သန်းခေါင်စာရင်းဆက်လက်ကောက်ယူစဉ်ကွာဟချက်များပေါ်လာ

...

သန်းခေါင်စာရင်းဆက်လက်ကောက်ယူစဉ်ကွာဟချက်များပေါ်လာ

Myanmar Times, 04 Apr 2014

URL: http://www.mmtimes.com/index.php/national-news/10073-data-holes-emerge-as-census-continues.html
သန်းခေါင်စာရင်းကောက်ယူသူများ၏တစ်ထောင်ပုံတွင်ဆယ်ပုံတစ်ပုံသည်နိုင်ငံ၏ခန့်မှန်းခြေအိမ်ထောင်စု(၁၁)သန်းကိုသန်းခေါင်စာရင်းကောက်ယူရန်အတွက်နိုင်ငံတလွှားဖြန့်ကျက်ခဲ့သည့်အား
လျော်စွာမြန်မာနိုင်ငံ၏တချို့သောအပိုင်းများတွင်သန်းခေါင်စာရင်းအချက်အလက်များသည်အပြီးသတ်မဖြစ်ဖို့အလားအလာရှိကြောင်းတာဝန်ရှိသူများမှပြီးခဲ့သောတပတ်တွင်ဝန်ခံပြောဆိုခဲ့သည်။

ဧပြီလအကုန်တွင်အိမ်ထောင်စုတိုင်း၏၃၀ရာခိုင်နှုန်းကိုသန်းခေါင်စာရင်းကောက်ခံမှုပြီးစီးနှင့်မည်ဖြစ်ကြောင်းကိုအစိုးရခန့်အပ်ထားသောသန်းခေါင်စာရင်းကောက်ယူရေးဗဟိုကော်မတီမှပြောကြား
ခဲ့သည်။

နှစ်သုံးဆယ်ကျော်မှမြန်မာနိုင်ငံ၏ပထမအကြိမ်ထပ်မံကောက်ယူသောသောသန်းခေါင်စာရင်းသည်မတ်လ၃၀ရက်နေ့တွင်စတင်ခဲ့သည်။ပထမနှစ်ရက်တွင်သန်းခေါင်စာရင်းကောက်ယူသူများမှခန့်
မှန်းခြေ(၁၁)သန်းတွင်အိိမ်ထောင်စု(၂,၀၃၅,၀၀၁)ကိုကောက်ယူနိုင်ခဲ့သည်။သန်းခေါင်စာရင်းကောက်ယူမှုသည်အစီအစဉ်အတိုင်းဧပြီလ(၁၀)ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်သည်။

သို့သော်လည်းလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့်ပဋိပက္ခဖြစ်မှုများနှင့်တိုင်းရင်းသားလူမျိုးစုများတဖက်နှင့်တဖက်အငြင်းပွားမှုများကြောင့်ရခိုင်၊ကချင်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်
သန်းခေါင်စာရင်းကောက်ယူမှုသည်ပြီးပြည့်စုံလိမ့်မည်မဟုတ်ကြောင်းကိုတာဝန်ရှိသူများမှဝန်ခံပြောဆိုခဲ့သည်။

အစိုးရမှထိုအလှမ်းဝေးသောနယ်မြေများကိုသန်းခေါင်စာရင်းကောက်ယူမှုမှချန်ထားမည်ဖြစ်ပြီးထိုဒေသများတွင်နေထိုင်သောသူများသည်လည်းသန်းခေါင်စာရင်းကောက်ခံမှုကိုခံရမည်မဟုတ်ပေ။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏လက်နက်ကိုင်တောင်ပံဖြစ်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထိန်းချုပ်ရာနယ်မြေများအောက်၌ရှိသောနယ်မြေဒေသများမှသန်းခေါင်စာ
ရင်းကောက်ယူမှုအတိုင်းအတာ၏အချက်အလက်တိကျမှန်ကန်မှုသည်အနာဂတ်တွင်အမှောင်ထုဖုံးလွှမ်းနေအုံးမည်ဖြစ်သည်။

အဖွဲ့များသည်သန်းခေါင်စာရင်းကောက်ယူသူများကိုKNUနယ်မြေများတွင်အချက်အလက်ကောက်ခံရန်ခွင့်မပြုခဲ့ကြောင်းကိုကေအဲန်ယူဗဟိုအမှုဆောင်ကောင်တီဝင်ပဒိုမန်းငြိမ်းမောင်မှပြောခဲ့သည်။ထိုသို့အစားအဖွဲ့အစည်းများမှ၎င်းတို့လူများဖြင့်ကောက်ခံခြင်းဖြင့်အချက်အလက်စုစည်းကောက်ယူပြီးအစိုးရထံပေးခြင်းသည်ပို၍ကောင်းမည်ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူသူများသည်အစိုးရမှသင်တန်းပေးခြင်းကိုပဲရရှိခဲ့သည်ဟုKNUမှပြောခဲ့သော်လည်းသန်းခေါင်စာရင်းကောက်ယူရေးဗဟိုကော်မတီသည်KNUမှကောက်ယူပေးမည့်အ
ချက်အလက်များကိုလက်ခံမည်၊လက်မခံမည်ကိုမူရှင်းလင်းမှုမရှိပေ။

