တိုင်းရင်းသားအဖွဲ့များဆီသို့ငြိမ်းချမ်းရေးလုပ်ဆောင်မှုအထောက်အပံ့များဆောင်နှင်းလာသောပြည်ထောင်စုငြိမ်းချမ်းရေးသုတေသနဌာန

...

တိုင်းရင်းသားအဖွဲ့များဆီသို့ငြိမ်းချမ်းရေးလုပ်ဆောင်မှုအထောက်အပံ့များဆောင်နှင်းလာသောပြည်ထောင်စုငြိမ်းချမ်းရေးသုတေသနဌာန

Irrawaddy News, 28 Feb 2014

URL: http://www.irrawaddy.org/burma/new-institute-bring-together-ethnic-groups-support-peace-process.html
ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်တွင်အတတ်ပညာနှင့်သုတေသနပြုစင်တာကိုတိုင်းရင်းသားလှုပ်ရှားပြောင်းလဲရေးဝါဒနှင့်အညီဖွှင့်လှစ်လိုက်ပြီး၎င်းစင်
တာသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊အဲန်ဂျီအိုများနှင့်နိုင်ငံရေးပါတီများကိုမြန်မာနိုင်ငံတွင်ရှေ့ဆက်သွားနေသည့်ငြိမ်းချမ်းရေးလုပ်ဆောင်မှု
များတွင်ပိုမိုကောင်းမွန်သောနားလည်မှုများရရှိလာစေလိမ့်မည်ဖြစ်ပြီး၎င်းတို့မှအစိုးရနှင့်စေ့စပ်ဆွေးနွေးမှုများပြုလုပ်နေချိန်တွင်တိုင်းရင်သားအဖွဲ့များ
ကိုထောက်ပံ့ကူညီမှုများပေးသွားမည်ဖြစ်သည်။

ပြည်ထောင်စုအသင်းအဖွဲ့ရုံးဟုခေါ်တွင်သော၎င်းစင်တာကိုအင်္ဂါနေ့တွင်ဖွင့်လှစ်ခဲ့ပြီးယင်းစီမံကိန်းသည်ပြီးဆုံးခဲ့သည့်ဆယ်စုနှစ်များကြာပဋိပက္ခများ
ကိုကိုင်တွယ်ဖြေရှင်းရာတွင်တိုးတက်မှုများရရှိနိုင်ရန်အတွက်မြန်မာတိုင်းရင်းသားအုပ်စုများအတူတကွလာရောက်ပြီးစိတ်ကူးအကြံညဏ်များဝေမျှ
ခြင်းများ​နှင့်အားအင်များရရှိနိုင်စေရန်​တွက်အကူအညီပေးလိမ့်မည်ဖြစ်ကြောင်းဒါရိုက်တာKhuensai Jaiyenမှပြောဆိုလိုက်သည်။

တိုင်းရင်းသားအုပ်စုများမှအပစ်အခတ်ရပ်စဲရေးလုပ်ဆောင်မှုများတွင်ကွဲပြားသောတောင်းဆိုမှုများရှိနေမည့်အစားလာမည့်နိုင်ငံရေးဆိုင်ရာအပြန်အလှန်
ဆွေးနွေးမှုများပြုလုပ်ရန်အတွက်၎င်းကိုအများအသံများဖြစ်ပေါ်စေရန်တည်ထောင်ခြင်းဖြစ်သည်။

ပြည်ထောင်စုအသင်းအဖွဲ့ရုံးမှတိုင်းရင်းသားလက်နက်ကိုင်(၁၄)အုပ်စုကို၎င်းတို့စေ့စပ်ဆွေးနွေးမှုများပြုလုပ်သည့်အတောအတွင်းတွင်နိုင်ငံရေးဆိုင်ရာ
အမြင်များနှင့်လက်ရှိနိုင်ငံရေးဆိုင်ရာတောင်းဆိုမှုများဖလှယ်ရာ၌တိုးတက်မှုများရလာစေရန်ထောက်ပံ့မှုကူညီမှုများပြုလုပ်မည်ဟုသျှမ်းတော်လှန်ရေး
အုပ်စု၊ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီမှအကြံပေးပုဂ္ဂိုလ်Khuensai Jaiyenပြောဆိုလိုက်သည်။

တိုင်းရင်းသားအသင်းအဖွဲ့ရုံးပုံစံပေါက်တဲ့ဒီစင်တာဟာအစိုးရရဲ့မြန်မာငြိမ်းချမ်းရေးစင်တာလိုပဲပေါင်းစည်းထားတဲ့အဖွဲ့အစည်းနှင့်ခပ်ဆင်ဆင်ပါပဲဒါပေ
မယ့်သူတို့မှာထင်ရှားတဲ့ကွဲပြားခြားနားချက်တွေရှိပါတယ်၊မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)ကအစိုးရတခုတည်းအတွက်အားတက်သရော်ပြုလုပ်နေ
တဲ့အချိန်မှာဒီအဖွဲ့ရုံးကတော့အဖွဲ့အစည်းတခုထဲအတွက်မဟုတ်ဘဲအမျိုးမျိုးကွဲပြားသောတိုင်းရင်းသားအုပ်စုများအတွက်ကျွန်တော်တို့လုပ်ကိုင်ပါတယ်”
ဟုရုံးမှဒါရိုက်တာဘုတ်အဖွဲ့ဝင်တဦးဖြစ်သူSalai Lian Hmongမှပြောဆိုလိုက်သည်။

ပြည်ထောင်စုအသင်းအဖွဲ့ရုံးကိုနော်ဝေးနှင့်ဆွီဒင်မှငွေကြေးထောက်ပံ့ခြင်းဖြစ်ပြီးယခုနှစ်တွင်လည်းရန်ကုန်၌ရုံးတရုံးဖွင့်ရန်အစီအစဉ်ရှိသည်။စင်တာမှ
ငြိမ်းချမ်းရေးလုပ်ဆောင်မှုလမ်းစရှိသတင်းအချက်အလက်များကို၎င်းတို့ဆီသို့ဝေမျှမည်မဟုတ်သော်လည်းမြန်မာငြိမ်းချမ်းရေးစင်တာမှပြည်ထောင်စုအ
သင်းအဖွဲ့ရုံးကိုတရားဝင်အသိအမှတ်ပြုခဲ့သည်။

အသင်းအဖွဲ့ရုံးသစ်သည်သတင်းအချက်အလက်များနှင့်အတူမြန်မာပြည်တွင်အမျိုးမျိုးသောတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှငြိမ်းချမ်းရေးလုပ်
ဆောင်မှုများပြုလုပ်နေ​ချိန်​တွင်းအထောက်အပံ့များပေးရန်ကနဦးအာရုံစိုက်မည်ဖြစ်သည်၊သို့သော်လည်း၎င်းကိုသုတေသနသင်တန်းပေးခြင်းနှင့်တိုင်း
ရင်းသားကျောင်းသားအားလုံးအခွင့်အလမ်းများ၊ဆွေးနွေးမှုလှုပ်ရှားမှုများနှင့်ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်မှုများတွင်စိတ်ဝင်စားသောမည်သူမဆို
စသည်တို့ကိုအထောက်အပံ့များပေးရန်အတွက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။