သစ်တောကြိုးဝိုင်းမြေယာပြဿနာဖြေရှင်းပေးရန်ဒေသခံရွာသားများလွှတ်တော်သို့တင်ပြ

Karen News, 02 Apr 2014
URL: http://karennews.org/2014/04/mp-granted-land-concession-villagers-demand-parliament-settle-dispute.html/
လှိုင်းဘွဲ့မြို့နယ်နှင့်ဘားအံမြို့နယ်ရှိကျေးရွာပေါင်းနှစ်ဆယ်မှရွာသား၁၃၀ထက်မနည်းသည်စီးပွားရေးလုပ်ငန်းရှင်များထံသို့ရော်ဘာစိုက်ပျိုးရန်လုပ်ကိုင်ရန်ခွင့်ပြုထားခဲ့သည့်
လယ်ယာမြေများအပေါ်အငြင်းပွားမှုကိုဖြေရှင်းပေးရန်အတွက်တောင်းဆိုထားသည့်အသနားခံစာကိုလက်မှတ်ထိုးကာပြည်နယ်လွှတ်တော်သို့ပေးပို့ခဲ့ကြသည်။
နေထိုင်သူများမှမတ်(၁၃)ရက်နေ့တွင်၎င်းတို့၏လက်မှတ်များနှင့်အတူ၎င်းတို့၏စာကိုပါလီမန်သို့တင်ပြခဲ့ကာကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်ရှိထီလုံနှင့်ကျုံပကိုသစ်တောကြိုး
ဝိုင်းနေရာတွင်မြေပိုင်ဆိုင်မှုအငြင်းပွားမှုကိုချက်ချင်းဖြေရှင်းပေးရန်သက်ဆိုင်ရာတာဝန်ရှိသူများထံသို့တောင်းဆိုကြသည်ဟုကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပြည်
သူ့လွှတ်တော်မှပါလီမန်အဖွဲ့ဝင်တဦးဖြစ်သူဒေါ်နန်းစေးအွာမှပြောကြားခဲ့သည်။
ဒေါ်နန်းစေးအွာမှအငြင်းပွားမှုအကြောင်းကိုကရင်သတင်းစဉ်သို့ပြောကြားခဲ့သည်။
“နေထိုင်သူတွေကသူတို့ရဲ့လက်မှတ်တွေနဲ့အတူစာကိုကျွန်မဆီကိုပို့ခဲ့တယ်။ကျွန်မကစာကိုပါလီမန်ဆီကိုရှေ့ဆက်တင်ပေးတယ်၊အခုတော့အဲ့ဒါတုံ့ပြန်ချက်ကိုစောင့်နေပါတယ်။ပါလီမန်ရဲ့တုံ့ပြန်ချက်ကိုလက်ခံရရှိပြီးတဲ့နောက်မှာကွင်းဆင်းစစ်ဆေးတာတွေကိုလုပ်ဆောင်ပါမယ်။တွေ့ရှိချက်တွေကိုသက်ဆိုင်ရာဌာနတွေကိုအစီရင်ခံစာတင်ပါမယ်။သက်ဆိုင်ရာဌာနဆိုင်ရာများကပွင့်လင်းမြင်သာဖို့အရေးကြီးပါတယ်”
ကျေးရွာ၂၀တွင်နေထိုင်သူအယောက်၁၃၀လက်မှတ်ထိုးကာတင်ခဲ့သောအသနားခံစာသည်ပါလီမန်အဖွဲ့ဝင်ဒေါ်နန်းစေအွာမှတဆင့်တင်ခဲ့ခြင်းဖြစ်သည်။
လှိုင်းဘွဲ့မြို့နယ်နှင့်ဘားအံမြို့နယ်ရှိနောင်ကမြိုင်စံပြ၊ထီလုံ၊တဝန်ဖန်ယ၊တပုထို၊မိုင်းကံ၊ကျုံပကို၊ဒိုင်းပြ၊မြိုင်သာယာ၊နောင်ပနားမိန့်၊ဂျို့ချောင်းနှင့်နန်းထိုက်စံရွာများမှရွာသား
များပါဝင်သည်။ပြည်နယ်သစ်တောရေးရာဌာနမှစီးပွားရေး လုပ်ငန်းသမားများထံသမွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တွင်ရော်ဘာစိုက်ရန်အတွက်အငှားချထားသောမြေအ
ငြင်းပွားမှုကိုဖြေရှင်းပေးရန်အတွက်တောင်းဆိုခဲ့ကြသည်။
အကျိုးသက်ရောက်မှုခံခဲ့ရသောရွာများထဲမှတရွာဖြစ်သည့်နောင်ကမြိုင်ရွာသားများမှ၎င်းတို့သည်၎င်းတို့၏စိုက်ပျိုးမြေများကိုကုမ္ပဏီ၏အလုပ်သမားများမှရော်ဘာစိုက်ပျိုး
