စည်းလုံးရေးအတွက်ယုံကြည်မှုကအဓိကဖြစ်ကြောင်းသျှမ်းခေါင်းဆောင်များပြောကြား

...

စည်းလုံးရေးအတွက်ယုံကြည်မှုကအဓိကဖြစ်ကြောင်းသျှမ်းခေါင်းဆောင်များပြောကြား

S.H.A.N News, 05 May 2014

URL: http://www.bnionline.net/index.php/news/shan/16981-shan-meeting-to-comply-with-peoples-call-for-unity.html
တစ်ဖွဲ့နှင့်တစ်ဖွဲ့စည်းလုံးညီညွတ်ရေးတည်ဆောက်ရာတွင်ယုံကြည်မှုသည်အဓိကဖြစ်ကြောင်းသျှမ်းပြည်ညီညွတ်ရေးကော်မတီCSSU၏၆လပတ်အစည်းအဝေး၌သျှမ်းခေါင်းဆောင်များကပြော
ဆိုလိုက်ကြသည်။

သျှမ်းပါတီ၂ပါတီ၊သျှမ်းပြည်တပ်မတော်၂ဖွဲ့၊လူမှုအသင်းအဖွဲ့များနှင့်ဖွဲ့စည်းထူထောင်ထားသည့်သျှမ်းပြည်ညီညွတ်ရေးကော်မတီCommittee for Shan State Unity(CSSU)၏၆လပတ်အ
စည်အဝေးကိုမေလ(၁)ရက်နှင့်(၂)ရက်နေ့တို့တွင်ထိုင်းမြန်မာနယ်စပ်တစ်နေရာ၌ပြုလုပ်ခဲ့ရာအဖွဲ့အစည်းကိုယ်စားလှယ်များနှင့်ဖိတ်ကြားထားသူများ(၇၀)ကျော်တက်ရောက်ခဲ့သည်။

အစည်းအဝေး၏အဓိကရည်ရွယ်ချက်မှာစည်းလုံးရေး၊အစိုးရနှင့်နိုင်ငံရေးဆွေးနွေးရန်အတွက်ဖြစ်သည်ဟုဆိုသည်။သျှမ်းပြည်သူများစစ်ဘေးစစ်ဒဏ်၊ဆင်းရဲဒုက္ခအတွင်းမှလွတ်မြောက်ရန်စည်း
လုံးရေးအထူးလိုအပ်သည်ဖြစ်ရာCSSUသည်စည်းလုံးရေးအတွက်ဖြစ်ပြီးပြည်သူများဆင်းရဲတွင်းမှလွတ်မြောက်ရန်လှေကားထစ်တစ်ထစ်ဖြစ်ကြောင်းသျှမ်းပြည်တပ်မတော်RCSS/SSA ဥက္ကဌ
ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ကဆိုသည်။

“စည်းလုံးရေးအတွက်ယုံကြည်မှုကအဓိကကျတယ်။ယုံကြည်မှု၊နားလည်မှု၊အသိအမှတ်ပြုမှုရှိရင်စည်းလုံးရေးဟာအောင်မြင်မယ်။ပြောသလိုလုပ်ပြီးပြောသလိုစဉ်းစားတွေးခေါ်မယ်ဆိုရင်လိုချင် တဲ့စည်းလုံးရေးကိုလည်းရနိုင်တယ်။ဝေဖန်ပြစ်တင်ပြောဆိုတာဟာစည်းလုံးရေးကိုပြိုကွဲစေတယ်။စည်းလုံးမှုနဲ့အလှမ်းဝေးစေတယ်။စည်းလုံးရေးမှာအမြင်မတူတာပြဿနာမဟုတ်ဘူး။အခြေခံမူ
တူဖို့ပဲအရေးကြီးတယ်။”

စည်းလုံးရေးတည်ဆောက်ရာမှာမည်သို့စည်းလုံးကြမည်၊မည်သည့်လုပ်ရပ်များသည်စည်းလုံးမှုမရှိနိုင်သည်ဟုထောက်ပြနိုင်ပါကပြုပြင်ရန်လွယ်ကူမည်ဖြစ်ကြောင်း၊တူညီသည့်အချက်မှစ၍စည်း လုံးရေးကိုတည်ဆောက်ယူရမှာဖြစ်ကြောင်း၊မတူသည့်အချက်မှစပါကစည်းလုံးရေးကိုမည်သည့်အခါမှတည်ဆောက်နိုင်မှာမဟုတ်ကြောင်းPyidaungsu Institute မှမန်နေဂျင်းဒါရိုက်တာဦးခွန် စိုင်းကပြောလိုက်သည်။

“ဘယ်လိုပဲစိတ်တူကိုယ်တူလို့ပဲပြောပြောကိုယ်ကတူအောင်လုပ်နိုင်ပေမယ့်စိတ်ကတူအောင်ဘယ်လိုမှမလုပ်နိုင်ဘူးဆိုတဲ့သဘာဝတရားကိုနားလည်ထားပြီးတဖွဲ့နဲ့တဖွဲ့ညှိနှိုင်းဆွေးနွေးရမယ်။ဒါမှပန်း တိုင်ကိုအရောက်လှမ်းနိုင်မယ်။စည်းလုံးဖို့ယုံကြည်ချက်ကအဓိကဖြစ်တယ်။ယုံကြည်ချက်ကမတူနိုင်ပေမယ့်နီးစပ်ပါစေ။အချင်းချင်းယုံကြည်မှုရှိဖို့လိုအပ်တယ်။စည်းလုံးရေအတွက်ညှိနှိုင်းမှာပါ၊စိတ်မ ပူပါနဲ့ဟုSNLD အထွေထွေအတွင်းရေးမှူးစိုင်းညွှန့်လွင်ကပြောပါသည်။”

CSSU ၏၆ပတ်အစည်းအဝေး၌စည်းလုံးရေးအပြင်အစိုးရနှင့်နိုင်ငံရေးဆွေးနွေးမည့်ကကိစ္စ၊အိမ်ထောင်စုစာရင်းကောက်ယူမှု၊ပြည်တွင်း-ပြည်ပနိုင်ငံရေးအကြောင်းဆွေးနွေးခဲ့ကြသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီCSSUကို၂၀၁၃ခုနှစ်အောက်တိုဘာလ၁၅ရက်နေ့၌SNLD၊SNDP၊RCSS/SSA၊SSPP/SSA နှင့်လူမှုအဖွဲ့အစည်းများကပူးပေါင်းဖွဲ့စည်းထူထောင်ခဲ့သည်။