ငြိမ်းချမ်းရေးဆွေးနွေးမှုများ“တိုးတက်မှုအလွန်ကောင်းလာ”- ဦးလှမောင်ရွှေ

...

ငြိမ်းချမ်းရေးဆွေးနွေးမှုများ“တိုးတက်မှုအလွန်ကောင်းလာ”- ဦးလှမောင်ရွှေ

Democratic Voice of Burma, 16 Mar 2014

URL: http://www.dvb.no/interview/ceasefire-mediator-praises-negotiators-as-sides-pull-together-burma-myanmar/38
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၇)ဖွဲ့ကိုကိုယ်စားပြုသည့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့(NCCT)သည်အစိုးရ၏ပြည်တွင်းငြိမ်းချမ်းရေး
ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(IPMWC)နှင့်ပြီးခဲ့သောတပတ်၌ရန်ကုန်မြို့တွင်တွေ့ဆုံခဲ့သည်။ထိုအစည်းအဝေးတွင်၎င်းတို့တဖက်စီမှပြင်ဆင်ထားသောမူ ဘောင်များကိုအခြေခံပြီးတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုရေးဆွဲရန်အတွက်ပူးတွဲကော်မတီဖွဲ့စည်းရန်သဘောတူညီမှုရရှိခဲ့ကြသည်။

DVBအစီအစဉ်တင်ဆက်သူအေးနိုင်မှမြန်မာငြိမ်းချမ်းရေးကောင်စီဦးလှမောင်ရွှေအားတွေ့ဆုံမေးမြန်းခဲ့သည်-ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်စေ့စပ်ညှိနှိုင်းသူ။

မေး--အစည်းအဝေးမှာဘာတွေအကျိုးရလဒ်ရှိခဲ့ပါသလဲ?
ဖြေ--နှစ်ဘက်စလုံးကတော့တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးရှေ့ဆက်လုပ်ဆောင်ရာမှာတွန်းအားပေးဖို့နိုင်ငံရေးဆိုင်ရာအပြန်အလှန်ဆွေးနွေးမှုတွေကိုအကူအညီပေး
ဖို့ကြည့်နေကြပြီးပြီးအဲ့ဒီ့အတွက်(NCCT)နဲ့(IPMWC)ကမူဘောင်များဆွေးနွေးရာတွင်အငြင်းပွားမှုများကိုဖြေရှင်းဖို့အတူတကွလုပ်ဆောင်ပြီးအောင်မြင်တဲ့တခု
တည်းသောသဘောတူညီချက်ကိုရရှိဖို့ပဲဖြစ်ပါတယ်။

မေး--ကော်မတီမှာဘယ်သူတွေပါမှာပါလဲ?သူတို့ကအဆင့်မြင့်ဆုံးဖြတ်ချက်ချနိုင်သူများဖြစ်ပါလား?
ဖြေ--နှစ်ဖက်စလုံးမှာရှိတဲ့အဖွဲ့ဝင်တွေကအခန်းကဏ္ဍတွေညီတူညီမျှဖြစ်အောင်ပံ့ပိုးပေးပါလိမ့်မယ်–အခန်းကဏ္ဍတွေသတ်မှတ်တာ၊အတည်ပြုစစ်ဆေးတာတွေနဲ့အ ဓိပ္ပယ်သတ်မှတ်မှုနဲ့ပတ်သတ်ပြီးအငြင်းပွားတာတွေကိုဟန်ချက်ညီစေတာတွေနဲ့နိုင်ငံရေးနဲ့ဆိုင်တဲ့အပြန်အလှန်ဆွေးနွေးတာတွေအတွက်အချက်အလက်တွေကိုရှေ့
မှောက်မှာလုပ်ဆောင်တွေတို့ပဲဖြစ်ပါတယ်။ဒီပူးတွဲကော်မတီကိုပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(IPMWC)ဘက်မှအဖွဲ့ဝင်ကိုးဦးခန့်ထားမှာဖြစ်ပြီး
တပ်မတော်(မြန်မာလက်နက်ကိုင်တပ်မတော်)၊ပါလီမန်နဲ့အစိုးရတခုစီမှသုံးယောက်စီပါဝင်မယ့်အကြောင်းကျွန်တော်တို့NCCT ကိုအကြောင်းကြားခဲ့ပါတယ်။လာ မယ့်(၁၉)ရက်နေ့နဲ့(၂၀)ရက်နေ့တွေမှာကျင်းပမယ့်NCCTအစည်းအဝေးမှာသူတို့ရဲ့အဖွဲ့ဝင်တွေကိုခန့်ထားပါလိမ့်မယ်။

