ငြိမ်းချမ်းရေးဆွေးနွေးမှုများအလယ်တွင်ကရင်ပြည်နယ်ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုများတိုးတက်လာ

Democratic Voice of Burma, 18 Apr 2014
URL: http://english.dvb.no/analysis/amid-peace-talks-health-cooperation-in-karen-state-sends-positive-signals-burma-myanmar/39726
မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း၌ဆယ်စုနှစ်ခြောက်စုကျော်ဖြစ်ပွားနေသောပြည်တွင်းစစ်တွင်အရပ်သားများသည်ရုပ်ပိုင်းဆိုင်ရာဘေးကင်းလုံခြုံမှု၊အစားအစာ၊ဆေးဝါးစသည့်အခြေခံလိုအပ်ချက်
များကိုရှာဖွေရန်အတွက်နယ်စပ်တဖက်တွင်ရှိသောထိုင်းနိုင်ငံသို့အစုလိုက်အပြုံလိုက်ထွက်ပြေးလာခဲ့ကြသည်။
သို့သော်လည်းယခုအခါတွင်မူနေရပ်ကိုပြန်ရန်အတွက်မျှော်လင့်ချက်ရေးရေးတောက်ပလာနေပြီဖြစ်သည်။တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များစတင်လုပ်ဆောင်နေကာအ
စိုးရသည်လည်းနိုင်ငံ၏တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အများစုနှင့်အပစ်အခတ်ရပ်စဲရေးကိုလက်မှတ်ရေးထိုးခဲ့သည်။သေချာသည့်တိုင်အောင်ဤသဘောတူညီချက်များ၏ရေရှည်ခံမှုသည်
အခိုင်အမာဖြစ်ဖို့အာမခံချက်များအလှမ်းဝေးနေသည်။နိုင်ငံ၏တချို့နေရာတစိတ်တဒေသများတွင်အခြေအနေများသည်အကြမ်းဖက်မှုများနှင့်တင်းမာမှုများဆက်လက်ကျန်ရှိနေသည်၊
သို့သော်လည်းထိုင်းနိုင်ငံတွင်ရှိသောဒုက္ခသည်အများစု၏ကရင်ပြည်နယ်သည်၎င်း၏သမိုင်းေခတ်တွင်တည်ငြိမ်သောကာလဖြစ်ကောင်းဖြစ်လာနိုင်သည်ကိုတွေ့ကြုံနေရပြီဖြစ်သည်။အဆင့်
မြင့်စေ့စပ်ဆွေးနွေးမှုများလုပ်ဆောင်နေသေးသော်လည်းကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာနယ်မြေများတွင်နေထိုင်သောလူထု၏ထောင်ပုံတွင်ဆယ်ပုံတပုံအတွက်အတွက်ကျန်း
မာရေးဝန်ဆောင်မှုများသည်တဖြည်းဖြည်းတိုးတက်လာကာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏အကျိုးအကြောင်းဆက်စပ်မှုများသည်ထင်သာမြင်သာရှိလာပြီဖြစ်သည်။
“ကျွန်တော်တို့ရဲ့လှုပ်ရှားသွားလာမှုတွေကိုကျွန်တော်တို့ဘေးကင်းစွာနဲ့ဆောင်ရွက်နိုင်ပြီးကျွန်တော်တို့အသိုင်းအဝိုင်းမှာအခွင့်အလမ်းတွေပိုမိုရရှိလာပါတယ်”ဟုထိုင်းနိုင်ငံ၊မဲ့စရီးယန်းဒေသဌာန
ချုပ်မှနယ်စပ်ဖြတ်သန်းသောကယ်ဆယ်ရေးအလုပ်လုပ်ဆောင်သူတဦးဖြစ်သည့်ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန(KDHW)၊KNUဆေးဝါးကုသကယ်ဆယ်ရေးလက်ရုံးတပ်ဖွဲ့၏အမှုဆောင်
တစ်ဦးဖြစ်သူဂျီးဂျီးမှပြောလိုက်သည်။“အရင်တုန်းကကျွန်တော်တို့SPDCစစ်သားတွေနဲ့တွေ့တဲ့အခါသူတို့ကကျွန်တော်တို့ရဲ့ဆေးမှူးတွေကိုပစ်ပါတယ်။ဒါပေမယ့်အခုအခါမှာတော့အပစ်အခတ်ရပ်
