ကေအဲန်ယူတာဝန်ရှိသူများမှဒေါ်အောင်ဆန်းစုကြည်နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကြောင်းဆွေးနွေး

...

ကေအဲန်ယူတာဝန်ရှိသူများမှဒေါ်အောင်ဆန်းစုကြည်နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကြောင်းဆွေးနွေး

KIC News, 22 May 2014

URL: http://www.bnionline.net/index.php/news/kic/17031-knu-officials-meet-and-discuss-peace-process-with-aung-san-suu-kyi.html
ရန်ကုန်မြို့တွင်မေလ(၉)ရက်နေ့၌ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်ဒုတိယဥက္ကဌနော်စီဖိုးရာစိန်ခေါင်းဆောင်သောကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ကိုယ်စားလှယ်များမှဒေါ်အောင်ဆန်း
စုကြည်နှင့်တွေ့ဆုံကာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကြောင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးအတွင်းတွင်မြန်မာဒီမိုကရေစီပါတီခေါင်းဆောင်ဒေါ်စုနှင့်ကေအဲန်ယူကိုယ်စားလှယ်များသည်ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ်တွင်အမြင်ခြင်းဖလှယ်ခဲ့ကြသည်။“ကျွန်မတို့ဒေါ်စုနဲ့တွေ့
ဆုံတာဟာသမာရိုးကျတွေ့ဆုံတာပါ၊ဒါပေမယ့်ရှေ့ဆက်ဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးလုပ်စဉ်များအပေါ်မှာလူတိုင်းရဲ့ကွဲပြားတဲ့ကဏ္ဍတွေနဲ့နေရာယူမှုတွေဟာအရေးကြီးပါတယ်ဒါမှကျွန်မတို့စစ်မှန်
တဲ့ငြိမ်းချမ်းရေးနဲ့တန်းတူညီတူအခွင့်အရေးကိုရမှာပဲဖြစ်ပါတယ်။ငြိမ်းချမ်းရေးချမ်းရေးလုပ်စဉ်တွေမှာကျွန်မတို့ရင်ဆိုင်ရမယ့်အခက်အခဲတွေကိုဒေါ်စုနဲ့အတူကျွန်မတို့ယူဆချက်တွေကိုမျှဝေခဲ့ပါတယ်။”

ဒေါ်စုမှသူမစိုးရိမ်မှုများကိုထုတ်ဖော်ပြောဆိုခဲ့ခြင်း၊အကြံဉာဏ်ပေးခြင်းနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ပူးပေါင်းဆောင်ရွက်မှုများဘယ်လိုခိုင်မာအောင်ပြုလုပ်မလဲဆိုတာကိုဆွေး
နွေးခဲ့ကြသည်ဟုနော်စီဖိုးရာစိန်မှပြောခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင်ပဒိုစောသမိန်ထွန်း၊ပဒိုစောမြမောင်၊ပဒိုစောလှထွန်း၊ပဒိုစောလစ္စတန်နှင့်ကရင်အမျိုးသမီးအစည်းအရုံးအဖွဲ့ဝင်ဖြစ်သည့်နော်ဘလူးမင်းနိုက်ဇန်တို့ပါဝင်သည်။ရန်ကုန်တွင်နေထိုင် သောစောထူးကပေါ်မှNLD ခေါင်းဆောင်များနှင့်KNU ခေါင်းဆောင်များအကြားအစည်းအဝေးသည်နိုင်ငံရေးအဖွဲ့အစည်းနှစ်ခုအတွင်းကြီးမားသည့်နားလည်မှုများပြုလုပ်နိုင်ခဲ့သည်ဟုပြောခဲ့သည်။