ရန်အတွက်လာရောက်စတင်ပြင်ဆင်သည်ကိုမြင်တွေ့သောအခါ၎င်းတို့စိတ်ညစ်ခဲ့ရသည်ဟုပြောခဲ့သည်။
အငြင်းပွားမှုကိုပြန်လည်ဖြေရှင်းချက်ရရန်အတွက်ကြိုးပမ်းအားထုတ်ခဲ့သောနောင်ကမြိုင်ရွာသားများနှင့်အငြင်းပွားမြေ၏အငှားချသူအသစ်များမှဖေဖော်ဝါရီလ(၂၀)ရက်
နေ့တွင်ကျေးရွာစီမံခန့်ခွဲရေးရုံး၌အစည်းအဝေးတရပ်ကျင်းပခဲ့သည်။သို့သော်လည်းအစည်းအဝေးမှပြဿနာကိုမဖြေရှင်းနိုင်ခဲ့ပေ။ရွာသားများဟာမကြာသေးမီကအထိသူ
တို့ရဲ့မြေတွေကိုအငှားချထားတာကိုသတိမမူမိခဲ့ကြပါဘူးဟုစောသိန်းအောင်မှပြောခဲ့သည်။
“အပြင်ကိုအငှားချခြင်းခံရတဲ့လယ်မြေများမှာအလုပ်လုပ်ကိုင်နေခဲ့တဲ့သူများဟာနောင်ကမြိုင်ရွာတခုတည်းနဲ့ပဲရွာသားအယောက်(၅၀)ထက်မနည်းရှိပါတယ်။တကယ်လို့အနီး
အနားကရွာများကိုပါထည့်ရေတွက်လိုက်ရင်အပြင်ကိုအငှားချခြင်းခံရတဲ့ရွာသားများရဲ့လယ်မြေဟာဧက၁,၀၀၀ကျော်ကောင်းကောင်းရှိပါတယ်။ခုကျွန်တော်တို့ရဲ့လယ်မြေဟာ
သူတို့လက်ထဲမှာပြီးစီးလုနီးပါးရှိနေပါပြီ။ဘယ်တာဝန်ရှိသူတွေကမြေကိုလုပ်ကိုင်ခွင့်ပေးခဲ့တယ်ဆိုတာကိုကျွန်တော်တို့မသိပါဘူး။လယ်မြေတွေကိုသူတို့ကုမ္ပဏီအလုပ်သမား
တွေရှင်းလင်းဖို့စတင်လုပ်ကိုင်တာကိုကျွန်တော်တို့တွေ့မြင်တဲ့အခါမှသာကျွန်တော်တို့အဲ့ဒါကိုသိခဲ့ရုံသာရှိတာပါ”ဟုစောသိန်းအောင်ကပြောခဲ့သည်။
ရွာအရင်းအထောက်အထားများအရ၂၀၁၃ခုနှစ်၊ဇူလိုင်(၁၄)ရက်နေ့တွင်ရော်ဘာစိုက်ပျိုးရန်အတွက်ထီလုံရွာသစ်တောကြိုးဝိုင်းတွင်တဦးချင်းစီကိုဧက၅၀လုပ်ကိုင်ခွင့်နှင့်အတူ
ကုမ္ပဏီနှင့်ကရင်ပြည်နယ်သစ်တောရေးရာဌာနတို့အကြားလက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့ကြသည်။တနှစ်လျှင်မြေတဧကအတွက်ကျပ်၅၀၀နှုန်း(US၅၀ဆင့်ခန့်)ကိုနှစ်သုံး
ဆယ်အတွက်မြေအသုံးပြုရန်စာချုပ်၌ကုမ္ပဏီကိုခွင့်ပြုထားကြောင်းရွာအထောက်အထားများသိရသည်။တာဝန်ရှိသူများနှင့်ကုမ္ပဏီသည်ဒေသခံလယ်သမားများအတွက်သနား
ညှာတာမှုမရှိခဲ့ပါဘူးဟုနောင်ကမြိုင်ရွာမှလယ်သမားစောအနိုင်မင်းကဆိုခဲ့သည်။
“ကျွန်တော်တို့မြေတွေကိုတစ်နှစ်မှာတစ်ဧကကို၅၀၀ကျပ်တည်းနဲ့အငှားချခဲ့တာကိုကျွန်တော်တို့ကြားရတဲ့အခါကျွန်တော်တို့အတွက်စိတ်မချမ်းမသာစရာဖြစ်ရပါတယ်။တကယ်
လို့ကျွန်တော်တို့မြေကိုကျွန်တော်တို့ကိုဆက်လက်လုပ်ကိုင်ဖို့ခွင့်ပြုမယ်ဆိုရင်ကျွန်တော်တို့ဒီပမာဏထက်အကုန်အကျခံပိုမြင့်ပေးဖို့ကျွန်တော်တို့ကြိုးစားနိုင်ပါတယ်။သူတို့(ကုမ္ပဏီ
နဲ့တာဝန်ရှိသူတွေ)ဟာရွာသားတွေရဲ့နေ့စဉ်ဘဝအတွက်အသည်းနှလုံးခံစားချက်မရှိကြပါဘူး”
