လာမည့်ရွေးကောက်ပွဲအတွက်လူမှုအဖွဲ့အစည်းများမှစောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဖွဲ့မည်- ရွေးကောက်ပွဲကော်မရှင်

...

လာမည့်ရွေးကောက်ပွဲအတွက်လူမှုအဖွဲ့အစည်းများမှစောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဖွဲ့မည်- ရွေးကောက်ပွဲကော်မရှင်

Eleven Media, 14 Mar 2014

URL: http://elevenmyanmar.com/index.php?option=com_content&view=article&id=5388:civil-society-organisations-will-monitor-next-election-election-commission&
ရန်ကုန်-လူမှုအဖွဲ့အစည်းများမှ၂၀၁၅ရွေးကောက်ပွဲ၌နိုင်ငံရေးအဖွဲ့များယှဉ်ပြိုင်ရာတွင်တရားမျှတသေချာစေရန်အတွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့အနေ
ဖြင့်လုပ်ဆောင်သွားမည်ဖြစ်ပြီးမဲပေးမှုများပြုလုပ်ရာတွင်တရားဥပဒေနှင့်ကိုက်ညီသောတရားဝင်လျှို့ဝှက်မဲပေးခြင်းများကိုပြီးမြောက်အောင်ကူညီဆောင်ရွက်
ပေးမည်ဖြစ်သည်ဟုမြန်မာနိုင်ငံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဥက္ကဌမှပြောကြားလိုက်သည်။

ယမန်နေ့UEC(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)နှင့်CSOs(ပြည်တွင်းလူမှုအဖွဲ့စည်းများ)တို့အကြားအပြုလုပ်ခဲ့သောပူးပေါင်းဆောင်ရွက်ရေးနှင့်ညီ
ညွတ်ပေါင်းစည်းရေးအစည်းအဝေးအတွင်းဥက္ကဌဦးတင်အေးမှဤသတင်းကိုထုတ်ဖော်ပြောကြားခဲ့သည်ပြည်တွင်းလူမှုအဖွဲ့အစည်း(၃၃)ခုနှင့်နိုင်ငံတကာအ
ဖွဲ့အစည်း(၈)ခုမှကိုယ်စားလှယ်များကလည်းအစည်းအဝေးကိုစိတ်ဝင်စားခဲ့ကြသည်။

“ကော်မရှင်တွင်အရေးကြီးသောအခန်းကဏ္ဍတရပ်ဖြင့်လူမှုအဖွဲ့အစည်းများပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၏ကြိုးပမ်းအားထုတ်မှုများသည်နိုင်ငံရေးပါတီစုံ
ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရန်ဖြစ်ပြီးဒီမိုကရေးစီနည်းကျကျဆောင်ရွက်ခြင်းအရဖြစ်သည်ထို့ကြောင့်ကျွန်တော်တို့ရွေးကောက်ပွဲအောင်မြင်ဖို့
ဆောင်ရွက်ရာမှာလူမှုအဖွဲ့အစည်းများရဲ့ကဏ္ဍကိုထည့်သွင်းခဲ့တာဖြစ်ပါတယ်အစည်းအဝေးမှရရှိလာသောအကျိုးရလဒ်အပေါ်အခြေခံခြင်းအားဖြင့်အနာဂတ်
တွင်ဒီ့ထက်ပို၍ပူးပေါင်းဆောင်ရွက်မှုများဆက်လက်ရှိနေပါလိမ့်မယ်”ဟုဦးတင်အေးမှပြောကြားခဲ့သည်။

