သန်းခေါင်စာရင်းကောက်ခံရာတွင်ဒေသခံကျောင်းဆရာ၊ဆရာမများအားသုံးရန်ကေအဲန်ယူတောင်းဆို

...

သန်းခေါင်စာရင်းကောက်ခံရာတွင်ဒေသခံကျောင်းဆရာ၊ဆရာမများအားသုံးရန်ကေအဲန်ယူတောင်းဆို

kren news, 20 Feb 2014

URL: http://karennews.org/2014/02/knu-urge-govt-to-use-karen-teachers-for-census-survey.html/
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေဒူးပလာခရိုင်၌သန်းခေါင်စာရင်းကောက်ခံမည့်စာရင်းကောက်သူများကိုဒေသခံကျောင်း
ဆရာမများအားသုံးရန်ကရင်ပြည်နယ်သန်းခေါင်စာရင်းကော်မတီသို့တောင်းဆိုထားသည်ဟုကေအဲန်ယူဘက်ကပြောဆိုသည်။

၎င်းတောင်းဆိုမှုကိုကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဖေဖော်ဝါရီဒုတိယအပတ်၌ပြည်နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ပြည်နယ်
လဝကဦးစီးမှူးဦးထိန်ဝင်းဦးစီးအဖွဲ့နှင့်ကေအဲန်ယူဒူးပလာခရိုင်အတွင်းရေးမှူးပဒိုစောလစ္စတန်ဦးစီးသောခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့သန်းခေါင်စာ
ရင်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပက်သက်၍နှစ်ဖက်ညှိနှိုင်းဆွေးနွေးချိန်တွင်ကေအဲန်ယူဘက်ကထိုသို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပဒိုစောလစ္စတန်က“ဒီသန်းခေါင်စာရင်းကောက်မယ့်ဆရာ/မတွေကအမှန်ကတော့ကျွန်တော်တို့ကဒေသခံဖြစ်စေချင်တာပေါ့။ဒီဒေသနဲ့ကျွမ်းဝင်ပြီးတော့
ပိုပြီးတော့နီးစပ်စွာသိတယ်။သူတို့ကလည်းသဘောတူပါတယ်။သူတို့ပြင်ဆင်ပြီးတဲ့စာရင်းကိုပယ်ဖျက်ချင်တယ်ဆိုရင်ပယ်ဖျက်နိုင်တယ်။အသစ်ပြန်ထည့်
မယ်ဆိုရင်လည်းကေအဲန်ယူကရွေးချယ်ပြီးပြန်ထည့်လို့ရတယ်” ဟုကေအိုင်စီသို့ပြောသည်။

ကေအဲန်ယူဒူးပလာခရိုင်တွင်ကျုံဒိုး၊ကော့ကရိတ်၊ကြာအင်း၊ဝင်းရေးစသည်းမြို့နယ်(၄)မြို့နယ်ပါဝင်ပြီးသက်ဆိုင်ရာမြို့နယ်များကိုအစိုးရနှင့်ဆက်စပ်လုပ်
ဆောင်မည့်သန်းခေါင်စာရင်းကိစ္စများကိုဒေသတွင်ရှိသောလဝကများနှင့်ချိတ်ဆက်ပေးကာစာရင်းကောက်မည့်ကျောင်းဆရာ/များ၏စာရင်းကိုဖေဖော်ဝါ
ရီ(၁၇)ရက်နေ့နောက်ဆုံးထားပြီးပို့ပေးရမည်ဖြစ်ကြောင်းသိရသည်။

ကရင်ပြည်နယ်၌လက်ရှိတာဝန်ထမ်းဆောင်နေသောအချို့ပညာရေးဝန်ထမ်းကျောင်းဆရာ/မများမှာကရင်လူမျိုးများမဟုတ်ကြသဖြင့်သန်းခေါင်စာရင်းကောက်
သည့်အခါဘာသာစကားကြောင့်လွဲမှားသွားမည်ဆိုလျှင်နစ်နာမှုများရှိနိုင်သည့်အတွက်မှန်ကန်စွာကောက်ခံနိုင်သူများကိုကေအဲန်ယူဘက်ကလည်းကူရှာပေး
နိုင်သည်ဟုကရင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးစောတင့်လွင်ကပြောဆိုသည်။

ကရင်ပြည်နယ်အတွင်းရှိသန်းခေါင်စာရင်းကောက်ယူရာတွင်စာရင်းကောက်အင်အား(၂,၄၇၉)နှင့်စာရင်းစစ်(၆၇၉)ဦးအသုံးပြုသွားရန်ရှိကြောင်းပြည်နယ်လ
ဝကမှပြုစုထားသည့်စာရင်းအရသိရသည်။