အစိုးရနှင့်ကေအိုင်အိုတွေ့ဆုံမည်

...

အစိုးရနှင့်ကေအိုင်အိုတွေ့ဆုံမည်

Democratic Voice of Burma, 29 Apr 2014

URL: http://www.dvb.no/news/kio-proposes-restarting-peace-talks-burma-myanmar/40062
ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)မှတွေ့ဆုံဆွေးနွေးရန်ကမ်းလှမ်းချက်ကိုပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကလက်ခံလိုက်ပြီးမေ(၁၉)ရက်နေ့မတိုင်ခင်တွေ့ဆုံမယ်
လို့ပြောဆိုလိုက်ပါတယ်။

ဧပြီ၂၉ရက်နေ့တွင်ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)မှမေလ(၁၀)ရက်နေ့တွင်ကချင်ပြည်နယ်မြစ်ကြီးနားမြို့၌ညှိနှိုင်းတွေ့ဆုံရန်ကမ်းလှမ်းခဲ့သည်။ဤကမ်းလှမ်းချက်ကိုအစိုးရဘက်ကလက်ခံ ကြောင်းမြန်မာငြိမ်းချမ်းရေးစင်တာမှဦးလှမောင်ရွှေကပြောဆိုပြီးတွေ့ဆုံဆွေးနွေးမယ့်ရက်ကိုညှိနှိုင်းနေတယ်လို့ဆိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကတိုင်းရင်းသားအဖွဲ့တွေနဲ့ဖွဲ့စည်းထားသည့်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ)နှင့်မေလ(၁၉)ရက်
နှင့်(၂၀)ရက်နေ့တွင်တွေ့ဆုံမှာဖြစ်ပြီးထိုရက်မတိုင်မီကေအိုင်အိုနှင့်တွေ့ဆုံမယ်ဟုဆိုသည်။

“လွန်ခဲ့တဲ့နှစ်ရက်ကစာလက်ခံရရှိတော့အကြောင်းပြန်ထားတယ်။ဝန်ကြီးဦးအောင်မင်းတို့တော့ပိုသိနိုင်တယ်။ဒီနေ့လည်းမေဒေးနေ့ဖြစ်နေတော့နောက်ရက်တွေမှာအကြောင်းပြန်မှာပါ။ရက်ကတော့
အန်စီစီတီနဲ့မတိုင်ခင်ဖြစ်မှာပါ။အန်စီစီတီက(၁၉)ရက်နဲ့(၂၀)ရက်နေ့ပါ။

လက်ရှိကချင်ပြည်နယ်နဲ့ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေမှာတင်းမာမှုတွေဖြစ်လာနိုင်သလိုတစ်နိုင်ငံလုံးအပစ်
အခတ်ရပ်စဲရေးဆွေးနွေးမှုကိုအရှိန်အဟုန်မပျက်ဆွေးနွေးလိုတာလို့ကေအိုင်အိုဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်ကပြောဆိုထားပါသည်။

ဆွေးနွေးပွဲကိုကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်မစ္စတာဗီဂျေနန်ဘီးယား၊တရုတ်ပြည်သူ့သမ္မတနိုင်ငံကမစ္စတာဝမ်ရင်ဖန်၊ယူအန်အက်ဖ်စီ(UNFC)ခေါင်းဆောင်တွေနဲ့တစ်နိုင်ငံလုံးအ
ပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်ရေးအဖွဲ့(NCCT)အဖွဲ့တို့ကိုဖိတ်ကြားသွားမယ်လို့ဝန်ကြီးဦးအောင်မင်းဆီကေအိုင်အိုကပေးပို့တဲ့စာမှာဖော်ပြထားပါတယ်။

ကေအိုင်အိုအဖွဲ့သည်အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနဲ့ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှာတဖက်နှင့်တဖက်အပစ်အခတ်တွေထပ်မံမဖြစ်အောင်ထိန်းချုပ်ဖို့အစိုးရနဲ့သဘောတူညီခဲ့ကြပြီး
တိုက်ပွဲတွေငြိမ်သက်နေရာကနေဧပြီလဆန်းပိုင်းမှစ၍နှစ်ဖက်အကြားတိုက်ပွဲတွေဆက်တိုက်ပြန်ဖြစ်ခဲ့သည်။

ဒီတိုက်ပွဲတွေဟာလည်းအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ပထမမူကြမ်းရရှိပြီးနှစ်ရက်အကြာမှာဖြစ်ပွားခဲ့သည်။ မေလ(၁)ရက်နေ့
၊သမ္မတမိန့်ခွန်းတွင်ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးကော်မတီနှင့်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့တို့ဆွေးနွေးရရှိခဲ့သည့်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းကိုအခြေခံပြီးမကြာမီကာလမှာတစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုချုပ်ဆိုရမှာဖြစ်ပြီးတိုင်းရင်းသားတွေကိုကတိပြုထားတဲ့အတိုင်းလက်နက်ကိုင်
ပဋိပက္ခတွေကိုနိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေးအဖြေရှာနိုင်တော့မည်ဟုပြောဆိုထားသည်။