ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများကြောင့်နိုင်ငံခြားဝင်ငွေ၊အလုပ်အကိုင်အခွင့်အလမ်းများတိုးလာ

...

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများကြောင့်နိုင်ငံခြားဝင်ငွေ၊အလုပ်အကိုင်အခွင့်အလမ်းများတိုးလာ

Eleven Media, 09 Apr 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=5723:tourism-spurs-foreign-revenue-job-opportunities&catid=35:tourism&Itemid
မြန်မာနိုင်ငံသည်(၂)မီလီယမ်ထက်ပိုမိုများပြားသည့်နိုင်ငံခြားမှလာရောက်လည်ပတ်သူများကိုလှိုက်လှဲစွာကြိုဆိုခဲ့ပြီးယမန်နှစ်တွင်ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းမှဝင်ငွေယူအက်စ်ဒေါ်လာ
၉၂၆ မီလီယမ်ရရှိခဲ့သည်ဟုဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားရေးမှူးမှပြောဆိုလိုက်သည်။

၂၀၁၂ခုနှစ်နှိုင်းယှဉ်ချက်များအရကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းဝင်ငွေသည်ယူအက်စ်ဒေါ်လာမီလီယမ်(၄၀၀)နီးပါးတိုးလာသည်ကိုတွေ့ရှိရသည်။(၂၇)ကြိမ်မြောက်အထိမ်းအမှတ်ဆီးဂိမ်း
ပြိုင်ပွဲကိုထည့်တွက်ခဲ့ခြင်းဖြင့်ယမန်နှစ်၏ကမ္ဘာလှည့်ခရီးသွားများဆိုက်ရောက်မှုကိုစံချိန်သစ်တင်နိုင်ခဲ့သည်။

ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းများတိုးပွားလာမှုသည်၉၃ရာခိုင်နှုန်းမြင့်တက်လာကာ၎င်းသည်အလုပ်အကိုင်အခွင့်အလမ်းများပိုမိုတိုးတက်လာစေရန်ဦးဆောင်လျက်ရှိသည်ဟုနိုင်ငံတော်
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးတွင်ဒုတိယသမ္မတဦး ဉာဏ်ထွန်းမှပြောကြားခဲ့သည်။

ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းမှဆင်းရဲနွမ်းပါးခြင်းလျော့ချမှုကိုအကူအညီပေးပြီးနယ်ပယ်ဒေသအမျိုးမျိုး၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပေါ်ပေါက်စေသည်ဟု၎င်းမှပြောကြားခဲ့သည်က
မ္ဘာလှည့်ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက်မြန်မာ့ကမ္ဘာလှည့်ခရီးသွားလာရေးမာစတာအစီအစဉ်၂၀၁၃-၂၀၂၀မှခန့်မှန်းခြေကုန်ကျငွေယူအက်စ်ဒေါ်လာ(၄၈၆)မီလီယမ်ထက်များပြား
သောစီမံကိန်း(၃၈)ခုနှင့်အတူအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

အစီအစဉ်များကိုစီမံချက်ရေးဆွဲခဲ့ပြီး၂၀၁၅ခုနှစ်တွင်(၃.၁)မီလီယမ်ထိကမ္ဘာလှည့်ခရီးသွားများဆိုက်ရောက်လာရန်မျှော်လင့်ခဲ့ကြပြီး၂၀၂၀ခုနှစ်တွင်(၇)မီလီယမ်ထက် ကျော်လွန်သွားရန်မျှော်
လင့်ခဲ့ကြသည်။

ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းမှရရှိလာသောဝင်ငွေသည်၂၀၁၂ခုနှစ်တွင်ယူအက်စ်ဒေါ်လာ၅၃၄မီလီယမ်ရှိကာ၂၀၂၀ခုနှစ်တွင်ယူအက်စ်ဒေါ်လာ(၁၀.၁၈)ဘီလီယမ်ထိရောက်ရှိရန်မျှော်လင့်
နေခဲ့ကြသည်။

ထို့ပြင်ကမ္ဘာလှည့်ခရီးသွားလာခြင်းနှင့်ဆက်စပ်လျက်ရှိသောလုပ်ငန်းကိုင်ခန်းများမှအလုပ်အကိုင်များသုံးသိန်းနီးပါးပွင့်လမ်းလာကာအလုပ်အကိုင်များခန့်မှန်းခြေ(၁.၄၉)မီလီယမ်ဆက်လက်
မြင့်တက်နေမည်ဖြစ်သည်။