မေး--တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းမှာအခန်းခုနစ်ခန်းပါဝင်မယ်နော်၊ဘယ်တော့လောက်အပြီးသတ်မှာပါ​လဲ?
ဖြေ--ကျွန်တော်တို့ဆွေးနွေးတဲ့အခါရင်ဆိုင်ရတဲ့အဓိကအကြောင်းကိစ္စကတော့တဖက်စီကသူတို့ရဲ့သက်ဆိုင်တဲ့မူဘောင်တွေကိုတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး
သ​ဘောတူစာချုပ်အတွက်စံပြအဖြစ်နဲ့အသုံးပြုချင်ကြတယ်။မူဘောင်နှစ်ခုစလုံးမှာတူတဲ့အချက်တွေအများအပြားကျွန်တော်တို့တွေ့ပါတယ်၊ဒါကြောင့်ဒီတူတဲ့အချက်
တွေကိုသက်ဆိုင်တဲ့အခန်းတွေအောက်ကနေပြီးသတ်မှတ်ဖို့အစီအစဥရှိပြီးအငြင်းပွားတာတွေကိုလည်းပြီးပြတ်စေဖို့ပဲဖြစ်ပါတယ်–ကျွန်တော်တို့နှစ်ခါသုံးခါလောက်
အစည်းအဝေးလုပ်ပြီးတဲ့နောက်ပိုင်းဒါတွေဟာပြီးလုနီးပါးရှိ​သင့်တယ်လို့ကျွန်တော်ထင်ပါတယ်။

မေး--ဒါတွေဟာဘားအံမှာ​ဒီလပိုပြီးနောက်ကျဖို့စီစဉ်ထားတဲ့အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တို့အကြားဆွေးနွေးမှုကိုထပ်မံရွေ့ဆိုင်းလိမ့်မယ်လို့ဆိုလိုချင်ပါ
သလား?
ဖြေ--နေပြည်တော်မှာတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်မရေးထိုးခင်လက်နက်ကိုင်အဖွဲ့များနဲ့အစိုးရတို့အကြားနောက်ဆုံးဆွေးနွေးခြင်းများကိုဘားအံပြောဆို
မှုများမှာမြင်တွေ့ရပါလိမ့်မယ်။သူတို့အတွင်းအစည်းအဝေးဟာဘားအံမှာပြုလုပ်မယ့်အပြီးသတ်ဆွေးနွေးခြင်းကိုဦးဆောင်ပေးနေတဲ့အခြေခံကျတဲ့လှေကားထစ်တွေပါပဲ
ဟုတ်ပါတယ်၊ဒါပေမယ့်လက်ရှိအခြေအနေတွေအောက်မှာတော့ဧပြီ​လအထိရွေ့ဆိုင်းရပါလိမ့်မယ်။

မေး--တခြားထည့်ပြီးပြောချင်တာများရှိ​ပါသေးသလား?
ဖြေ--တခုထဲပါပဲ၊ဒါကတော့ပြီးခဲ့တဲ့တပတ်အစည်းအဝေးဟာအလွန်အမင်းကိုပဲတိုးတက်လာတယ်လို့ကျွန်တော်ခံစားရပါတယ်။