တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှမြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများဆက်လက်လုပ်ဆောင်မည်

...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှမြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများဆက်လက်လုပ်ဆောင်မည်

RFA, 29 Apr 2014

URL: http://www.rfa.org/english/news/myanmar/talks-04292014182523.html
တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှုအဆိုပြုခဲ့မှုအောက်၌တင်စီးသောအခြေအနေများသပ်သပ်ရှိသော်လည်းလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များသည်တစ်နိုင်ငံလုံးဆိုင် ရာအပစ်အခတ်ရပ်စဲရေးအတွက်ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုနောက်လတွင်အစိုးရနှင့်တွေ့ဆုံရန်သဘောတူညီခဲ့ဖြစ်သည်။

အစည်းအဝေးကိုမေလတတိယပတ်တွင်ရန်ကုန်မြို့၌ကျင်းပမည်ဖြစ်သည်ဟုတိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့၁၂ဖွဲ့၊ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီမှအဖွဲ့ဝင်အား လုံးကိုကိုယ်စားပြုထားသည့်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအဖွဲ့ကိုယ်စားလှယ်တစ်ဦးဖြစ်သောနိုင်ဟန်သာမှပြောခဲ့သည်။

နောက်လတွင်ပြုလုပ်မည်ဖြစ်သောဆွေးနွေးမှုများတွင်အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးမှုတိုးတက်ရေးဖြစ်စဉ်များကိုနှောင့်နှေးစေသည့်သဘောထားမတိုက်ဆိုင်မှုများကိုအစိုးရနှင့်
အတူပြေလည်အောင်ဖြေရှင်းမည်ဖြစ်သည်။

ပြီးခဲ့သောလတွင်NCCTနှင့်အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့မှတစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးပထမမူကြမ်းအကြမ်းတစ်စောင်ကိုသဘောတူညီမှုရရှိခဲ့သည်ဟုပြောဆိုခဲ့ပြီး
၎င်းကိုအပြီးသတ်ရန်အတွက်မေလဒုတိယပတ်တွင်ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ပြီးခဲ့သောအစည်အဝေးတွင်စစ်တပ်ဘက်မှတောင်းဆိုခဲ့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ၎င်းတို့၏တပ်များကိုဖျက်သိမ်းပေးရန်လိုအပ်ခြင်းအပါအဝင်အဆိုပြုထားခဲ့သည့်အခြေအနေ
ခြောက်ခုကိုနိုင်ဟံသာမှတနင်္လာနေ့တွင်သတိပေးခဲ့ကာထိုအရာများသည်နောက်လတွင်စီ စဉ် ထားသည့်ဆွေးနွေးများမှုများကိုဖျက်ပစ်နိုင်သည်ဟုသတိပေးပြောကြားခဲ့သည်။

NCCTမှဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအဆိုပြုခြင်းအပေါ်သံသယဖြစ်မှုကိုလည်းဖော်ပြခဲ့ကာထိုအရာသည်တိုင်းရင်းသားများ၏အခြေအနေများကိုပိုမိုခွန်အားရှိလာသင့်သည်ဟုဆိုသည်။ဆွေး နွေးမှုများကိုစီစဉ်ထားသည့်အတိုင်းရှေ့ဆက်သွားဖြစ်သော်လည်းအစိုးရမှဘာအခြေအနေတွေကိုပြောင်းလဲဖို့ဆန္ဒရှိလဲဆိုတာကိုဦးတည်ပါလိမ့်မယ်ဟုအင်္ဂါနေ့တွင်နိုင်ဟံသာမှပြောကြားခဲ့သည်။

“အပစ်အခတ်ရပ်စဲရေးပြီးတဲ့နောက်ပိုင်းမှာအာမခံချက်ရှိသောနိုင်ငံရေးဆွေးနွေးမှုများကိုခပ်စိတ်စိတ်လုပ်လာမည်ဖြစ်တာကြောင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတွေမှာဒီအချက်တွေထည့်
သွင်းဆွေးနွေးဖို့ကျွန်တော်တို့စီစဉ်ထားပါတယ်”ဟုပြောခဲ့သည်၊

NCCTသည်တိုင်းရင်းသားအဖွဲ့များအား၂၀၀၈ခုနှစ်စစ်အစိုးရရေးဆွဲထားသောအခြေခံဥဒေမူကြမ်းကိုလိုက်နာရန်စစ်တပ်မှ၎င်းတို့အပေါ်အတင်းအကြပ်တိုက်တွန်းမှုအခြေအနေများကိုလိုက်နာ
လိမ့်မည်မဟုတ်ကြောင်းနိုင်ဟံသာမှပြောခဲ့သည်။