​ခြင်းနှင့်၎င်းတို့၏စီမံကိန်းကိုကြိုတင်ပြင်ဆင်ခြင်းနှင့်အကောင်အထည်ဖော်
ဆောင်ရွက်ရာတွင်ပြည်တွင်းလူမှုအဖွဲ့အစည်းများ၏ယူဆချက်များကိုADBမှဘယ်လိုအကောင်းဆုံးထည့်သွင်းစဉ်စားနိုင်မည်ကိုတခြားအဓိကကျသောအစုရှယ်ယာရှင်
များမှတွေ့မြင်ရစေရန်တို့ဖြစ်သည်။