မြန်မာပြည်တွင်လူ့အခွင့်အရေးတိုးတက်လာကြောင်းအမေရိကန်မှပြောကြားလိုက်ခြင်း

...

မြန်မာပြည်တွင်လူ့အခွင့်အရေးတိုးတက်လာကြောင်းအမေရိကန်မှပြောကြားလိုက်ခြင်း

Democratic Voice of Burma, 28 Feb 2014

URL: http://english.dvb.no/news/us-lauds-burmas-improving-human-rights-record-myanmar/37923
မြန်မာပြည်အစိုးရမှညှင်းပန်းနှိပ်စက်မှုများပျက်စီးမှုများနှင့်လုပ်အားပေးခိုင်းစေမှုများကဲ့သို့သောအလွဲသုံးစားပြုမှုများလျော့ကျလာကြောင်းကို
အမေရိကန်ပြည်ထောင်စုမှအင်္ဂါနေ့လူ့အခွင့်အရေးအစီရင်ခံစာတွင်ထုတ်ပြန်ကြေငြာခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက်တိုးတက်မှုများရှိသောလည်းနိုင်ငံရေးလှုပ်​ရှား​မှု​ကြောင့်​အ​ကျ​ဉ်းကျ​သူ​များ​၊လူ့အခွင့်အရေးအခွင့်အလမ်းများနှင့်အကျင့်
ပျက်မှုတိုက်ဖျက်ရေးလုပ်ဆောင်မှုများစသည်တို့ကိုထိုအစီရင်ခံစာထဲတွင်ဖော်ပြထားသည်။

တိုင်းရင်းသားလူနည်းစုနယ်ပယ်ဒေသများတွင်အာဏာပိုင်များမှတရားဥဒေပိုင်းဆိုင်ရာနှင့်မူဝါဒပြုပြင်ပြောင်းလဲမှုများကိုအဆင့်အားလုံးအနေနှင့်အ
ပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသော်လည်း၂၀၁၃ခုနှစ်အတွင်းအစိုးရ၏လူ့အခွင့်အရေးမှတ်တမ်းတွေတိုးတက်မှုရှိလာသည်ဟုအ
စီရင်ခံစာတွင်ကောက်ချက်ချခဲ့သည်။

စောင့်ကြည့်လေ့လာသူများမှအစိုးရသည်အချို့သောတိုင်းရင်းသားနယ်စပ်ဒေသများတွင်ညှင်းပန်းနှိပ်စက်ခြင်းဖျောက်ဖျက်ပစ်ခြင်းနှင့်စစ်တပ်စားရိက္ခာ
သယ်ဆောင်ရာတွင်အရပ်သားများအားအတင်းအကျပ်ခိုင်းစေခြင်းကဲ့သို့သောလူ့အခွင့်အရေးဆိုင်ရာစနစ်ကိုအလွဲသုံးစားကျူး​လွန်ခဲ့သည့်အမှတ်လက္ခဏာ
များလျော့ကျလာသည့်ဟုအစီအရင်ခံခဲ့သည်။

မြန်မာပြည်သည်“အာဏာရှင်အုပ်ချုပ်မှုတင်မဟုတ်ပဲတဖြည်းဖြည်းပြောင်းလဲလို့နေပါပြီသို့သော်လည်းအမေရိကန်နှင့်အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းနှင့်
အတူလက်တွဲပြီးအကျိုးပိုမိုရရှိလာအောင်ရှေးရှုရပါမယ်ဟု”အမေရိကန်ပြည်နယ်အတွင်းရေးမှူးမှပြောဆိုခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှုကြောင့်အ​ကျ​ဉ်းကျသူများကိုအလေးထားသည့်အနေဖြင့်၂၀၁၃ဖေဖော်ဝါရီလ၆ရက်နေ့တွင်ဦးသိန်းစိန်မှထောင်အတွင်းရှိနိုင်ငံရေးလှုပ်ရှား
သူများကိုရွေးထုတ်၍လွှတ်ပေးရန်ကော်မတီဖွဲ့စည်းကြောင်းကြေငြာခဲ့သည်ကိုယူအက်စ်မှဂရုပြုမိခဲ့သည်။ထိုကြေငြာချက်အတိုင်းဒီဇင်ဘာ၃၁ရက်နေ့တွင်ကော်
မတီမှနိုင်ငံရေးလှုပ်ရှားမှုကြောင့်အ​ကျ​ဉ်းကျသူများခန့်မှန်းခြေ(၃၃၀)ယောက်ကိုရွေးထုတ်လွှတ်ပေးလိုက်ပြီးပြုပြင်ပြောင်းလဲရေးစတင်သည့်အချိန်မှစ၍စုစုပေါင်း
နိုင်ငံရေးလှုပ်​ရှား​မှု​ကြောင့်​အ​ကျ​ဉ်းသူ​အယောက်(၁,၁၀၀)ထက်မနည်းလွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံနိုင်ငံရေးလှုပ်​ရှား​မှု​ကြောင့်​အ​ကျ​ဉ်းကျ​သူ​များ​အတွက်ဖွဲ့စည်းထားသောအဖွဲ့မှလက်ထောက်ဘိုကြည်မှစွမ်းဆောင်ချက်တွေကိုအသိအမှတ်ပြုခဲ့ပြီးမြန်
မာပြည်တွင်နိုင်ငံရေးလှုပ်​ရှား​မှု​ကြောင့်​အ​ကျ​ဉ်းကျ​သူများ(၃၁)ဦးသာယခုအခါထောင်ထဲတွင်ကျန်ရှိနေသေးကြောင်းပြောကြားလိုက်သည်သို့သော်လည်းမြန်မာ
ထောင်အတွင်းတွင်အစားအစာနှင့်ဆေးဝါးဖူလုံမှုမရှိကြောင်းနှင့်အကျင့်ပျက်ခြစားမှုများပျံ့နှံ့နေသေးလျှက်ရှိသည်ကိုဂရုပြုမိခဲ့ကြောင်းပြောဆိုခဲ့သည်။