ရွေးကောက်ပွဲအောင်မြင်မှုများတွင်CSOs(လူမှုအဖွဲ့အစည်းများ)၏စွမ်းရည်သည်အရေးပါလာလိမ့်မည်၊အထူးသဖြင့်လူထုပညာရေးစည်းရုံးလှုံ့ဆော်သည့်
နေရာဒေသများတွင်ဖြစ်သည်၊ထို့ကြောင့်ရွေးကောက်ပွဲလုပ်ငန်းစဉ်များလုပ်ဆောင်သည့်အချိန်အတွင်းနှင့်မမှန်ကန်သောမဲဆန္ဒပေးမှုများကာကွယ်ခြင်းစသည့်
တို့အားသိမြင်နိုင်သောကြောင့်၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှုများကိုဒေသအများအပြားတွင်လိုအပ်လာလိမ့်မည်ဖြစ်သည်၎င်းမှပြောကြားခဲ့သည်။

စစ်ဆေးကြည့်ရှုရေးအဖွဲ့များအတွက်ရွေးကောက်ပွဲနှင့်ဆက်နွယ်နေသည့်ဥပဒေများ၊စည်းမျဉ်းစည်းကမ်းများနှင့်လက်စွဲစာအုပ်များကိုလေ့လာရန်လိုအပ်မှုရှိသည်
ဟုဦးတင်အေးမှလည်းမီးမောင်းထိုးပြခဲ့သည်၊ထို့နောက်ဥက္ကဌမှလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲတခုနှင့်အပြီးသတ်အောင်မြင်မှုရရှိမည်ဟုအာမခံခဲ့သည်။
ကော်မရှင်မှတခြားသောနိုင်ငံများမှလေ့လာထားသောအစီအစ​ဉ်ရေးဆွဲမှုများကိုအခြေခံ၍အခန်း(၁၂)ခန်းပါနည်းဗျူဟာအစီအစဉ်ကိုပြီးခဲ့သောဇွန်လတွင်စတင်ရေး
ဆွဲခဲ့သည်။

တရားဥပဒေဘောင်ကိုအကာအကွယ်ပေးသောငါးနှစ်စာစီအစ​ဉ်ရေးဆွဲခြင်း(၂၀၁၄-၂၀၁၈)၊ကော်မရှင်အဖွဲ့အစည်းများတည်ထောင်ခြင်း၊လူသားအရင်းအမြစ်များ၊မဲ
ပြားစာရင်းစီခြင်းများ၊သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများ၊ရွေးကောက်ပွဲလုပ်ငန်းစဥများ၊လူထုဆက်ဆံရေးများ၊လူထုအတွက်ပညာရေးဆိုင်ရာ
စည်းရုံးလှုံ့ဆော်ခြင်းများ၊အရေးပါသောပါဝင်မှုများ၊နိုင်ငံရေးအဖွဲ့များနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ရွေးကောက်ပွဲအငြင်းပွားမှုကိုဆုံးဖြတ်ချက်ချခြင်းများနှင့်နည်း
ဗျူ ဟာအစီအစဉ်များအကောင်အထည်ဖော်ရန်အတွက်ပြန်လည်စစ်ဆေးခြင်းနှင့်အကဲဖြတ်ခြင်းစသည်တို့ဖြစ်သည်။

“ဥပဒေပြုမှုအလုပ်အမှုဆောင်နဲ့တရားရေးရာနဲ့ဆိုင်တဲ့အခွင့်အာဏာကိုတော့ရွေးကောက်ပွဲမှာလူထုရွေးချယ်ထားတဲ့လူထုကိုယ်စားလှယ်တွေကိုအပ်နှံပါလိမ့်မယ်။သေချာခိုင်မာမှုရှိပြီးလွတ်လပ်တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲမှာလူကောင်းသူကောင်းကိုရွေးချယ်ဖို့အတွက်ကော်မရှင်နဲ့အတူတက်ရောက်သူအားလုံး
ကိုပူးပေါင်းပါဝင်ဖို့ကျွန်တော်ဖိတ်ခေါ်ရတဲ့အကြောင်းပါပဲ”ဟုဦးတင်အေးမှအစည်းအဝေးတက်ရောက်သူများအားပြောကြားခဲ့သည်။