နောက်ထပ်ဆွေးနွေးမှုများမေလယ်တွင်ပြုလုပ်မည်

...

နောက်ထပ်ဆွေးနွေးမှုများမေလယ်တွင်ပြုလုပ်မည်

S.H.A.N News, 28 Apr 2014

URL: http://www.bnionline.net/index.php/news/shan/16958-next-round-of-talks-to-be-moved-to-mid-may.html
တစ်နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးအတွက်တိုင်းရင်းသားဘက်မှNCCTနှင့်အစိုးရဘက်မှUPWCတို့သည်မေလလယ်ပိုင်းတွင်ပြန်လည်တွေ့ဆုံဆွေးနွေးမည်ဟုသိရှိရသည်။တိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့အစည်းများကြားဆွေးနွေးညှိနှိုင်းမှုလိုအပ်နေသေးသည့်အတွက်ကြောင့်ဖြစ်သည်ဟုမြန်မာငြိမ်းချမ်းစင်တာမှဦးလှမောင်ရွှေကပြောသည်။

“တိုင်ရင်းသားက်နက်ကိုင်အဖွဲ့တစ်ဦးချင်းစီမှာဆွေးနွေးတိုင်ပင်တာလိုအပ်နေသေးတယ်။နောက်တိုင်းရင်းသားက်နက်ကိုင်တပ်ဖွဲ့ညီလာခံကျင်းပဖို့လိုသေးတယ်လို့NCCTကပြောတယ်။ဒါကြောင့် နောက်ဆွေးနွေးပွဲကမေလလယ်လောက်ရွှေ့သွားနိုင်တယ်”။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့်၂၀၁၃ခုနှစ်အောက်တိုဘာလ(၃၀)မှနိုဝင်ဘာလ(၂)ရက်နေ့အထိကချင်လွတ်လပ်ရေးတပ်မတော်ဌာနချုပ်လိုင်ဇာမြို့၌ပထမအကြိမ်၊၂၀၁၄ခုနှစ်ဇန်န ဝါရီလ(၂၀မှ၂၅)ရက်နေ့ထိကရင်အမျိုးသားအစည်းအရုံးလော်ခီးလာ၌ဒုတိယအကြိမ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအုပ်စုများညီလာခံကိုပြုလုပ်ပြီးဖြစ်သည်။တတိယအကြိမ်ညီလာခံ ကို“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်UWSAနှင့်အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု-ရှမ်းပြည်အရှေ့ပိုင်းNDAA-ESSမိုင်းလားတပ်ဖွဲ့တို့ပါဝင်လာနိုင်စေရန်တရုတ်နယ်စပ်၌
ပြု လုပ်မည်ဟုသတင်းများထွက်ပေါ်ခဲ့သည်။သို့သော်NCCTအနေဖြင့်မည်သည့်နေရာ၌ပြုလုပ်မည်ကိုကြေငြာခြင်းမရှိသေးပေ။

ဧပြီလ၅ရက်မှ၈ရက်နေ့ရန်ကုန်၌တွေ့ဆုံစဉ်အစိုးရကိုယ်စားလှယ်များနှင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကိုယ်စားလှယ်များတစ်နိုင်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကိုပူးတွဲရေးဆွဲ
ခဲ့သည်။သို့သော်အများဖတ်ရှုလေ့လာအဆင်သင့်မဖြစ်သေးဟုဆို၏။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစေ့စပ်ညှိနှိုင်းရေးအသင်းNCCTနှင့်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီUPWCတို့တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအတွက်(၇)
ကြိမ်တွေ့ဆုံခဲ့ပြီဖြစ်သည်။

၁။၂၀၁၃နိုဝင်ဘာလ(၄-၅)ရက်တွင်မြစ်ကြီးနားမြို့။
၂။၂၀၁၃၊ဒီဇင်ဘာလ(၂)ရက်၊ရန်ကုန်မြို့။
၃။၂၀၁၃၊ဒီဇင်ဘာလ(၁၂-၁၃)ရက်၊ရန်ကုန်မြို့။
၄။၂၀၁၃၊ဒီဇင်ဘာလ(၂၉)ရက်၊ချင်းမိုင်မြို့။
၅။၂၀၁၄၊ဇန်နဝါရီလ(၂၉)ရက်၊ချင်းမိုင်မြို့။
၆။၂၀၁၄၊မတ်လ(၉-၁၀)ရက်၊ရန်ကုန်မြို့။
၇။၂၀၁၄၊ဧပြီလ(၅-၁၀)ရက်၊ရန်ကုန်မြို့တို့ဖြစ်သည်။

သို့သော်လည်းယနေ့တိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သောကချင်လွတ်လပ်ရေးတပ်မတော်KIA၊သျှမ်းပြည်တပ်မတော်SSPP/SSA ၊RCSS/SSAနှင့်အစိုးရစစ်တပ်တို့ ကြားတိုက်
ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။