အစိုးရမှပြဿနာတရားမျှတစွာဖြေရှင်းပေးရန်လိုလားကြောင်းစောအနိုင်မှပြောခဲ့သည်။ပြဿနာဖြစ်ရတဲ့ဇစ်မြစ်ဟာတာဝန်ရှိသူများမှထင်သာမြင်သာရှိမှုအားနည်းသော
ကြောင့်ဖြစ်ခြင်းဖြစ်သည်ဟု၎င်းမှပြောခဲ့သည်။
“တရားရုံးမှာထင်သာမြင်သာအောင်မြေအငြင်းပွားမှုပြဿနာကိုလာရောက်ဖြေရှင်းပေးဖို့သူတို့အတွက်တာဝန်ရှိသူများထံကိုကျွန်တော်တို့အသနားခံစာမှာလက်မှတ်ထိုးပြီး
ပေးပို့ခဲ့တာဟာကျွန်တော်တို့ပထမဆုံးအကြိမ်ပူးပေါင်းဆောင်ရွက်လုပ်ဆောင်တာပါပဲ”
အစိုးရ၏အငြင်းပွားဖွယ်နေရာဒေသများတွင်မြေလုပ်ကိုင်ခွင့်ဂရမ်ရရှိထားသည့်နိုင်ငံပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သည့်စောမင်းအောင်မှသူသည်သူ၏အစိုးရအမှုထမ်းဖြစ်သော
ကြောင့်မြေလုပ်ပိုင်ခွင့်ရခဲ့တာမဟုတ်ကြောင်းကိုကရင်သတင်းစဉ်သို့ပြောခဲ့သည်။
“ကျွန်တော်လည်းအရပ်သားထဲကတစ်ယောက်ပါပဲ။အရပ်သားတယောက်အခွင့်အရေးနဲ့အညီတရားဝင်မြေလုပ်ကိုင်ဖို့အတွက်ကျွန်တော်သက်ဆိုင်ရာတာဝန်ရှိသူများကိုလျှောက်
ထားခဲ့တာပါ။ကျွန်တော်လုပ်ကိုင်ခွင့်ရရှိထားပါပြီ၊ဒါကြောင့်ကျွန်တော်လုပ်ကိုင်ဖို့အခွင့်အရေးရှိတာပါ။လယ်သမားတွေသဘောတူထားတဲ့လယ်ကိုပဲကျွန်တော်တို့လုပ်ဆောင်တာပါ။လယ်သမားများပိုင်တဲ့မြေများကိုလယ်သမားများသဘောမတူရင်ကျွန်တော်တို့ထိလိမ့်မှာမဟုတ်ပါဘူး။ကျွန်တော်တို့အဲ့လိုလုပ်ဖို့အာဏာမရှိပါဘူး”
၎င်းသစ်တောကြိုးဝိုင်းတွင်ဒေသခံများကဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာသည့်လယ်ဟာမြေများရှိသလိုမြန်မာအစိုးရနှင့်ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထံသို့လည်း
နှစ်စဉ်အခွန်ပေးဆောင်လာခဲ့သည့်လယ်မြေများဖြစ်ကြောင်းနှင့်ယခုဖြစ်ပေါ်လာသည့်ပြဿနာအကြောင်းအရင်းမှာပွင့်လင်းမြင်သာမှုအားနည်းခြင်းကြောင့်ဖြစ်သည်ဟုစောအ
နိုင်မင်းကဆက်ပြောသည်။
ထို့အပြင်မြေယာအငြင်းပွားမှုပြဿနာများအပေါ်ဘားအံမြို့နယ်ရှိခရိုင်အုပ်ချုပ်ရေးမှူးဦးရဲနိုင်နှင့်သစ်တောဌာနတာဝန်ရှိသူအချို့သည်မတ်လ(၁၁)ရက်နေ့ကဘားအံမြို့နယ်၊နောင်က
မြိုင်စံပြကျေးရွာတွင်ဒေသခံများအားလာရောက်တွေ့ဆုံခဲ့သော်လည်းတစုံတရာဖြေရှင်းပေးနိုင်ခြင်းမရှိကြောင်းသိရသည်။
လှိုင်းဘွဲ့မြို့တော်တွင်ထီလုံသစ်တောနှင့်ကျုံပကိုသစ်တောကြိုးဝိုင်းအတွင်းတွင်မြေယာအငြင်းပွားမှုပြဿနာဖြစ်ပွားမှုဖြစ်ပြီးနောက်လက်ရှိအချိန်တွင်သက်ဆိုင်ရာရဲများ၊အစိုးရစစ်
တပ်များနောင်ကမြိုင်ကျေးရွာအတွင်းသို့ဝင်ထွက်သွားလာမှုတွေရှိကြောင်းနောင်ကမြိုင်ကျေးရွာတာဝန်ရှိသူများကပြောဆိုသည်။