ပုဒ်မ ၄၃၆ ပြင်ဆင်ရေး NLD လက်မှတ်စုဆောင်းမည်

...

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး NLD လက်မှတ်စုဆောင်းမည်

Irrawaddy News, 05 May 2014

URL: http://www.irrawaddy.org/burma/nld-88-generation-hold-rallies-nationwide-campaign-constitutional-reform.html
လာမည့်မေလ(၁၇)ရက်နေ့တွင်ရန်ကုန်မြို့၍ကျင်းပမည့်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၃၆)ပြင်ဆင်ရေးဟောပြောပွဲမှာတက်ရောက်လာသူတွေရဲ့ဆန္ဒသဘောထားလက်မှတ်တွေကိုအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်တွေကကောက်ခံသွားမယ်လို့သိရပါတယ်။

ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာယနေ့ကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာရန်ကုန်တိုင်းဒေသကြီး(၄၃)မြို့နယ်မှအန်အယ်လ်ဒီလူငယ်ကိုယ်စားလှယ်တွေကဆုံးဖြစ်ခဲ့တာဖြစ်ကြောင်းရန်ကုန်တိုင်းလူငယ်ညီ
လာခံကျင်းပရေးကော်မရှင်အတွင်းရေးမှူးကိုအေးနိုင်ကအခုလိုပြောပါတယ်။

“ဒီ(၁၇)ရက်နေ့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့၈၈ပွင့်လင်းတို့ပူးပေါင်းဆောင်ရွက်မယ့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလက်မှတ်ရေးထိုးပွဲတွေမှာဝိုင်းဝန်းဆောင်ရွက်မှာပေါ့၊ဖွဲ့စည်းပုံပြင်ဆင်
ရေးဟောပြောပွဲမှာလူအင်အားလုံခြုံရေးတာဝန်ယူမယ်၊ကျန်တဲ့လူငယ်တွေအားလုံးကအဲ့ဒီ့မှာတက်ရောက်မယ်လက်မှတ်ရေးထိုးပွဲနဲ့ပက် သက်လို့အဖွဲ့ချုပ်ကအဆင့်ဆင့်တာဝန်ပေးအပ်မှုအတိုင်း​ပြည် သူလူထုကိုဆွေးနွေးပြီးတော့ဒီလက်မှတ်တွေရအောင်ကောက်ယူမှာပါ။”

မေလ(၁၇)ရက်နေ့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နဲ့၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့အစည်းမှမင်းကိုနိုင်တို့ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်တဲ့ပုဒ်မ(၄၃၆)ကို
ဘာကြောင့်ပြင်ဆင်ဖို့လိုအပ်ကြောင်းဟောပြောမှာဖြစ်ပါတယ်။

ထိုဟောပြောပွဲကိုရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ဗိုလ်စိန်မှန်ကွင်းမှာမနက်(၉)နာရီမှ(၁၀)နာရီခွဲအထိတစ်နာရီခွဲကြာကျင်းပမှာဖြစ်ပါတယ်။

အလားတူမန္တလေးမြို့မှာလည်းမေလ(၁၈)ရက်နေ့မှာဒေါ်အောင်ဆန်းစုကြည်နဲ့မင်းကိုနိုင်တို့ကပုဒ်မ(၄၃၆)ပြင်ဆင်ရေးလူထုဟောပြောပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။