သတင်းနှင့်မီဒီယာလွတ်လပ်ခွင့်ပထမဆုံးဥပဒေပြဌာန်းမှုကိုပြည်ထောင်စုလွှတ်တော်မှအတည်ပြုလိုက်ခြင်း

...

သတင်းနှင့်မီဒီယာလွတ်လပ်ခွင့်ပထမဆုံးဥပဒေပြဌာန်းမှုကိုပြည်ထောင်စုလွှတ်တော်မှအတည်ပြုလိုက်ခြင်း

RFA, 05 Mar 2014

URL: http://www.rfa.org/english/news/myanmar/media-03052014163116.html
မြန်မာပြည်တွင်ဆယ်စုနှစ်များစွာအုပ်ချုပ်လာသောစစ်အုပ်ချုပ်ရေးနောက်ပိုင်း၌အရပ်သားပုံစံတဝက်ပါသောသမ္မတဦးသိန်းစိန်အစိုးရအုပ်ချုပ်ရေး
၂၀၁၁ခုနှစ်တွင်အာဏာရလာပြီးပြုပြင်ပြောင်းလဲမှုများလုပ်လာသည့်နောက်ပိုင်းတွင်နိုင်ငံ၏ပထမဆုံးအကြိမ်အဖြစ်သတင်းမီဒီယာလွတ်လပ်ခွင့်
ဥပဒေကိုမြန်မာလွှတ်တော်မှအတည်ပြုလိုက်သည်။

သို့သော်လည်းအင်္ဂါနေ့နောက်ဆုံးအတည်ပြုလိုက်သောမီဒီယာဥပဒေမူကြမ်းနှင့်ပုံနှိပ်ထုတ်ဝေခြင်းတာဝန်ဝတ္တရားဥပဒေမူကြမ်းအောက်တွင်ထုတ်ဝေ
ခြင်းလိုင်စင်ကိုအစိုးရမှတဖက်သက်ပြန်လည်ရုပ်သိမ်းနိုင်ခြင်း(သို့မဟုတ်)ထုတ်မပေးနိုင်ခြင်းပြုလုပ်ရန်အာဏာကိုဆက်လက်ထိန်သိမ်းထားသည်။

ဦးသိန်းစိန်၏ပြန်လည်ပြု ပြင်ရေးလုပ်ဆောင်မှုများတွင်တစိတ်တပိုင်းအနေဖြင့်မြန်မာနိုင်ငံတွင်လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ပြုရန်နောက်ဆက်တွဲ
တွန်းအားပေးမှုများအရထင်ရှားသောပြုပြင်ပြောင်းလဲမှုများတွင်၎င်းတို့မှတောင့်ခံထားသောကြောင့်ဥပဒေကြမ်းနှစ်ရပ်လုံးသည်အထက်လွှတ်တော်
နှင့်အောက်လွှတ်တော်အတွင်းတွင်လများစွာသဘောထားကွဲလွဲချက်များရှိခဲ့သည်။

နိုင်ငံ၏သတင်းနှင့်မီဒီယာလုပ်ငန်းများလုပ်ဆောင်ရန်အတွက်သတင်းမီဒီယာအခွင့်အရေးနှင့်တာဝန်များကိုအစိုးရမှခန့်အပ်ထားသည့်ကိုယ်တိုင်
ဆင်ဆာတည်းဖြတ်မှုကိုထောက်ခံသောမြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှမူကြမ်းရေးဆွဲခဲ့ခြင်းဖြစ်သည်။

အငြင်းပွားဖွယ်ရာပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းဥပဒေမူကြမ်းကိုဂျာနယ်လစ်အဖွဲ့များနှင့်တိုင်ပင်ဆွေးနွေးမှုများမရှိဘဲမြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီး ဌာနမှမူကြမ်းရေးဆွဲခဲ့ပြီးမီဒီယာလုပ်ငန်းများအားလုံးအစိုးရထံတွင်မှတ်ပုံတင်ရန်(သို့)အန္တရယ်ကိုပါးနပ်စွာကိုင်တွယ်ရန်အ​တွက်​နိုင်ငံ့အာဏာပိုင်အဖွဲ့
များမှဆင်ဆာပိုင်းဆိုင်ရာအာဏာလိမ်လည်နေသည်များကိုအကြံပြုရန်စသည်တို့ကိုလိုအပ်လာသည်။

ဥပဒေကြမ်းနှစ်ခုကိုဦးသိန်းစိန်မှမကြာမီအတည်ပြုလက်မှတ်ရေးထိုးမည်ဖြစ်ပြီးဘာသာရေးနှင့်ဆိုင်သောစော်ကားမှုများပါသည့်အချက်အလက်ကုန်ကြမ်း
များထုတ်ဝေခြင်း၊ညစ်​ညမ်း​ပုံ​များ​ဖော်​ပြ​ခြင်း​၊ဥ​ပဒေစည်းကမ်းကိုအောက်ခြေကလှိုက်စားမှုများ(သို့)တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုအန္တရယ်​ပြုမှုများ
စသည့်တို့အတွက်တားမြစ်ချက်များပါဝင်သည်။

ကနဦးပိုင်းတွင်ဂျာနယ်လစ်များအားအစိုးရအာဏာပိုင်များမှတရားဥပဒေအမျိုးမျိုးကိုချိုးဖောက်သည်ဟုဆိုကာအာဏာဖြင့်ထောင်ကျအောင်ဖန်တီးခဲ့သည်။
သို့သော်လည်းတရားဥပဒေစည်းကမ်းများအနှောင့်အယှက်ပေးခြင်းနှင့်ဆူပူထကြွမှုဖြစ်အောင်လှုံ့ဆောင်ခြင်း(သို့)ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အခြားဥပဒေများ​
ကိုချိုးဖောက်ခြင်းစသည်ကဲ့သို့သောရာဇဝတ်မှုများအတွက်အစားထိုးပြစ်ဒဏ်တခုဒဏ်တပ်ခြင်းကိုဂျာနယ်လစ်များမှခံနေခဲ့ရသည်။