ထိုအတောအတွင်းတွင်လူဦးရေတစ်သန်းလောက်များပြားသည့်အရေအတွက်ရှိသည့်ရခိုင်ပြည်နယ်မှမူဆလင်များသည်၎င်းတို့၏လူမျိုးစုအပေါ်အငြင်းပွားမှုများကြောင့်ရလဒ်များတွင်ပါဝင်လိမ့်
မည်မဟုတ်ပေ။ကုလသမဂ္ဂ၏လူဦးရေကောက်ယူမှုရန်ပုံငွေပံ့ပိုးပေးမှုများနှင့်အတူအစောပိုင်းသဘောတူညီထားမှုကိုသိသိသာသာချိုးဖောက်ကာယခင်ရက်အနည်းငယ်ကသန်းခေါင်စာရင်းကောက်
ခံရာတွင်အစိုးရသည်၎င်းတို့အားရိုဟင်ဂျာမဟုတ်ပဲဘင်္ဂါလီအနေဖြင့်တခုတည်းကိုကိုယ်တိုင်ရွေးချယ်မှသာကောက်ခံခွင့်ပြုမည်ဟုကြေငြာခဲ့သည်။

စင်္ကာပူနိုင်ငံသားတက္ကသိုလ်မှမဟာဌာနအဖွဲ့ဝင်နှင့်နိုင်ငံတကာနည်းပညာအကြံပေးဘုတ်အဖွဲ့၏ပူးတွဲသဘာပတိPaul Cheungမှသန်းခေါင်စာရင်းကောက်ယူမှုတိုင်းတွင်အပြည့်အဝကောက်ယူ
လို့မရခြင်းသည်လည်းအကြောင်းကိစ္စတရပ်ပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ITABသည်ကွင်းဆင်းရာတွင်စာရင်းဇယား၊လူဦးရေအခြေအနေလေ့လာဆန်းစစ်ရေးဗေဒနှင့်သန်းခေါင်စာရင်းကောက်ယူခြင်းတို့၌ကမ္ဘာ့ကျွမ်းကျင်၁၅ခု၏အစိတ်အပိုင်းတခုဖြစ်ပြီး၎င်းသည်မြန်
မာနိုင်ငံ၏သန်းခေါင်စာရင်းကောက်ယူမှုပြုလုပ်ရာတွင်အခြေတကျဖြစ်ခဲ့ဖို့အတွက်ဦးဆောင်လမ်းပြရန်ဖြစ်သည်။သို့သော်လည်းကောက်ယူခြင်းမခံရသည့်အုပ်စုများကိုထည့်သွင်းရန်အတွက်နောင်
အခါအချက်အလက်များပြင်နိုင်ဖို့ဖြစ်နိုင်ခြေရှိကြောင်း၎င်းမှပြောခဲ့သည်။

"ဒါပေမယ့်ဒီလိုလုပ်ဖို့အတွက်ကျွန်တော်တို့လိုအပ်တာကတော့အစိုးရအနေနဲ့အမှန်အတိုင်းလက်ခံဖို့ပါပဲ၊ဒါကလဲပြဿနာရှိပါတယ်၊ပြီးတောရေတွက်ခြင်းမပြုခဲ့တာတွေကိုပြန်ပြုလုပ်ဖို့အတွက်အခြား အချက်အလက်တွေကိုကျွန်တော်တို့အတွက်ထုတ်ပြန်ပေးဖို့လိုပါတယ်"အိမ်ထောင်စုတိုင်းတွင်ရှိသောအရေအတွက်များအပြားကိုကျော်သွားရန်အလားအလာရှိသော်ငြားလည်းအချက်အလက်
ကောက်ယူမှုကတော့အသုံးဝင်နေတုန်းပါပဲဟု၎င်းမှပြောဆိုခဲ့သည်။

“သန်းခေါင်စာရင်းကောက်ယူမှုကြိုတင်ပြင်ဆင်လှုပ်ရှားမှုများဟာအလွန်ကိုပဲကောင်းခဲ့ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့အရေအတွက်အတော်အများပြားအတွက်ကျွန်တော်တို့စိတ်ချလက်ချရှိပါတယ်၊သန်းခေါင်စာရင်းဟာအနာဂါတ်အစီအစဉ်များမှာအသုံးပြုဖို့အတွက်အလွန်ကောင်းမွန်သောအချက်အလက်အဖြစ်ထွက်ပေါ်လာပါလိမ့်မယ်”။