စဲရေးလုပ်ငန်းဆောင်ရွက်မှုတွေကြောင့်ကျွန်တော်တို့ဆေးမှူးတွေလွပ်လပ်စွာသွားလာနိုင်ပါပြီ”
သို့သော်လည်းအပြီးသတ်ငြိမ်းချမ်းရေးသဘောတူညီချက်သည်ယတိပြတ်မှတ်ရခက်နေသော်လည်းတိုက်ပွဲဖြစ်မှုကြောင့်လုပ်ဆောင်မှုများကိုကန့်သတ်ထားရသည့်နေရာများတွင်KDHWမှ၎င်း
တို့၏လုပ်ဆောင်မှုများကိုခြေလှမ်းတိုးလုပ်ဆောင်ခဲ့သည်။
လုံခြုံမှုတိုးမြင့်လာသည်ကိုသတိမူခဲ့သည့်အားလျှော်စွာKDHWမှဤရွှေ့လျားဆေးပေးခန်းများကိုကျေးရွာ၃၅စုကျန်းမာရေးစောင့်ရှောက်မှုစင်တာများအဖြစ်ပြောင်းလဲခဲ့ကာပိုမိုဝေးလံသောနေ
ရာများသို့ဆေးမှူးများသွားလာရန်အတွက်လုပ်ငန်းလည်ပတ်မှုကိုကိုယ်ထိလက်ရောက်ခြေစိုက်လုပ်ကိုင်နိုင်ရန်ဖြစ်သည်။“ဝေးလံတဲ့နေရာဒေသတွေမှာကျွန်တော်တို့ဆေးပေးခန်းတချို့ဆောက်လုပ်
ခဲ့ပါတယ်၊တခြားကျေးရွာများအတွက်ဗဟိုဌာနတစ်ခုအဖြစ်နဲ့လုပ်ဆောင်ပေးဖို့အတွက်ကျေးရွာများဆီကိုကျွန်တော်တို့ပြောင်းရွှေ့လာတာဖြစ်ပါတယ်”
ကျေးရွာစုကျန်းမာရေးစောင့်ရှောက်မှုစင်တာများသည်ခုခံအားနည်းခြင်း၊ငှက်ဖျားရောဂါကုသမှု၊အဟာရဓာတ်အစီအစဉ်များနှင့်စိတ်ဒဏ်ရာပြုစုစောင့်ရှောက်ရေးစသည်တို့အပါအဝင်ရှေ့မျက်နှာ
စာအခြေစိုက်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကိုလုပ်ဆောင်ပေးကာသုံးထောင်ငါးရာနှင့်ငါးထောင်ကြားရှိလူဦးရေတစ်ဦးချင်းစီကိုဝန်ဆောင်မှုပေးနေသည်။ရွှေ့ပြောင်းလှည့်လည်ဖို့မတော့
သည့်အတွက်လုပ်ငန်းတွင်အကျိုးကျေးဇူးများရှိလာသော်လည်းပစ္စည်းအထောက်အပံ့များတိုးတက်မှုနှေးကွေးနေကာကျန်းမာရေးအကျိုးရလဒ်များသည်အားရစရာမကောင်းပဲဖြစ်နေသည်။
ကရင်ပြည်နယ်ရှိအစိုးရနှင့်အလှမ်းဝေးသောနေရာများအတွက်အဓိကကျန်းမာရေးပံ့ပိုးသူများအဖြစ်KDHWမှတရားဝင်အသိအမှတ်ပြုခွင့်ရရန်ကြိုးပမ်းနေကာမီးဖွားခြင်းစောင့်ရှောက်ပေးမှုများ၊
ငှက်ဖျားရောဂါတိုက်ဖျက်ရေးများနှင့်သောက်သုံးရေဖြန့်ဖြူးပေးရန်အတွက်အခွင့်အရေးများတိုးတက်လာခြင်းများစသည်ကဲ့သို့အခြေခံအဆောက်အအုံစီမံကိန်းများပါအဝင်အမျိုးမျိုးသောလှုပ်ရှား ဆောင်ရွက်မှုများကိုအစိုးရနှင့်အတူပူးပေါင်းဆောင်ရွက်ရန်လိုလားကြသည်။
ဆက်သွယ်ရေးကိုပံ့ပိုးဆောင်ရွက်ပေးရန်အတွက်ကရင်ပြည်နယ်မြို့တော်ဖြစ်သောဘားအံမြို့တွင်မကြာသေးမီကရုံးခွဲတစ်ခုဖွင့်လှစ်ခဲ့သည်။အစိုးရအလုပ်လုပ်သူများထက်ပိုမိုများပြားသည့်အသေး
စိတ်သင်တန်းအတွေ့အကြုံရှိသောKDHWဆေးမှူးများအတွက်တရားဝင်အသိအမှတ်ပြုမှုရရန်လည်းကြိုးပမ်းနေသည်။