လိင်နှင့်ယောင်္ကျားလျာမိန်းမလျာလိင်တူလိင်ကွဲနှစ်မျိုးစလုံးစိတ်ဝင်စားသော(LGBT)လူမှုအသိုင်းအဝိုင်းကိုအလေးထားသောအားဖြင့်မြန်မာပြည်၌နိုင်ငံရေး
ဆိုင်ရာပြုပြင်ပြောင်းလဲမှုများတွင်LGBTအခွင့်အရေးအစည်းအရုံးနှင့်အင်္ဂါပြောင်းလဲခြင်းနှင့်လိင်တူဆက်ဆံခြင်းကိုအထင်သေးခြင်းခြိမ်းခြောက်ခြင်းအကြောက်
တရားများအားဆန့်ကျင်သောအပြည်ပြည်ဆိုင်ရာနေ့အခမ်းအနားကိုလူထုအတွင်းပထမဆုံးအကြိမ်ကျင်းပခြင်းအပါအဝင်LGBTလှုပ်ရှားမှုများထင်သာမြင်သာဖြစ်
လာသောဦးဆောင်မှုများရှိလာသည်။

သို့သော်လည်းလူ့အခွင့်အရေးဆိုင်ရာပညာပေးအဖွဲ့အစည်းစတင်တည်ထောင်သောအမှုဆောင်ဒါရိုက်တာအောင်မျိုးမင်းမှနိုင်ငံတွင်LGBTလူမှုအသိုင်းအဝိုင်းကိုပိုမိုမြင်
သာထင်သာလာအောင်ဖော်ထုတ်နိုင်သော်လည်းတန်းတူညီတူရှိမှုအတွက်ခွင့်မပြုသောဥပေဒေများအချို့နေရာများတွင်ရှိနေသေးကြောင်းLGBTလူအများ၏အသက်မွေး
ဝမ်းကျောင်းဘဝများနှင့်ရှင်သန်မှုများတွင်အန္တရယ်ရှိနေသေးကြောင်းမှတ်ချက်ချခဲ့သည်။

ယူအက်စ်မှမြန်မာအစိုးရ၏တိုးတက်မှုများတွင်ရခိုင်ပြည်၏အထူးနယ်ပယ်များကိုချွင်းချက်အနေနှင့်ထားရမည်ဖြစ်ပြီးလူသားချင်းစာနာထောက်ထားမှုနှင့်လူ့အခွင့်အရေး
ချိုးဖောက်မှုကိစ္စတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု၎င်းမှထပ်လောင်းပြောဆိုလိုက်သည်။

“အကျိုးသက်ရောက်ခြင်းခံခဲ့ရသောလူဦးရေကိုအစိုးရမှလူသားချင်းစာနာထောက်ထားသောအားဖြင့်အချို့သောရေတိုထောက်ပံ့မှုများကိုပံ့ပိုးပေးခဲ့သော်လည်း၎င်းသည်အကြမ်း
ဖက်မှုများဖြစ်ပွားမှုဇစ်မြစ်ကိုကိုင်တွယ်မှုအနည်းငယ်သာလုပ်ဆောင်ခဲ့ခြင်း(သို့မဟုတ်)၂၀၁၂တွင်ရိုဟင်ဂျာလူဦးရေအားနိုင်ငံသားအဖြစ်လုပ်ဆောင်ရန်အတွက်ထောက်ပံ့မှုလမ်း
ကြောင်းတွင်ခြေလှမ်းယူလာမှုကိုကျေနပ်စေရန်ကတိပေးခြင်းများစသည့်ကျေနပ်မှုအနည်းငယ်သာရရှိအောင်လုပ်ဆောင်ခဲ့သည်”ဟုအစီအရင်ခံစာတွင်ဖော်ပြထားသည်။

တိုင်းရင်းသားလူနည်းစုဒေသများတွင်တရားဥပဒေပြင်ဘက်၌ဖြစ်ပွားနေသောသတ်ဖြတ်ခြင်းများအဓ္ဓမပြုကျင့်ခြင်းများနှင့်ညှင်းပန်းနှိပ်စက်ခြင်းများနှင့်ပက်သက်၍မြန်မာလုံခြုံ
ရေးပိုင်းမှနိုင်ထက်ကလူပြုနေစေကာမူယခင်နှစ်ကထက်စာလျှင်အစီအရင်ခံစာထဲတွင်စွပ်စွဲမှုများနည်းသွား​ကြောင်းယူအက်စ်မှကောက်ချက်ချခဲ့သည်။