ပြည်နယ်အဆင့်စေ့စပ်ဆွေးနွေးမှုသည်အလွန်အပြုသဘောဆောင်နေသည်ဟုဂျီးဂျီးမှပြောဆိုလိုက်သည်၊သို့သော်လည်းတကယ်စစ်မှန်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့အာဏာကတော့ဗဟိုအစိုးရမဟုတ်
သည့်ဒေသန္တရအစိုးရလက်ထဲမှာမရှိပေ။“သတင်းအချက်အလက်အားလုံးကိုပြည်ထောင်စုကျန်းမာရေးအဆင့်ဆီကိုသူတို့အနေနဲ့ပို့ဖို့လိုအပ်ပါတယ်၊နောက်ပြီးတော့တကယ်လို့ပြည်ထောင်စုကျန်း မာရေးအဆင့်ကကျွန်တော်တို့ရှေ့ဆက်လုပ်ဆောင်နိုင်တယ်လို့ပြောရင်ကျွန်တော်တို့လုပ်ဆောင်ပါမယ်”ဟု၎င်းမှပြောခဲ့သည်။
KDHWမှနယ်စပ်အခြစိုက်အဖွဲ့အစည်းများမှရန်ပုံငွေများရရှိနေစဉ်ရန်ကုန်အခြေစိုက်အလှူရှင်များထံမှရန်ပုံငွေများကိုငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုများနှင့်ယင်းနှင့်ပက်သက်သည့်ရန်ပုံငွေခွဲဝေ
ပေးမှုများကိုလုပ်ဆောင်ပေးသောအစိုးရ၏မြန်မာငြိမ်းချမ်းရေးစင်တာမှတဆင့်ယခုအခါလက်ခံရရှိနိုင်ပြီဖြစ်သည်။
KDHWအနေဖြင့်အပြောင်းအလဲများကိုကြိုဆိုလိုက်သည်၊သို့သော်လည်းတစ်ခုမှအပြည့်အဝနေရာကျမှုမရှိသေးပေ။“ငြိမ်းချမ်းရေးကိုတည်ဆောက်တဲ့အခါမှာအရာအားလုံးကိုကျင့်သားရဖို့လိုအပ်
ပါတယ်”ဟုဂျီးဂျီးမှပြောခဲ့သည်။“အနည်းဆုံးတော့အခုအခါကျွန်တော်တို့လမ်းကြောင်းပေါ်ရောက်နေပါပြီ။ကျွန်တော်တို့အစိုးဆီကိုတိုက်ရိုက်သွားလို့မရနိုင်ရင်တောင်မှအစိုးနဲ့ကျွန်တော်တို့ကြားပူး ပေါင်းဆောင်ရွက်မှုထားရှိတဲ့ငြိမ်းချမ်းရေးစင်ရာကနေတဆင့်ကျွန်တော်တို့သွားနိုင်ပါပြီ”။နောက်ဆုံးတွင်မူKDHWသည်အစိုးရထံမှရန်ပုံငွေတိုက်ရိုက်လက်ခံရရှိမည်ဟု၎င်းမှယုံကြည်သည်၊မည်သို့ ဆိုစေကာမူ“ငြိမ်းချမ်းရေးသဘောတူညီမှုလက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှစေ့စပ်ဆွေးနွေးဖို့လုပ်တာပိုမိုကောင်းမွန်ပါတယ်”။
ယခုထိKDHWနှင်အစိုးရကြားအပြုသဘောဆောင်သည့်ရှေ့ဆက်ဆောင်ရွက်မှုများသည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အနာဂတ်အတွက်ခြေအနေပြောင်းလဲတိုးတက်လာသည်ကိုပြသသည့်အနေဖြင့်
လုပ်ဆောင်သွားမည်ဖြစ်သည်။“အစိုးရနဲ့KNUနောက်ထပ်အစည်းအဝေးလုပ်ဖို့ကိုကျွန်တော်တို့မျှော်လင့်ပါတယ်။ဒါဟာကျွန်တော်တို့အတွက်အလွန်ကိုပဲအရေးကြီးပါတယ်၊အနာဂတ်မှာကျွန်တော်
တို့လူထုအတွက်လုပ်ဆောင်နိုင်ဖို့ပဲဖြစ်ပါတယ်”ဟုဂျီးဂျီးမှပြောခဲ့သည်။“တစ်နှစ်မှာဒီလုပ်ဆောင်မှုတွေရဲ့တိုးတက်မှုတွေဟာအရမ်းကိုပဲကြာပါတယ်၊ဒါပေမယ့်မြန်မာနိုင်ငံမှာ၂၀၁၅ကျရင်ဘယ်လိုအ ရာတွေဖြစ်လာမယ်ဆိုတာကိုကျွန်တော်တို့ကြည့်ကြည့်ရပါအုံးမယ်”။